အမျိုးသမီးကျန်းမာရေး

အမျိုးသမီးကျန်းမာရေး

ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။

မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နှင့်ကလေးကျန်းမာရေးဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးနောက်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပြီး၊ ရောဂါများကိုကာကွယ်ရန်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်သည်။

အ​ထွေ​ထွေကျန်းမာ​ရေး

အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

အမျိုးသမီးကျန်းမာရေး

အမျိုးသမီးကျန်းမာရေး

ကဏ္ဍကို လေ့လာရန်
မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နှင့်ကလေးကျန်းမာရေး

ကဏ္ဍကို လေ့လာရန်
အ​ထွေ​ထွေကျန်းမာ​ရေး

အ​ထွေ​ထွေကျန်းမာ​ရေး

ကဏ္ဍကို လေ့လာရန်
သားသမီးပြုစုပျိုးထောင်ခြင်း

သားသမီးပြုစုပျိုးထောင်ခြင်း

နိုးကြားမှုနှင့် ပညာဉာဏ်တို့ဖြင့် နောက်မျိုးဆက်သစ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပါ။

လေ့လာရန်

လူကြိုက်များသော ကုန်ပစ္စည်းများ

Sponsored
Aesthetic Villa

Aesthetic Villa

AA Medical Products

AA Medical Products

Pacific Beautex

Pacific Beautex

Eposoft

Eposoft

Facia Premium Collagen

Facia Premium Collagen

အမျိုးသမီးကျန်းမာရေး

ရာသီလာချိန် ခေါင်းကိုက်တာကို သက်သာစေဖို့

ရာသီလာချိန် ခေါင်းကိုက်တာကို သက်သာစေဖို့

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရတာမျိုးရှိသလို အချို့ကလည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်း ကိုက်တာတွေကို ခံစားရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ရာသီလာတဲ့အချိန်နဲ့ ရာသီအကြိုကာလမှာ ခံစားရတဲ့ ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာတွေကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီလာချိန် ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ဘာလဲ!ရာသီလာချိန်နဲ့ ရာသီအကြိုကာလမှာ ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရတာမျိုးတွေ ရှိပါတယ်။ ရာသီလာချိန် မှာ ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရတာရဲ့ အဓိက အကြောင်းအရင်းက ကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း ကျဆင်းမှုကြောင့် ခံစားရတာပါ။ ရာသီမလာခင် အစောပိုင်းရက်တွေမှာ ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းတွေ စပြီးကျဆင်းလာပါတယ်။ အီစထရိုဂျင်ဆိုတာက မျိုးပွားစနစ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းက ဦးနှောက်ထဲမှာ ရှိတဲ့ chemical တွေအပေါ် သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်ကတော့ နာကျင်မှုကို ခံစားသိရှိတဲ့ ဦးနှောက် အစိတ်အပိုင်းကိုပါ။ ဒါကြောင့်ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်းကျဆင်းသွားချိန်မှာ ခန္ဓာကိုယ်က နာကျင်မှုကို ခံစားသိရှိလွယ်ပြီး ခေါင်းတစ်ခြမ်းကိုက်တာ ခေါင်းကိုက်တာနဲ့ ရာသီလာချိန်နာကျင်ကိုက်ခဲတာကို ဖြစ်စေနီုင်ပါတယ်။အီစထရိုဂျင်ကျဆင်းမှုနဲ့အတူ ဆီရီုတိုနင်ဟော်မုန်းကလည်း ကျဆင်းသွားပါတယ်။ ဒီအခြေအနေကပဲ နာကျင်မှုကို ဦးနှောက်က သိရှိခံစားလွယ်စေပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့  ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကို ခံစားရတာပါ။ရာသီလာချိန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ နာကျင်ကိုက်ခဲမှုတွေကို ရာသီမလာချင် ၂ ရက်နဲ့ ရာသီအစောပိုင်း ၃ ရက်လောက်အထိကို ခံစားကြရပါတယ်။ ဒီလိုကာလတွေမှာ ခံစားရတဲ့ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲတာတွေက ရာသီလာချိန်မှာဖြစ်တဲ့ ဟော်မုန်းပြောင်းလဲမှု ကြောင့် ခံစားရတာပါ။ဒီလိုရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ၊ ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ခံစားရတဲ့ အတိုင်းအတာက မတူနိုင်ပါဘူး။ အချို့တွေမှာက ဒီအခြေအနေကို ကုသဖို့ ခက်ခဲတတ်ပြီး အချို့တွေမှာတော့ သေချာလေး သက်သာအောင် မလုပ်မိဘူးဆိုရင်တော့ ၂၄ နာရီထက် ကျော်ပြီး နာကျင်ကိုက်ခဲမှုကို ခံစားနေရနိုင်ပါတယ်။ ရာသီလာချိန် ခေါင်းကိုက်တာကို သက်သာစေဖို့ ရာသီလာချိန် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင်တော့ အခုလို နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။ ရာသီစက်ဝန်းကို သေချာလေး တွက်ချက်ပါရာသီလာမယ့်ရက်ကို သေချာလေး တွက်ချက်ထားပါ။ ဒါမှ ခေါင်းကိုက်တာအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အချိန်ရမှာပါ။ ရာသီလာမယ့်ရက်ကို Period Checker လေးနဲ့ တွက်ချက်တာ၊ ဖုန်းထဲမှာ မှတ်ထားတာမျိုးတွေ လုပ်ပါ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါရာသီလာချိန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို သက်သာစေဖို့အတွက် ဘယ်ရက်တွေမှာ ခေါင်းကိုက်တာက အပြင်းထန်ဆုံးလဲဆိုတာကို သေချာလေး မှတ်ထားရင်း ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားဖို့ မမေ့ပါနဲ့။အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝအိပ်ပါအိပ်စက်ချိန်ပြောင်းတာ၊ အိပ်စက်မှုပုံစံပြောင်းလဲတာတွေ၊ အရမ်းနောက်ကျမှ အိပ်တာ၊ ပုံမှန်ထက်အိပ်လွန်းတာတွေ၊ အိပ်ချိန်နည်းလွန်းတာတွေက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်သလို ရာသီလာချိန်ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ချိန်မှန်မှန် အိပ်ဖို့ မမေ့ပါနဲ့။ရေလုံလောက်အောင် သောက်ပါရေလုံလောက်အောင်သောက်တာက ခေါင်းတစ်ခြမ်းကိုက်တာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင် ပါတယ်။ ရာသီသွေးဆင်းချိန်မှာ သွေးဆုံးရှုံးမှုနဲ့အတူ ဓာတ်ဆားဓာတ်မျှခြေပျက်မှုတွေကြောင့် ရေဓာတ် ခမ်းခြောက်မှုကို ပိုဆိုးစေသလို ရာသီလာချိန်ခေါင်းကိုက်တာနဲ့ နာကျင်ကိုက်ခဲတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၂ လီတာဖြစ်အောင် သောက်ပါ။ သွားလေရာကို ရေဘူးပါအောင် ယူဆောင်သွားပါ။ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးပါ။ဒါတွေကို လျှော့စားပါအချို့သော အစားအစာတွေက ရာသီလာချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာ၊ နာကျင်ကိုက်ခဲတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့အတွက် ဒါတွေကို လျှော့စားပါ။ကဖင်းအယ်လ်ကိုဟောအစပ်ကဲတဲ့ အစားအစာတွေပြုပြင်ထားတဲ့ အချိုတွေနို့ထွက်ပစ္စည်းတွေချောကလက်အနံ့ပြင်းတဲ့ အစားအစာတွေစိတ်ဖိစီးမှုကို လျှော့ပါစိတ်ဖိစီးမှုက ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ဆိုရင် နေ့စဉ်တိုင်းမှာ ဝင်လေထွက်လေမှတ်ရင်း စိတ်ဖိစီးမှုကို လျှော့ချပေးပါ။ အာဟာရပြည့်ဝမျှတအောင် စားပါနေ့စဉ်တိုင်းမှာ အချိန်မှန်မှန် သေချာလေး စားပေးပါ။ အစားမမှန်တာက ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေနိုင်သလို ရာသီလာချိန်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ Omega-3 Fatty Acids ကြွယ်ဝတဲ့ ငါးနဲ့ ကမာလိုအရာတွေကို စားပေးပါ။ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့နဲ့ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။Lotoshinn ရဲ့ စကားလက်ဆောင်ရာသီလာချိန်နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေကို သက်သာစေဖို့အတွက် နေ့စဉ်တိုင်းမှာ နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ရေလုံလောက်အောင်သောက်ပြီး နေ့စဉ်စားသုံးမှုမှာ အသီးအရွက်တွေ များများ ပါဝင်အောင် စားသုံးဖို့လိုပါမယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာလို့ အသားအရေပြဿနာတွေကို ပိုခံစားရတာလဲ!

အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာလို့ အသားအရေပြဿနာတွေကို ပိုခံစားရတာလဲ!

ဝက်ခြံဆိုလည်း ကိုယ်တွေအမျိုးသမီးတွေမှာပဲပိုဖြစ်တယ်။ အမျိုးသားတွေမှာလည်း ဖြစ်တယ်ဆိုပေမယ့်လေ။ တင်းတိတ်လား၊ မှဲ့ခြောက်လားဆိုလည်း ကိုယ်တွေ အမျိုးသမီးတွေမှာက ၁၀၀ မှာ ၅၀ လောက်ဖြစ်ရင်တောင် အမျိုးသားတွေမှာတော့ ၁၀၀ မှာ ၁၀ ယောက်လောက်တောင် မဖြစ်ဘူးနော်။ ဒီတော့ စဉ်းစားမိတာတစ်ခုက အမျိုးသမီးလေးတွေက ဘာလို့များ အမျိုးသားတွေထက် အလှအပကို ထိခိုက်စေတဲ့ အရေပြားပြဿနာကို ပိုခံစားရတာလဲပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ ဒီအကြောင်းလေးကို ဆွေးနွေးပေးမယ်နော်။အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာလို့ အသားအရေပြဿနာတွေကို ပိုခံစားရတာလဲ!အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အသားအရေက နည်းလမ်းမျိုးစုံနဲ့ ကွာခြားနေပါတယ်။ အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေရဲ့ အရေပြားထက် ပိုထူပါတယ်။ ဒါက အသက်အရွယ်တိုင်းမှာ ကွာခြားတာပါ။ အကြောင်းကတော့ ကျားဟော်မုန်းနဲ့ မဟော်မုန်းကွာခြားမှုတွေကြောင့် အမွေးအမျှင်ထူတာ၊ အဆီဂလင်းတွေ ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုတွေ ဂလင်းတွေ ဖွံ့ဖြိုးမှုကြောင့် အသားအရေအခြေအနေက အမျိုးသားနဲ့ အမျိုးသမီးတွေ မှာ မတူကွဲပြားနေတာပါ။ အမျိုးသမီးလေးတွေမှာဆိုရင် အရေပြားအပေါ်ယံမှာရှိတဲ့ Barrier ပြန်လည်ကောင်းမွန်ချိန်က အမျိုးသားတွေ ထက် ပိုမြန်ပါတယ်။ အနာကျက်နှုန်းလည်းမြန်သလို ပိုးဝင်ကူးစက်မှုတွေကိုလည်း ကိုယ်ခံအားက တုံ့ပြန်နိုင်မှုက ပိုအားကောင်းပါတယ်။ ခန္ဓာဗေဒနဲ့ ရုပ်ပိုင်းဆိုင်ရာ ကွာခြားမှုတွေအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ အရေပြားရောဂါတွေကို ခံစားရမယ်ဆိုရင်လည်း ပြင်းထန်မှုတွေ မတူနိုင်ပါဘူး။အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်စဉ်တွေ၊ အမွေးအမျှင်တွေပေါက်ရောက်တာ၊ ချွေးထွက်တာ၊ အဆီထုတ်လွတ်မှုပမာဏတွေ ကွာခြားသလို အရေပြားပေါ်က pH ပမာဏ၊ အဆီစုဝေးမှု၊ အဆီထွက်နှုန်းတွေ မတူကြပါဘူး။ အမျိုးသမီးတွေမှာဆိုရင် အရေပြားက ပိုပါးပြီး ဟော်မုန်းပြောင်းလဲမှုကိုလည်း မကြာခဏ ခံစားရပါတယ်။ ဒီအခြေအနေတွေကပဲ အမျိုးသမီးတွေရဲ့ အသားအရေက တုံ့ပြန်မှု လွန်ကဲပြီး အရေပြား ပြောင်းလဲမှုတွေ၊ အသားအရေ ပြဿနာတွေကို မကြာခဏ ခံဟားရတာပါ။ ဒါကြောင့်ပဲ ဘက်တီးရီးယား ကူးစက်ခံရမှုတွေမြင့်တက်နေပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေကလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများနေရတာပါ။ အမျိုးသမီးတွေက အရေပြားဓာတ်မတည့်မှုကို ခံစားရနိုင်ခြေ ပိုများသလို အရေပြားထိခိုက်လွယ်တာ၊ autoimmune ရောဂါတွေကို ခံစားရတာပါ။ အရေပြားပိုထူတယ် - အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေရဲ့ အရေပြားထက် 10% ကနေ 20% ပိုထူပါတယ်။ ဒါကြောင့် ကော်လာဂျင် သိပ်သည်းဆက ပိုကောင်းသလို သဘာဝ barrier က ပိုပြီး ကာကွယ်ပေးနိုင်တာကြောင့်  ပြင်ပက ထိတွေ့မိမှုတွေကြောင့် အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေရဲ့ အရေပြားထက် ပိုပြီး အသားအရေပြဿနာကို ခံစားရနိုင်ခြေ နည်းတာပါ။အဆီထုတ်လွှတ်မှု - အမျိုးသားတွေက အဆီထုတ်လွှတ်မှု ပိုများပြီး ချွေးပေါက်တွေက ပိုကျယ်ပါတယ်။ ဒီအခြေအနေကပဲ အရေပြားကို အဆီပြန်စေပြီး အရေပြားမှာ ခြောက်သွေ့မှုကင်းစေဖို့အတွက် သဘာဝအဆီတွေကို ပိုထုတ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ အဆီထွက်ရှိမှု နည်းတာကြောင့် အရေပြားက ခြောက်သွေ့ပြီး အသားအရေကို ထိခိုက်ခံရနိုင်ခြေက များနေတာပါ။ကော်လာဂျင် လျော့နည်းတာ - အမျိုးသမီးတွေက ကော်လာဂျင်လျော့နည်းမှုက အမျိုးသားတွေထက် ပိုမြန်သလို သွေးဆုံးခါနီးအချိန်တွေမှာလည်း အသားအရေကို ပုံမှန်ထက်ပိုမို ခြောက်သွေ့ပြီး ပါးလွှား စေဖို့ လှုံ့ဆော်ပေးပါတယ်။ဟော်မုန်းပြောင်းလဲမှု ခံစားရမှု များတာ - အမျိုးသမီးတွေက ရာသီလာချိန်မှာ၊ ကိုယ်ဝန်ဆောင်ချိန်မှာနဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီး  အမျိုးသမီးတွေရဲ့ အရေပြားပြောင်းလဲမှု တွေကို ခံစားရသလို အသားအရေမှာ ဝက်ခြံပေါက်တာကစလို့ တင်းတိတ်နဲ့ မှဲ့ခြောက်တွေကြောင့် လည်း အသားအရေပြဿနာတွေကို ခံစားရနိုင်ခြေက ပိုများနေတာပါ။Autoimmune ခံစားရနိုင်ခြေ မြင့်နေတာ - အမျိုးသမီးတွေက Autoimmune ရောဂါတွေ ခံစားရနိုင်ခြေကို မြင့်တက်စေနိုင်သလို အရေပြားရောင်ရမ်းမှုကိုလည်း ပိုဆိုးစေပါတယ်။ ဒါ့အပြင် lupus ကို ခံစားရနိုင်ခြေလည်း ပိုမြင့်တက်နေပါတယ်။အမျိုးသားတွေက ဟော်မုန်းပြောင်းလဲမှုကို ခဏခဏမခံစားရတာကြောင့် အမျိုးသမီးတွေလို အရေပြားပြဿနာတွေကို မခံစားရပေမယ့် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကို ရိတ်တာကြောင့် အရေပြားမှာ ကျိန်းစပ်စပ် ခံစားရနိုင်ခြေနဲ့ မအီမသာခံစားရနိုင်ခြေကလည်း ပိုများနေပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင်အမျိုးသမီးလေးတွေက အမျိုးသားတွေထက် ဝက်ခြံနဲ့ တင်းတိပ်၊ မှဲ့ခြောက်တွေအပြင် အခြားသော အရေပြားပြဿနာတွေကို ခံစားရနိုင်ခြေ များတယ်ဆိုပေမယ့် ပုံမှန် အသားအရေလေးကို သေချာလေး ထိန်းသိမ်းမယ်ဆိုရင်တော့ အရေပြားပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ 

