ရင်သွေးငယ်များအား အကောင်းဆုံး ပျိုးထောင်စို့
ကလေးယူဖို့ပြင်ဆင်ချိန်မှစ၍ ဆယ်ကျော်သက်အရွယ်အထိ ရင်သွေးများ၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်အတွက် လိုအပ်သော အသိပညာနှင့် လမ်းညွှန်ချက်များ။
ကလေးယူဖို့ပြင်ဆင်ခြင်း
ကျန်းမာသောကိုယ်ဝန်ဆောင်မှုအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ။
↗ ဖွံ့ဖြိုးမှုအဆင့်ဆင့်
ကျန်းမာရေးစစ်ဆေးခြင်း
ကိုယ်ဝန်မဆောင်မီ ဇနီးမောင်နှံနှစ်ဦးစလုံး ဆရာဝန်နှင့်တိုင်ပင်၍ ကျန်းမာရေးစစ်ဆေးပါ။
အာဟာရ
ဖော်လစ်အက်ဆစ် (Folic Acid) ကြိုတင်သောက်သုံးခြင်းနှင့် အာဟာရပြည့်ဝစွာစားသုံးပါ။
မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း
မိသားစုအတွင်း မျိုးရိုးဗီဇဆိုင်ရာ ရောဂါရာဇဝင်များကို ကြိုတင်စစ်ဆေးပါ။
နေထိုင်မှုပုံစံ
ကျန်းမာသော ကိုယ်အလေးချိန် ရှိစေရန်နှင့် ဆိုးသွမ်းသောအလေ့အထများကို စွန့်လွှတ်ရန် ပြင်ဆင်ပါ။
မွေးကင်းစမှ ၂ နှစ်
ရင်သွေးငယ်၏ အစောပိုင်းဖွံ့ဖြိုးမှုနှင့် ဂရုစိုက်မှုများ။
↗ ဖွံ့ဖြိုးမှုအဆင့်ဆင့်
ရုပ်ပိုင်းဆိုင်ရာ
မှောက်ခြင်း၊ ထိုင်ခြင်း၊ လေးဖက်သွားခြင်းနှင့် လမ်းစလျှောက်ခြင်း။
အာရုံခံစားမှု
အသံနှင့်အရောင်များကို စတင်မှတ်မိလာခြင်း။
ဉာဏ်ရည်ဖွံ့ဖြိုးမှု
ပတ်ဝန်းကျင်ကို စတင်စူးစမ်းလာပြီး အရာဝတ္ထုများကို ကိုင်တွယ်သင်ယူခြင်း။
ကာကွယ်ဆေး
အခြေခံကာကွယ်ဆေးများကို သတ်မှတ်ထားသော အချိန်ဇယားအတိုင်း အပြည့်အဝထိုးနှံပါ။
မွေးကင်းစမှ ၂ နှစ် ဆောင်းပါးများ
ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်သလဲ!
ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြက်မှုအတွက် အရေးပါတဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စဆင်တယ်ဆိုတာကို သိပါရဲ့လား! ဒီအကြောင်းလေးကို မေမေတိုင်း သေချာလေး သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်သလဲ! ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြက်မှုအတွက် အရေးပါတဲ့ Gut-Brain Axis က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ခင် မိခင်လောင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေက ပုံဖော်ပေးတာပါ။ အူလမ်းကြောင်း ကျန်းမာရေးက မျိုးအောင်နိုင်စွမ်း၊ ဘေဘီလေးနဲ့ မေမေရဲ့ ကိုယ်ခံအား နဲ့ ဘေဘီလေးရဲ့ အစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးနိုင်ပါတယ်။ မေမေဖေဖေ တော်တော်များများသိထားမိနိုင်တာက ဘေဘီလေးတွေရဲ့ Gut-Brain Axis က မွေးဖွားပြီးချိန်မှ စတင်ဖြစ်ပေါ်တယ်လို့ပေါ့။ တကယ်ကတော့ ဘေဘီလေးရဲ့ အူလမ်းကြောင်းနဲ့ ဦးနှောက်အကြားမှာ ချိတ်ဆက် နေတဲ့ Gut-Brain Axis က ဘေဘီလေးက မေမေ့ရဲ့ ဗိုက်ထဲမှာ သန္ဓေမအောင်ခင်ကတည်းက မိခင်လောင်းရဲ့ ဗိုက်ထဲမှာ စတင်ဖြစ်ပေါ်နေပါပြီ။ အူလမ်းကြောင်းတလျှောက်က အကျိုးပြုဘက်တီးရီးယားတွေက ပင်မအာရုံကြောမကြီးကနေတဆင့် ဟော်မုန်းတွေကို ထိန်းညှိဖို့၊ ရောင်ရမ်းမှုတွေကို အချက်ပြဖို့နဲ့ အာရုံကြောဆဲလ်လေးတွေ အချက်ပြဖို့ လုပ်ဆောင်ပေးပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက အကျိုးပြုဘက်တီးရီးယား ရှင်သန်ပေါက်ဖွားနိုင်စေဖို့ ထောက်ကူပေးနိုင်မယ်ဆိုရင် ကိုယ်တိုင်ကျန်းမာစေဖို့ရော ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်တဲ့ အစောဆုံးသော ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးပေးနိုင်မှာပါ။ ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်တယ်ဆိုတာကို သိပါရဲ့လား![/caption] ဘေဘီလေးရဲ့ Gut-Brain Axis က ဘာတွေလုပ်ပေးလဲ! အူလမ်းကြောင်းထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေက စိတ်ခံစားမှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ ဦးနှောက် ကောင်းစွာဖွံ့ဖြိုးစေဖို့အတွက် သန္ဓေသားအနေနဲ့ အာရုံကြောမကြီး စတင်ဖြစ်ပေါ်ချိန်ကတည်းက အကျိုးပြုဘက်တီးရီးယားတွေက ထောက်ကူပေးတာပါ။ အကျိုးပြုဘက်တီးရီးယားတွေကို ဘေဘီလေးရဲ့ ပထမဆုံး လေ့ကျင့်သင်ကြားမှု စနစ်တစ်ရပ်ပါ။ ဒီအကျိုးပြုဘက်တီးရီးယားတွေကပဲ ကိုယ်ခံအားစနစ်ကို ဘေးကင်းစေဖို့နဲ့ စိတ်ဖိစီးမှုကို ကောင်းမွန်စွာ တုံ့ပြန်နိုင်စေဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးကျန်းမာစေဖို့ ထောက်ကူပေးတာပါ။ အကျိုးပြုဘက်တီးရီးယား → ကိုယ်ခံအားစနစ် → ဦးနှောက် အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်ခံအားစနစ်ကို ၇၀ % အထိ ထောက်ကူပေးထား တာပါ။ ဘေဘီလေးရဲ့ ပင်မအာရုံကြောစနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာရုံခံဆဲလ်လေးတွေကို ချိတ်ဆက်ပေးတယ် အူလမ်းကြောင်းက ဆီရီုတိုနင်ဟော်မုန်း ၉၀% ကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းတွေက ကိုယ်ဝန်ဆောင် ချိန်မှာ စိတ်ခံစားမှု ကောင်းမွန်စေဖို့နဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီအချက်တွေကပဲ ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာဟာရစုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးတယ် ပြီးပြည့်စုံတဲ့ စားသောက်မှုပုံစံကတင် မဟုတ်ဘဲ အကျိုးပြုဘက်တီးရီးယားတွေ လုံလောက်စွာ မရှိတာကလည်း သံဓာတ်စုပ်ယူနိုင်စွမ်းကို ထိခိုက်စေပြီး ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေဖို့လည်း ထောက်ကူပေးပါတယ်။ လေ့လာမှုအရ သိရတာက ဘေဘီလေးက မေမေ့ဆီကနေ အကျိုးပြုဘက်တီးရီးယားတွေကို ကိုယ်ဝန်ဆောင် ချိန်၊ မွေးဖွားချိန် နဲ့ အစောပိုင်း အစားစစားချိန်တွေကနေတဆင့် ဆက်ခံရရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယား တွေက အူလမ်းကြောင်းကိုတင် ကျန်းမာစေဖို့ မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးစေဖို့ရော ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်စေဖို့ ဘယ်လို လုပ်ဆောင်လို့ရမလဲ! ကိုယ်ဝန်မဆောင်ခင်ကတည်းက အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်စေဖို့ ဆိုရင် - ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ရမယ့် ပရိုဘိုင်အိုတစ်တွေကို သောက်ပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အကျိုးပြုဘက်တီးရီးယားတွေကို ထောက်ကူပေးနိုင်မယ့် ပရိုဘိုင်အိုတစ်ပါတဲ့ ဖြည့်စွက်အာဟာ ရတွေကို ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး သောက်ပေးပါ။ ဒီလို သောက်ပေးတာက စိတ်ခံစားမှု ကောင်းစေဖို့နဲ့ အစာအိမ်အူလမ်းကြောင်းကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပေးပါ - အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေက အစာအိမ် အူလမ်းကြောင်း ကျန်းမာစေဖို့ရော အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ပါ ထောက်ကူပေးနိုင် ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝ ပိုးသတ်ဆေးတွေကို မသောက်ပါနဲ့ - ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်ဘဲ ပဋိဇီဝ ပိုးသတ်ဆေးတွေကို မသောက်ပါနဲ့။ မဖြစ်မနေ သောက်ဖို့ လိုမယ်ဆိုရင်လည်း ပရိုဘိုင်အိုတစ်နဲ့ တွဲသောက်ပါ။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပေးပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး၊ လမ်းလျှောက်တာ၊ အိပ်ရေးဝဝ အိပ်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက အကျိုးပြုဘက်တီးရီးယားတွေ ဟန်ချက်ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အယ်လ်ကိုဟော နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ - ဒီအစားအစာတွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေရဲ့ ဟန်ချက်ညီမှုတွေကို အနှောင့်အယှက် ဖြစ်စေနိုင်လို့ ကိုယ်ဝန်ဆောင်ဖို့ စစီစဉ်ချိန်ကတည်းက တတ်နိုင်သမျှ ရှောင်ပါ။ Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ကိုယ်တွင်းမှာ ကောင်းကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်စေဖို့အတွက် ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပေးတာက မွေးလာမယ့်ကလေးတွေကို အကောင်းမွန်ဆုံးသော လက်ဆောင်ပေးလိုက်တာပါပဲ။ အကျိုးပြုဘက်တီးရီးယားတွေက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စဉ်လေးရဲ့ အစပြုမှုပါ။ Gut-Brain Axis က အစာခြေစနစ်ပေါ်ကိုတင် သက်ရောက်တာ မဟုတ်ဘဲ ဦးနှောက်ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီလိုမျိုး ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြက်တဲ့ ဘေဘီလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေဖို့ ထောက်ကူပေးတဲ့ Gut-Brain Axis က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ခင် အစောပိုင်းကာလကတည်းက စတင်နေတာပါ။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သေချာလေးပြင်ဆင် ဂရုစိုက်ကြဖို့ အကြံပြုလိုက်ပါရစေ။
မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း
အရင့်အရင်ကာလတွေကတော့ ကလေးတစ်ယောက် ဉာဏ်ကောင်းဖို့ဆိုရင် မျိုးရိုးဗီဇက အရေးကြီးတယ်လို့ပဲ သတ်မှတ်ထားခဲ့ကြတာပါ။ ဒါပေမယ့် တိုးတက်လာတဲ့ ခေတ်အလျောက်မှာ လုပ်ဆောင်လာခဲ့တဲ့ လေ့လာမှုတွေ အရ သိလာရတာက ကလေးတစ်ယောက် ဉာဏ်ကောင်းစေဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ဆိုတဲ့နေရာမှာ မျိုးရိုးဗီဇက ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်နေတာဖြစ်ပြီး Gut-Brain Axis ရဲ့ ပါဝင်မှုနဲ့ ပျိုးထောင်မှုက အတော်လေးကို သက်ရောက်နေတယ်ဆိုတာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ထက်မြက်တဲ့ ဘေဘီလေးအဖြစ် ကြီးပြင်းလာစေဖို့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ Gut-Brain Axis အကြောင်းလေးကို မေမေတို့ ဗဟုသုတ ရစေဖို့ မျှဝေပေးလိုက်ပါတယ်။ ဘေဘီလေးရဲ့ Gut-Brain Axis ဆိုတာ ဘာလဲ! Gut-Brain Axis ဆိုတာကို