လိုတိုရှင်းအကြောင်း
✓
ယုံကြည်ရသော အချက်အလက်
♡
မိသားစုအတွက် အထောက်အပံ့
▣
လွယ်ကူရှင်းလင်းသော ဖော်ပြချက်
အကြောင်းအရာ
ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်နှင့် ခံယူချက်များ
Lotoshinn Digital Healthcare Platform သည် မြန်မာနိုင်ငံရှိ အမျိုးသမီး၊ မိခင်နှင့် ကလေးများအတွက် ဒစ်ဂျစ်တယ်နည်းပညာကို အဓိကထား အသုံးပြုသည့် ကျန်းမာရေးပညာပေးပလက်ဖောင်း တစ်ခုဖြစ်ပြီး Lotoshinn Co., Ltd. မှ တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အမျိုးသမီးများ၊ မိခင်များနှင့် ကလေးငယ်များကို အဓိက ဦးတည်၍ လူထုအကြား လူနေမှုဘဝနှင့် အပြုအမူပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားထုတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကျန်းမာရေးနှင့် ပတ်သက်သည့် မေးခွန်းများရှိလာသည့်အခါတိုင်း အမျိုးသမီးများနှင့် မိခင်များ ပထမဆုံး သတိရအားထားရသည့် ယုံကြည်စိတ်ချရဆုံးသော ဒစ်ဂျစ်တယ် ကျန်းမာရေး ပလက်ဖောင်းတစ်ခု ဖြစ်လာစေရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အနေဖြင့် အနယ်နယ်အရပ်ရပ်ရှိ လူမှုအသိုင်းအဝိုင်းများအတွက် မှန်ကန်တိကျပြီး လက်လှမ်းမီနိုင်သော ကျန်းမာရေး အသိပညာနှင့် ဝန်ဆောင်မှုများ ပေးစွမ်းခြင်းဖြင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပထဝီဝင်အနေအထားအရ ဖယ်ကြဉ်ခံရမှု (Digital and Geographical Exclusion) ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားပါသည်။ ပုံမှန် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများက အများအားဖြင့် လျစ်လျူရှုထားလေ့ရှိသည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသော စာတတ်မြောက်မှုနည်းပါးသည့် အမျိုးသမီးများ၊ မိခင်များနှင့် ကလေးငယ်များအတွက် တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှု (Health Equity) ရရှိစေရန် ကျွန်ုပ်တို့က အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါသည်။