အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!
လှေကားတက်ဖို့ ပျင်းနေတုန်းလား... နှလုံးကျန်းမာစေဖို့ဆိုရင် လှေကားအတက်အဆင်း လုပ်ပေးပါ။ ဓာတ်လှေကားတွေ စက်လှေကားတွေ စီးမယ့်အစား လှေကားကိုပဲ အသုံးပြုပါ။ ဒါက သင်ထင်ထားတာထက် ပိုကျန်းမာစေနိုင်ပါတယ်။ လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!မကြာသေးခင်က American Journal of Cardiovascular Drugs ကထုတ်ဝေခဲ့တဲ့ ကြီးမားတဲ့ လေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိရတာက ပုံမှန်လှေကားအတက်အဆင်းလုပ်တဲ့သူတွေက နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို ပုံမှန်ထက် ၃၉% အထိလျှော့ချပေးနိုင်ပြီး အခြားသော ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း ၂၄%အထိလျှော့ချပေးနိုင်တယ်ဆိုတာပါ။ ဒါတွေအပြင် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာနဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းတာတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။“နေ့စဉ်တိုင်းမှာ လှေကားအတက်အဆင်း ပုံမှန်လုပ်ဖြစ်တာက အသက်ရှည်ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။”လို့ သုတေသီတွေက ဆိုပါတယ်။ လေ့လာမှုအတွင်း လေ့လာမှုကို ၉ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး အသက် ၃၅ နှစ် ကနေ ၈၄ နှစ်ကြားရှိသူ ၄၈၀၀၀၀ ဦးကို လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုမှာပါဝင်သူတွေထဲမှာမှ ပုံမှန် လှေကားတက်လေ့ရှိသူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချ ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လှေကားတက်တဲ့ အလေ့အထကို ၁၄ နှစ်ကြာ လိုက်နာသူတွေက ခဏတာ လိုက်နာသူတွေထက် အသက်ပိုရှည်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။တစ်နေ့မှာ ၆ ခေါက်ထက် မနည်း လှေကားအတက်အဆင်း ပုံမှန်လုပ်နေသူတွေက ကျန်းမာရေးကောင်းကျိုး ပိုများများရတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေကို ထပ်မံ လုပ်ဆောင်ဖို့ လိုပါဦးမယ်။ လှေကားအတက်အဆင်းက နှလုံးကျန်းမာရေးကို ကောင်းကျိုးများသလား!လှေကားအဆက်အဆင်းလုပ်တာက အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု လုပ်သလိုပါပဲ နှလုံးခုန်နှုန်းကို မြန်စေသလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပုံမှန် လှေကားအတက်အဆင်းလုပ်တာက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်သလို သွေးတွင်းအဆီကို ကျစေပြီး ကိုယ်အလေးချိန်ထိန်းညှိနိုင်ဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ပုံမှန် လှေကားအတက်အဆင်း လုပ်ပေးတာက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။လှေကား အတက်အဆင်းလုပ်တာ များရင်များသလောက် ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့လည်း အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါကလည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာတစ်ရပ်ပါပဲ။အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို လှေကားအတက်အဆင်းလုပ်တာ အပါအဝင် တစ်ပတ်တာမှာ ကိုယ်လက်လှုပ်ရှားမှုကို မိနစ် ၁၅၀ ထက်မနည်း လုပ်ဆောင်ဖို့ လိုပါမယ်။ မလုပ်နိုင်ဘူးဆိုရင် တစ်ပတ်ကို ၇၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။ ကြွက်သားတွေ သန်မာစေဖို့ အတွက် တစ်ပတ်ကို ၂ ရက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင်ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်တာ နေ့စဉ်တိုင်းမှာ လှေကားအတက်အဆင်းလုပ်ပေးတာက နှလုံးသွေးကြော တွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ရော အသက်ရှည်စေဖို့ပါ ထောက်ကူပေးနိုင်လို့ လှေကားအတက် အဆင်း လုပ်ဖို့လိုမယ်ဆိုရင် စက်လှေကား ဓာတ်လှေကားတွေကို မသုံးဘဲ တတ်နိုင်သမျှ ရိုးရိုးလှေကားကိုပဲ သုံးဖို့ အကြံပြုလိုက်ပါရစေ။
အသံဝင်တာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!
လည်ချောင်းနာ ဖျားနာမှုတွေအပြီး အသံဝင်သွားတာက အတော်လေး နေရခက်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖျားသက်သာလာပေမယ့် ဆက်လက်ခံစားနေရဆဲဖြစ်တဲ့ လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။အသံဝင်တာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!အဖျားအပြီး ကျန်ခဲ့တဲ့ လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေဖို့ဆိုရင် ဆေးသောက်တာအပြင် အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ အသံကို အနားပေးပါလည်ချောင်းနာတာကို သက်သာစေပြီး အသံဝင်တာကိုပါ သက်သာစေဖို့ဆိုရင်တော့ အရင်ဆုံးလုပ်ရမယ့် အချက်က အသံအိုးနဲ့ အသံကြိုးတို့ကို အနားပေးဖို့ပါ။ ဒီလို အနားပေးလိုက်မှသာ လည်ချောင်းအတွင်းနံရံ ရောင်တာ၊ အသံအိုးနဲ့ အသံကြိုးရောင်တာတွကို သက်သာစေမှာပါ။ ဒါကြောင့် အသံဝင်နေတဲ့ကာလအတွင်းမှာ အသံကို အနားပေးထားဖို့ လိုပါမယ်။ စကားတွေ အများကြီးပြောတာ၊ အသံကျယ်စွာ အော်ဟစ်ပြောတာမျိုးတွေ မလုပ်ပါနဲ့။ လေချွန်တာမျိုးကိုလည်း ရှောင်ပါ။အရည်များများသောက်ပါအသံဝင်နေပြီဆိုရင်တော့ ရေများများ သောက်တာအပြင် ရေနွေးခပ်နွေးနွေးလေးကို သောက်ပါ။ စွပ်ပြုတ်လိုမျိုး အရည်နွေးနွေးလေးကို သောက်ပါ။ ဒီလိုလုပ်ပေးတာက အသံအိုးရောင်ရမ်းတာ လည်ချောင်းအတွင်းသားတွေ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ပျားသံပုရာရည်သောက်ပါပျားရည်၊ သံပုရာရည်နဲ့ ဆားအနည်းငယ် ရေနွေးနွေးတို့ကို ရောစပ်ထားတဲ့ ပျားသံပုရာရည်ကို ခပ်နွေးနွေး အခြေအနေမှာ သောက်ပေးတာက အသံဝင်တာကို သက်သာစေသလို လည်ချောင်းနာတာကိုလည်း သက်သာစေမှာပါ။ ဆားရည်ငုံပေးပါဆားရည်နွေးနွေးငုံပေးတာက လည်ချောင်းနဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ရောင်ရမ်းမှုတွေကို သက်သာစေပြီး အသံဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနဲ့ တစ်နေ့ကို (၃) ကြိမ်လောက် ငုံပေးပါ။ ကဖင်းတွေကို ရှောင်ပါကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်တွေကိုလည်း ရှောင်ပါ။ အသံဝင်နေချိန်မှာ ကဖင်းပါတာတွေကို စားသောက်တာက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး အသံဝင်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတာတွေကို မသက်သာမချင်း ရှောင်ထားဖို့ လိုပါမယ်။ရေနွေးငွေ့ ရှူပေးပါရေနွေးငွေ့ရှူပေးတာက လည်ချောင်းတွင်းရောင်ရမ်းတာကို သက်သာစေသလို အသံဝင်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသံဝင်နေပြီဆိုရင်တော့ ရေနွေးငွေ့ရှူပေးပါ။ငုံဆေး ငုံပေးပါငုံဆေးလေး ငုံပေးတာကလည်း အသံဝင်တာကိုရော လည်ချောင်းနာတာကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ငုံဆေးလေး ငုံပေးပါ။ဆေးလိပ် နဲ့ ဆေးလိပ်ငွေ့ရှောင်ပါဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေက လည်ချောင်းနာတာ၊ အသံဝင်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသံဝင်နေပြီဆိုရင်တော့ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။ဆေးလိပ်နဲ့ Vapes ရှောင်ပါအသံဝင်ပြီး လည်ချောင်းနာနေချိန်မှာ ဆေးလိပ်နဲ့ vapes ကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။ အယ်လ်ကိုဟောရှောင်ပါအယ်လ်ကိုဟောတွေကို အများကြီးသောက်တာက ကိုယ်တွင်းရေဓာတ်ကို ခမ်းခြောက်စေသလို လည်ချောင်းနာတာနဲ့ အသံဝင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အသံဝင်နေပြီး လည်ချောင်းနာနေချိန်မှာ အယ်လ်ကိုဟောကို ရှောင်ပါ။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။လည်ချောင်းနာပြီး အသံဝင်နေတာကို သက်သာစေဖို့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင်အဖျားပျောက်ပြီး လည်ချောင်းနာတာ၊ ချောင်းဆိုးတာနဲ့ အသံဝင်တာတွေကျန်ခဲ့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေတွေကို သက်သာစေဖို့အတွက် အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။

အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခု
အခုတလော နေရာတကာမှာ ကြားနေရတာက ချောင်းသံလေး တဟွတ်ဟွတ်နော်။ ဒီလို ချောင်းဆိုးတာက အလုပ်ထဲ အာရုံစိုက်ဖို့ ခက်သလို တစ်ရက်ထက်တစ်ရက် ပိုကြာလာလေလေ ရင်ဘတ်တွေပါအောင့်တာ အိပ်ရေးတွေပါ ပျက်တာမျိုးကိုပါ ခံစားရပြီး လူကတစ်နေ့တာလုံးမှာ နုံးချိပြီး ခြေကုန်လက်ပမ်းကျ နေတတ် ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ဖျားပြီးလို့ ကျန်နေတဲ့ ချောင်းဆိုးတာလေး သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဖျားတာသက်သာပြီး ချောင်းဆိုးကျန်တာ ဘာကြောင့်လဲ!ဖျားတာ သက်သာပြီးတာတောင် ဘာလို့ချောင်းဆိုးနေရသေးတာလဲဆိုတော့ ဖျားနာမှုဖြစ်ရတာက အသက်ရှူလမ်းကြောင်းကနေ ဗိုင်းရပ်စ်တွေ ဝင်ရောက်ကူးစက်တာကြောင့်ဖြစ်ရတာပါ။ ဒီလိုအခြေအနေမှာ တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ရတဲ့ အသက်ရှူလမ်းကြောင်းက ရောင်ရမ်းမှုတွေကို ခံစားခဲ့ရပြီး အဖျားသက်သာသွားတဲ့အထိ ဆက်လက်ရောင်နေတာမျိုး ဖြစ်နေတာကြောင့် ချောင်းဆိုးက အဖျားပျောက်ပေမယ့် ကျန်နေခဲ့ရတာပါ။နောက်တစ်ချက်ကတော့ အာရုံကြောဆဲလ်လေးတွေက ပုံမှန်ထက် ပိုပြီး sensitive (တုံ့ပြန်လွယ် မြန်ဆန်မှု)ဖြစ်သွားတာကြောင့်လည်း ချောင်းဆိုးတာက ဆက်ပြီး ကျန်နေခဲ့တာပါ။ ဖျားနာစဉ်က ချွဲသလိပ်တွေ လည်ချောင်းထဲရောက်လာတာ၊ နှာစေးတာကြောင့် နှာရည်နောက်ပြန်စီးပြီး လည်ချောင်းထဲ ရောက်တာမျိုးတွေ ကြောင့်လည်း အဖျားသက်သာပြီးချိန်မှာ ချောင်းဆိုးတာက ကျန်နေခဲ့တာပါ။ ဒါကိုတော့ ဖျားနာမှုကူးစက်ခံရပြီးချိန်မှာ ခံစားရတဲ့ ချောင်းဆိုးတာလို့ ခေါ်ပါတယ်။ အဖျားပျောက်ပြီး ၂ ပတ်ကနေ ၈ ပတ်လောက်အထိ ချောင်းဆိုးတာက ကျန်နေနိုင်ပါတယ်။အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခုအဖျားပျောက်သွားပေမယ့် ကျန်ခဲ့တဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်တိုင်းမှာ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိသလို သက်သာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။ ချောင်းဆိုးသက်သာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာစရာအဖျားပျောက်သွားတာတောင် ကျန်နေခဲ့တဲ့ ချောင်းဆိုးတာ သက်သာစေဖို့ဆိုရင် နေ့စဉ်ဘဝမှာ အခုလို အချက်လေးတွေကို သတိထား လိုက်နာစေချင်ပါတယ်။ရေလုံလောက်အောင် သောက်ပါရေဓာတ်ပြည့်ဝနေမှုက ကိုယ်ခံအားကို အားဖြည့်ပေးသလို အသက်ရှူလမ်းကြောင်းတလျှောက်ကိုလည်း အစိုဓာတ်ရစေနိုင်တာကြောင့် ချောင်းဆိုးတာကို အတိုင်းအတာ တစ်ခုအထိ သက်သာစေမှာပါ။အသံကျယ်ကျယ် မအော်ပါနဲ့အသံကျယ်ကြီးနဲ့အော်တာ၊ စကားကျယ်ကျယ်ပြောတာတွေကလည်း ချောင်းဆိုးတာကို သက်သာဖို့ အချိန်ကြာစေပြီး ချောင်းဆိုးသက်သာဖို့ ရက်ကြာစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေပြီဆိုရင် အသံကျယ်ကျယ် မအော်ပါနဲ့။ဆေးလိပ်မသောက်ပါနဲ့ချောင်းဆိုးနေချိန်မှာ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့နဲ့ ထိတွေ့တာက ချောင်းဆိုးတာကို ပိုပြင်းထန်စေ နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်ပါနဲ့။ အဆီများတာတွေ မစားပါနဲ့အဆီများတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေက ချောင်းဆိုးတာကို ပိုဆိုးစေနိုင်တာကြောင့် ချောင်းဆိုးနေတယ်ဆိုရင် အဆီများတာတွေကို တတ်နိုင်သမျှရှောင်ပါ။ရေခဲနဲ့ အအေးခံထားတဲ့ အစားအစာတွေရေခဲရေအပါအဝင် အချိန်ကြာမြင့်စွာ အအေးခံ အေးခဲထားတဲ့ အစားအစာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုပါမယ်။ဒီအချက်လေးတွေကို သေချာလေး လိုက်နာမယ်ဆိုရင် အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုးတာကို သက်သာစေမှာပါ။အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခုအခုဆက်ပြီးတော့ အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ အဖျားပျောက်ပြီးနောက်ကျန်ခဲ့တဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင်တော့ ချောင်းဆိုးပျောက်ဆေး သောက်တာနဲ့အတူ အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ ခပ်နွေးနွေးအရည်လေးတွေ သောက်ပါရေနွေးကြမ်းကစလို့ ခပ်နွေးနွေးသောက်စရာလေးတွေ သောက်ပေးတာက လည်ချောင်းယားတာကိုရော ချောင်းဆိုးတာကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ချင်း(ဂျင်း) ရေနွေးကြမ်း၊ ပျားသံပုရာရည်နွေးနွေးလေးနဲ့ ရေကျက်အေးခပ်နွေးနွေးလေးကို သောက်ပေးလို့ ရပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်ပေးလို့လည်း ရပါတယ်။ရေနွေးငွေ့ရှူပေးပါအဝကျယ်ကျယ်ဇလုံထဲကို ပွက်ပွက်ဆူထားတဲ့ ရေနွေးကို လောင်းထည့်ပေးပြီး ထိုက်သင့်တဲ့ အကွာအဝေးကနေ ရေနွေးငွေ့ရှူပေးပါ။ ဒီလိုလုပ်ပေးတာက အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ဒီနေရာမှာ သတိပေးချင်တာက အရမ်းပူနဲ့နေရနွေးကို ရေနွေးငွေ့ ရှူဖို့အတွက် မသုံးဖို့ပါ။ အရမ်းပူတဲ့ ရေနွေးက အသက်ရှူလမ်းကြောင်းထဲက တစ်ရှူးလေးတွေကို ထိခိုက်စေနိုင်လို့ပါ။အစိုဓာတ်ထိန်းစက်ဖွင့်ပါမိမိနေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးတာက အသက်ရှူလမ်းကြောင်းကို အစိုဓာတ်ရစေပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးပါ။ဆားရည်နဲ့ အာလုပ်ကျင်းပါရေနွေးနွေးထဲကို အိမ်သုံးဆား စားပွဲတင်ဇွန်း တစ်ဇွန်းထည့်မွှေပြီး ခပ်နွေးနွေး အခြေအနေမှာ အာလုပ်ကျင်း ပေးပါ။ ဒီလို လုပ်ပေးတာက အသက်ရှူလမ်းကြောင်း တလျှောက်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေး နိုင်သလို ချွဲသလိပ်တွေထွက်စေပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။ နာနတ်သီးဖျော်ရည်သောက်ပါနာနတ်သီးလေးကို ပျားရည်နည်းနည်း၊ ချင်း(ဂျင်း) နည်းနည်း၊ ဆားလှော်လေးနည်းနည်း၊ သံပုရာသီးလေး နည်းနည်းညှစ်ထည့်ပြီး ဖျော်ပေးပါ။ ဒီဖျော်ရည်လေးကို ရေခဲမထည့်ဘဲ သောက်ပေးလို့ ရပါတယ်။ ဒီလိုသောက်ပေးတာက ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီနည်းလမ်းလေးတွေထဲက အဆင်ပြေဆုံး နည်းလမ်းလေးတွေနဲ့ အဖျားပြီးလို့ ကျန်ခဲ့တဲ့ချောင်းဆိုးတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင်ချောင်းဆိုးတာက ချောင်းဆိုးပျောက်ဆေးလည်း သောက်နေသလို အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေးလိုက်လုပ်နေပေမယ့်လည်း ချောင်းဆိုးတာက လျော့သွားတာမျိုး သက်သာသွားတာမျိုး မရှိတာ၊ ပိုဆိုးလာတာမျိုးဖြစ်လာမယ်။ ၃ ပတ် ကနေ ၄ ပတ်လောက်အထိကို ဆက်တိုက်ချောင်းဆိုးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးကုသမှု ခံယူစေချင်ပါတယ်။