နားလည်လွယ်အောင် ပြောပြရရင်တော့ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်အကြားက အချိန်အဆက်လေးတစ်ခုပေါ့။ ဘယ်လို ချိတ်ဆက်နေလဲဆိုရင်တော့ ဘေဘီလေး စားသုံးတဲ့ အစားအစာတွေက ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ ဘေဘီလေးရဲ့ အာရုံခံစားနိုင်စွမ်း၊ စိတ်ခံစားမှုတို့အပေါ်မှာ လွှမ်းမိုးနေတဲ့ အာရုံကြောဆဲလ်လေးတွေ၊ ကိုယ်ခံအားနဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ အတွက် ထောက်ကူအားဖြည့်ပေး နေတာပါ။ ကျန်းမာရေအတွက် ညီညွတ်အောင် စားသုံးတာက ဦးနှောက် အပါအဝင် ဘက်စုံကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပြီး အာဟာရ ပြည့်ဝစုံလင်မှု အားနည်းမယ်ဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေမှာပါ။ ဒါကြောင့် အတိုချုပ်ပြောရရင် ဘေဘီလေးတစ်ယောက် ကျန်းမာထက်မြက်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ ထောင့်စေပအောင် လုပ်ဆောင်ပေးတဲ့ ဖွံ့ဖြိုးမှုထောက်ကူပြုအာဟာရထောက်ပံ့မှု စနစ်တစ်ရပ်ကို Gut-Brain Axis လို့ ခေါ်တယ်လို့ ဆိုရပါမယ်။ Gut-Brain Axis အရေးကြီးသလား! ဘေဘီလေးတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာ ကောင်းစွာဖွံ့ဖြိုးပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စွာနဲ့ ကြီးပြင်းလာစေဖို့အတွက် Gut-Brain Axis က အတော်လေးကို အရေးပါပါတယ်။ အကြောင်းကတော့ ဒီစနစ်ကြီးက ကလေးရဲ့ ဦးနှောက်နဲ့ အစာခြေစနစ်အကြားမှာ အပြန်အလှန်ဆက်သွယ်ပေးထားတဲ့ ပင်မ ဆက်သွယ်ရေးလမ်းကြောင်းတစ်ရပ်ဖြစ်နေလို့ပါ။ Gut-Brain Axisက ကလေးရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ဖွားရှင်သန်စေဖို့ ထောက်ကူပေးရင်း ကလေးရဲ့ အစောပိုင်းကာလ ဦးနှောက်နဲ့ အာရုံကြောမကြီးဖွံ့ဖြိုးစေဖို့၊ ကိုယ်ခံအား ကောင်းစေဖို့၊ စိတ်ခံစားမှုကောင်းစေဖို့၊ အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်စေဖို့၊ ဟော်မုန်းစနစ် ကျန်းမာစေဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေ တိုးတက်ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးနေတာပါ။ ကလေးကို မွေးစကနေစလို့ အသက်အရွယ်အလိုက်မှာ ဖွံ့ဖြိုးလာရမယ့် ဦးနှောက်ဖွံ့ဖြိုးမှုတွေ ရရှိစေဖို့၊ စိတ်ခံစားမှုတွေနဲ့ အာရုံခံစားနိုင်စွမ်းတွေ ဖွံ့ဖြိုးစေဖို့၊ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းတွေ၊ ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းတွေကောင်းစေဖို့အတွက် ဦးနှောက်ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေတဲ့ ဆီရိုတိုနင် ဟော်မုန်းနဲ့ short-chain fatty acids (SCFAs)တို့ကို ထုတ်လုပ်ပေးနိုင်တဲ့ အူလမ်းကြောင်းတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကို တိုးပွားပေါက်ဖွားနိုင်စေဖို့ ထောက်ကူပေးပါတယ်။ မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း[/caption] မွေးစကလေးတွေမှာရော ဘယ်လိုတွေ ထောက်ကူပေးသလဲ! Gut-Brain Axisက မွေးစကလေးလေးတွေမှာဆိုရင် - ကောင်းကျိုးပြုဘက်တီးရီးယားတွေ ကောင်းစွာ လုပ်ဆောင်နိုင်စေတယ် - ဘေဘီလေး မွေးလာတဲ့အရွယ်ကနေစပြီး သူတို့လေးတွေရဲ့ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေက စတင်အလုပ်လုပ်ဆောင်လာပြီး ဆီရိုတိုနင်လိုမျိုး ဦးနှောက်ဆီကို ရောက်ရှိသတင်းပို့ အာဟာရဖြည့်တင်းရပေးမယ့် ဓာတုပစ္စည်းလေတွေနဲ့ အာရုံကြောဆဲလ်လေးတွေကို ဖြစ်ပေါ်စေဖို့ ပူညီပေးရင်း ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အသက်အရွယ်အလိုက် တိုးတက်မှုဖြစ်စဉ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ အရေးပါတဲ့ ဆက်သွယ်ရေးပင်မလမ်းကြောင်း အာရုံကြောစနစ် ကောင်းမွန်စေတယ် - Vagus အာရုံကြောမကြီးက ကိုယ်တွင်းက အချက်အလက်တွေကို သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဦးနှောက်က ထိန်းချုပ်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို သတင်းပို့ရင်း ပြန်ကြားချက်တွေကို အပြန်အလှန် ပို့ဆောင်ပေးနေတဲ့ အချက်အလက်ပေးပို့မှု ပင်မလမ်းကြောင်းပါ။ ဒီစနစ်ကြီးထဲမှာ အူလမ်းကြောင်းဆီကနေ ဦးနှောက်ဆီကို ပေးပို့စီးဆင်းနေတဲ့ သတင်းအချက်အလက်က ၉၀ % လောက်ကို ရှိနေတာပါ။ အစားစားတာ၊ ကလေးရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေနဲ့ စိတ်ဖိစီးမှုအပေါ် တုံ့ပြန်ပုံတွေ ပါဝင်နေပြီး ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ ဒီစနစ်ကို ကောင်းမွန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ကိုယ်ခံအားကောင်းမွန်စေတယ် - ဘေဘီလေးတွေ ကိုယ်ခံအားစနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့နဲ့ ကိုယ်ခံအားကောင်းပြီး ဖျားနာမှု ကင်းစေဖို့အတွက်လည်း အူလမ်းကြောင်းတွင်းက ဘက်တီးရီးယား တွေက အကောင်းဆုံး ထောက်ကူပေးနေတာပါ။ Metabolites တွေ ဖြစ်ပေါ်စေတယ် - Metabolites ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ (ဇီဝကမ္မဖြစ်စဉ်) ဆောင်ရွက်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေပဲဖြစ်တယ်။ ဒီပစ္စည်းလေးတွေက သွေးလည်ပတ်မှုစနစ်ထဲကိုရောက်ရှိပြီး မျိုးဗီဇလုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုရှိ သလို ကလေးရဲ့ အစားစားချင်စိတ်နဲ့ ဦးနှောက်ထိန်းချုပ်မှုတွေအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ကလေးရဲ့ အစောပိုင်းကာလအတွက် ဘယ်လိုတွေသက်ရောက်နေသလဲ! Gut-Brain Axisက ဘေဘီလေးရဲ့ အစောပိုင်းကာလကစလို့ ဖွံ့ဖြိုးနေတဲ့ ကာလတလျှောက်လုံးမှာ အခုလို ဖွံ့ဖြိုးမှုတွေအတွက် တာဝန်ယူဖြည့်ဆည်းပေးတာပါ။ အာရုံကြောနဲ့သိမြင်မှုပိုင်းတွေ ဖွံ့ဖြိုးစေတယ် - ကလေးတစ်ယောက်အတွက် အရေးပါတဲ့ အခြေခံကျတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အခြေခံကျတဲ့ သိမြင်မှုစွမ်းရည်နဲ့ အာရုံကြောဖွံ့ဖြိုးမှုတွေ အတွက် ထောက်ကူပေးနိုင်ပါတယ်။ စိတ်ခံစားမှုနဲ့ အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်စေတယ် - အူလမ်းကြောင်းကနေပြီး စိတ်ခံစားမှုအပေါ် လွှမ်းမိုးသက်ရောက်နေတဲ့ ဆီရိုတိုနင်ဟော်မုန်း ၉၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပြီး စိတ်ခံစားမှု ကောင်းမွန်စေဖို့နဲ့ အပြူအမူပိုင်းဆိုင်ရာ ကောင်းမွန်စွာ တိုးတက်လာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကျန်းမာရေးကောင်းစေမယ် - ကျန်းမာတဲ့ အူလမ်းကြောင်းက ရေရှည်မှာ သိမြင်မှုစွမ်းရည် ကောင်းစေ ဖို့ ထောက်ကူပေးနိုင်သလို၊ စိတ်ခံစားမှု ကောင်းစေဖို့နဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေး နိုင်ပါတယ်။ ဘေဘီလေးအတွက် ကျန်းမာစေမယ့် Gut-Brain Axis ရစေဖို့ ဘေဘီလေးအတွက် ကျန်းမာတဲ့ Gut-Brain Axis ရစေဖို့ဆိုရင် ဘေဘီလေးကို အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ပါ - မိခင်နို့က ကလေးအတွက် လုံလောက်တဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ထောက်ပံ့ပေးနိုင်တဲ့ အာဟာရအပြည့်ဝဆုံးသော အရာပါ ဒါကြောင့် ဘေဘီလေးကို မွေးစကနေ စပြီး မိခင်နို့ကို လုံလောက် ပြည့်ဝအောင် တိုက်ကျွေးပေးပါ။ အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ပေးပါ - ကလေးကို အစားစစားနိုင်တဲ့အချိန်မှာလည်း အကျိုးပြု ဘက်တီးရီးယားတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးပါ။ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ - ကလေးကို ဒိန်ချဉ်၊ ကင်မ်ချီ၊ အိမ်လုပ်ချဉ်ဖတ် စတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးပါ။ Omega-3s နဲ့ Polyphenols - ငါးတွေ၊ ဘယ်ရီသီးတွေနဲ့ သံလွင်ဆီတို့မှာ ပါဝင်နေတတ်ပြီး ဦးနှောက်ဖွံ့ဖြိုး ကျန်းမာစေဖို့ရော အူလမ်းကြောင်း ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးတစ်ယောက် ကျန်းမာဖွံ့ဖြိုးစေဖို့နဲ့ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေဖို့ဆိုရင် ကျန်းမာတဲ့ Gut-Brain Axis ရစေဖို့ လိုအပ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ပေးတာက အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။
၃ နှစ်မှ ၆ နှစ်
သင်ယူမှုစွမ်းရည်နှင့် လူမှုဆက်ဆံရေးစတင်ဖွံ့ဖြိုးလာသောအရွယ်။
↗ ဖွံ့ဖြိုးမှုအဆင့်ဆင့်
ဘာသာစကား
ဝါကျတိုများပြောနိုင်ခြင်းနှင့် မေးခွန်းများမေးမြန်းခြင်း။
လူမှုရေး
သူငယ်ချင်းများနှင့် ကစားတတ်လာခြင်း။
စိတ်ခံစားမှု
မိမိ၏ ခံစားချက်များကို စတင်ဖော်ပြလာနိုင်ပြီး သူတစ်ပါးကို ဂရုစိုက်တတ်လာခြင်း။
ကိုယ်ပိုင်လုပ်ဆောင်မှု
အဝတ်အစားဝတ်ခြင်းနှင့် အစားအသောက်များကို ကိုယ်တိုင်လုပ်ဆောင်လိုလာခြင်း။
၇ နှစ်မှ ၁၂ နှစ်
ကျောင်းပညာရေးနှင့် တာဝန်ယူမှုစတင်သင်ယူရမည့်အရွယ်။
↗ ဖွံ့ဖြိုးမှုအဆင့်ဆင့်
တွေးခေါ်မှု
ယုတ္တိဗေဒကျကျတွေးခေါ်လာနိုင်ခြင်း။
ကိုယ်ရည်ကိုယ်သွေး
ကိုယ်ပိုင်ဝါသနာနှင့် စိတ်ဝင်စားမှုများတွေ့ရှိလာခြင်း။
လူမှုဆက်ဆံရေး
အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်တတ်လာပြီး သူငယ်ချင်းများ၏ အရေးပါမှုကို သိရှိလာခြင်း။
ပညာရေးစိတ်ဝင်စားမှု
သင်္ချာ၊ သိပ္ပံနှင့် အနုပညာဆိုင်ရာ ဘာသာရပ်များကို စတင်စိတ်ဝင်စားလာခြင်း။
ဆယ်ကျော်သက်
လူပျိုဖော်အပျိုဖော်ဝင်ချိန်နှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ။
↗ ဖွံ့ဖြိုးမှုအဆင့်ဆင့်
ပြောင်းလဲမှု
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလျင်အမြန်ပြောင်းလဲခြင်း။
လွတ်လပ်မှု
မိမိကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုမိုလိုလားလာခြင်း။
ဝိသေသလက္ခဏာ
မိမိကိုယ်ကို မည်သူမည်ဝါဖြစ်သည်ကို ရှာဖွေဖော်ထုတ်လာပြီး ကိုယ်ပိုင်အမြင်များ ရှိလာခြင်း။
ဝေဖန်ပိုင်းခြားမှု
အမှားနှင့်အမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်သော အရည်အချင်း တိုးတက်လာခြင်း။