မိခင်နှင့်ကလေးကျန်းမာရေး

ဆယ်ကျော်သက် သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု

ဆယ်ကျော်သက် သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု

ဆယ်ကျော်သက်အရွယ်မှာ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေ စတင်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုမှာ ရင်သားဖွံ့ဖြိုးမှုကလည်း အပါအဝင်ပေါ့။ ဒီတစ်ခေါက်မှာတော့ ဆယ်ကျော်သက် သမီးလေးတွေမှာ ဖြစ်တတ်တဲ့ ရင်သားဖွံ့ဖြိုးမှု အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဆယ်ကျော်သက် သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှုရင်သားဖွံ့ဖြိုးမှုဆိုတာက အပျိုဖော်ဝင်ချိန်ရဲ့ ပထမဆုံးသော လက္ခဏာတစ်ခုပါ။ အသက် ၈ နှစ်အရွယ်ကနေ ၁၃ နှစ်အတွင်းမှာ သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု စတင်ပါတယ်။ ဒီကာလမှာ အီစထရိုဂျင်လိုမျိုး ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက်အရွယ်မှာ ရင်သားမှာ ဖွံ့ဖြိုးမှုတွေစတင်လာပါတယ်။ ဆယ်ကျော်သက်အရွယ် အပျိုဖော်ဝင်ချိန်ကနေစလို့ ရင်သားဖွံ့ဖြိုးမှုစတင်လာပြီး ဆယ်ကျော်သက်နှောင်းပိုင်း မှာ ရင်သားဖွံ့ဖြိုးမှုက ရပ်တန့်သွားပါတယ်။ အရွယ်အစားနဲ့ ပုံသဏ္ဍာန်က တစ်ဦးနဲ့ တစ်ဦးမှာတော့ မတူနိုင်ပါ ဘူး။ ရင်သားဖွံ့ဖြိုးမှုက တစ်ဖက်နဲ့ တစ်ဖက်မတူတာကလည်း ပုံမှန်ပါပဲ။ ရင်သားစဖွံ့ဖြိုးချိန်မှာ ရင်သားကတင်းပြီးနာတာ၊ စမ်းလိုက်မိရင် အကျိတ်လို့ ယူဆရတဲ့ အစိုင်အခဲလေးတွေ ရှိနေတာ နို့သီးခေါင်းကထူလာပြီး အရောင်ရင့်လာတာတွေကို ခံစားရနိုင်ပါတယ်။ ရင်သားဖွံ့ဖြိုးမှုနဲ့အတူ နာကျင်တာ ရင်သားတင်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက ပုံမှန်ပဲလို့ ပြောချင်ပါတယ်။ ပုံမှန်ရင်သား ဖွံ့ဖြိုးမှုဆိုတာ ဘာလဲ!ရင်သားဖွံ့ဖြိုးမှုက အမျိုးသမီးတစ်ဦးရဲ့ မျိုးဆက်ပွားမှုဖြစ်စဉ်မှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ ရင်သားဖွံ့ဖြိုးမှုက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတလျှောက် တိကျတဲ့ အသက်အပိုင်းအခြား အလိုက် ဖြစ်ပေါ်တတ်ပါတယ်။ ပထမဆုံးသော ရင်သားဖွံ့ဖြိုးမှုက မိခင်ဝမ်းထဲမှာ ရှိနေတဲ့အချိန်မှာ ဖြစ်ပွားတာပါ။ နောက်တစ်ကြိမ်ကတော့ အပျိုဖော်ဝင်ချိန်မှာ ရင်သားဖွံ့ဖြိုးမှုဖြစ်ပေါ်ပါတယ်။တတိယအကြိမ်ကတော့ ကလေးမွေးဖွားခါနီးမှာပါ။ဒီကာလအပိုင်းအခြားတွေအပြင် လေဒီလေးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီလာခါနီးတွေမှာလည်း ရင်သားပြောင်းလဲတာကို ခံစားရနိုင်ပါတယ်။ လေဒီလေးတွေအနေနဲ့ သွေးဆုံးခါနီးရောက်ပြီဆိုရင်လည်း ရင်သားအရွယ်အစား ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါသေးတယ်။ရင်သားက ဘာလို့ တဖြည်းဖြည်းနဲ့ ပိုကြီးလာတာလဲ!အပျိုဖော်ဝင်ချိန်ကနေစလို့ ဆယ်ကျော်သက်အရွယ် နောက်ပိုင်းကာလရောက်လေလေ ရင်သားရဲ့ အဆီတစ်ရှူးတွေ နို့ရည်ပြုဂလင်းတွေဖွံ့ဖြိုးလာတာကြောင့်ရင်သားတွေက တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ရင်သားဖွံ့ဖြိုးမှုက အသက် ၁၇ နှစ်ကနေ ၁၈ နှစ်ရောက်ချိန်မှာ ပြီးစီးသွားပါတယ်။ လေဒီလေးတိုင်းမှာတော့ ရင်သားဖွံ့ဖြိုးမှုက စတင်တဲ့အရွယ်နဲ့ ပြီးဆုံးတဲ့အရွယ်ကတော့ တူမှာမဟုတ်ပါဘူး။ ရင်သား ဖွံ့ဖြိုးမှုဖြစ်ပေါ်နေချိန်မှာ တစ်ရှူးတွေ ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရင်သားမှာ ယားယံတာ၊ တင်းပြီးနာတာ၊ ရောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ မျိုးရိုးလိုက်ပြီး ရင်သားဖွံ့ဖြိုးမှု စတင်တဲ့ အရွယ်က တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုမလဲ!ဆယ်ကျော်သက်သမီးလေးတွေမှာ ရင်သားဖွံ့ဖြိုးမှုက အသက် ၈ နှစ်မတိုင်ခင်မှာ ရင်သားဖွံ့ဖြိုးမှု စတင်မယ်အသက် ၁၃ နှစ်ကျော်တဲ့အထိ ရင်သားဖွံ့ဖြိုးမှု မစတင်ဘူးရင်သားဖွံ့ဖြိုးမှုဖြစ်စဉ် ဖြစ်ပေးနေချိန်မှာ မခံမရပ်နိုင်အောင် နာကျင်တာ၊ ရင်သားက ခဲနေတာ၊ ပုံမှန်မဟုတ်တဲ့ အရညတွေထွက်နေတာမျိုး ခံစားရမယ်ဆိုရင်တော့ ပုံမှန်မဟုတ်ဘူးလို့ ယူဆလို့ရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင်ရင်သားပြောင်းလဲမှုတွေက လေဒီလေးတွေရဲ့ ဘဝသက်တမ်းတလျှောက်မှာ ရင်သားပြောင်းလဲမှုတွေက ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ ပထမဆုံးအနေနဲ့ ရင်သားတစ်ရှူးတွေ စတင်ဖြစ်ပေါ်ပါတယ်။ ပြီးရင်တော့ နို့ရည်ပြုဂလင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဟော်မုန်း ပြောင်းလဲမှုတွေအလိုက် ရင်သားတွေက ပြောင်းလဲလာပါမယ်။ ဒီလိုဖွံ့ဖြိုးမှုတွေ ဖြစ်ပေမယ့် အသက် ၃၅ နှစ်နောက်ပိုင်းမှာ နို့ရည်ပြုဂလင်းတွေ တဖြည်းဖြည်းကျုံ့လာပြီး ရင်သားအရွယ်အစား ပြောင်းလဲမှု စတင်ဖြစ်ပေါ်လာပါတယ်။ 

တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!

တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!

သားဆက်ခြားတာက ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးဖြစ်စေဖို့အတွက် အရေးပါတဲ့ အချက်လေးတစ်ခုပေါ့။ ဒီလိုသားဆက်ခြားတယ်ဆိုတဲ့နေရာမှာလည်း ၃ လခံထိုးဆေး၊ နေ့တိုင်းတစ်ရက်မပြတ်သောက်ရတဲ့ တားဆေး သောက်ဆေး၊ အရေးပေါ်အခြေအနေမှာ သောက်သုံးရတဲ့ အရေးပေါ်သန္ဓေတားသောက်ဆေး၊ သားအိမ်တွင်းထဲ ထည့်ရတဲ့ သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်တဲ့ (IUD)၊ လက်မောင်းတွင်းထည့်သားဆက်ခြားနည်း (Implant) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နေ့စဉ်တိုင်း သောက်သုံးရတဲ့ တားဆေး သောက်ဆေးကို သောက်ဖို့မေ့သွားရင် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ပြောပြပေးချင်တာပါ။ တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ! ဆိုတော့ မေ့သွားတဲ့ ဆေးအလုံးအရေအတွက်နဲ့ ဆေးအတန်းပေါ်မူတည်ပြီး ဘယ်လိုပြန်သောက်ရမလဲဆိုတာတော့ ကွာခြားနိုင်ပါတယ်။တစ်ရက်ပဲ မေ့သွားခဲ့တာဆိုရင် ဆေးသောက်ဖို့ ပျက်သွားတဲ့အခါ တစ်ရက်တည်းသောက်ဖို့ မေ့သွားတာ၊ တစ်လုံးပဲ သောက်ဖို့မေ့သွားဆိုရင် သတိရရချင်းမှာပဲ ချက်ချင်းဆေးတစ်လုံးကို သောက်ဖို့ လိုပါမယ်။ ပြီးရင်တော့ အဲ့ဒီရက်အတွက် သောက်ရမယ့်ဆေးကို သောက်ပါ။ ဆိုလိုချင်တာက တစ်ရက်တည်းကို တားဆေး ၂ လုံးဆင့်သောက်ရမယ့် အခြေအနေပါ။ နောက်ရက်တွေမှာတော့ ဆေးကို တစ်နေ့တစ်လုံးပဲ ပုံမှန်အတိုင်း ဆက်တိုက်သောက်သွား ပေးပါ။ နှစ်ရက် မေ့သွားတာဆိုရင်သန္ဓေတားဆေး သောက်ဆေးကို  နှစ်ရက်ဆက်တိုက်  နှစ်လုံး မေ့သွားပါက သတိရတာနဲ့ ချက်ချင်း ဆေးကို သောက်ပါ။ ပုံမှန်သောက်ရမယ့်အချိန်ရောက်ရင်လည်း ဆေးကို ပုံမှန်အတိုင်း တစ်လုံး ဆက်သောက်ပါ။ ဆေးပျက်သွားတဲ့ ရက်က များနေမယ်ဆိုရင်တော့ ဒီကာလအတွင်းမှာ အတူနေမိမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားကာကွယ်မှုတွေကို (၇) ရက် ဆက်တိုက်သုံးရမှာဖြစ်ပါတယ်။  သုံးရက် မေ့သွားတာဆိုရင်ဆေးကတ်ရဲ့ ပထမတန်း ဒါမှမဟုတ် ဒုတိယတန်းမှာ သောက်ဖို့မေ့သွားတာက ၃ ရက်နဲ့အထက် ဖြစ်နေမယ် ဆိုရင်တော့ သတိရတာနဲ့ ချက်ချင်း ဆေးကို သောက်ပါ။ ပုံမှန်သောက်ရမယ့်အချိန်ရောက်ရင်လည်း ဆေးကို ပုံမှန်အတိုင်း တစ်လုံး ဆက်သောက်ပါ။ ဆေးပျက်သွားတဲ့ ရက်က များနေမယ်ဆိုရင်တော့ ဒီကာလအတွင်းမှာ အတူနေမိမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားကာကွယ်မှုတွေကို (၇) ရက် ဆက်တိုက်သုံးရမှာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံထားမိမယ်ဆိုရင် အရေးပေါ်တားဆေး သောက်ဖို့ လိုပါမယ်။သုံးရက်နဲ့အထက် မေ့သွားတာဆိုရင်တကယ်လို့ ဆေးကတ်ရဲ့ တတိယတန်းမှာ (၃) ရက်နဲ့အထက် မေ့ခဲ့တာဆိုရင် သတိရရချင်း ဆေးတစ်လုံး သောက်ပါ။ ပြီးရင်တော့ ဆေးကတ်ရဲ့ တတိယတန်းကုန်တဲ့အထိ တစ်နေ့ကို တစ်လုံးသောက်ပါ။ ၄ တန်းမြောက် ရင် ဆေးကဒ်အသစ်ကို ပြောင်းသောက်ရပါမယ်။ ဆိုလိုချင်တာက ၄ တန်းမြောက်ကို မသောက်တော့ဘဲ ဆေးကတ်အသစ်ကို သောက်ရမယ်လို့ ပြောချင်တာပါ။ ဒီလိုပြောင်းသောက်တာနဲ့အတူ (၇) ရက်အတွင်းလိင်ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံးကို သုံးစေချင်ပါတယ်။ တကယ်လို့ ဆေးကတ်ရဲ့ ၄ တန်းမြောက်ကို သောက်နေတဲ့အချိန်မှာ (၃) ရက်နဲ့အထက် ဆေးသောက်ဖို့ မေ့နေခဲ့တာ ဖြစ်မယ်ဆိုရင်တော့ ဆေးကဒ်အသစ်ပြောင်းသောက်လိုက်တာ အကောင်းဆုံးပါ။ ဒီအချက်လေးကိုတော့ သတိပြုစေချင်ပါတယ်ဆေးကတ်ကို စသောက်တဲ့ ပထမအပတ်အတွင်းမှာ ဆေးသောက်ဖို့ မေ့ခဲ့ပြီး မကြာသေးမီကာလမှာ အတူနေထားမိတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေရှိတာမို့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်စေချင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင်တားဆေးသောက်ဆေးက အာနိသင်ကောင်းကောင်းရစေဖို့ ပုံမှန်တစ်နေ့တစ်လုံး မပျက်မကွက် သေချာလေး သောက်ပေးဖို့ လိုပါမယ်။ ဒီလိုသောက်ပေးမှသာ သားဆက်ခြားဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။ ဆေးသောက်ဖို့ မေ့သွားတာ၊ ဆေးကရေစိုပျက်စီးသွားတာမျိုးဖြစ်မယ်ဆိုရင်တော့ သတိရတာနဲ့ ချက်ချင်းဆေးကို သောက်တာ ဆေးကတ်အသစ်ဝယ်ပြီး ဆက်သောက်တာမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။ 

အ​ထွေ​ထွေကျန်းမာ​ရေး

လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!

လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!

လှေကားတက်ဖို့ ပျင်းနေတုန်းလား... နှလုံးကျန်းမာစေဖို့ဆိုရင် လှေကားအတက်အဆင်း လုပ်ပေးပါ။ ဓာတ်လှေကားတွေ စက်လှေကားတွေ စီးမယ့်အစား လှေကားကိုပဲ အသုံးပြုပါ။ ဒါက သင်ထင်ထားတာထက် ပိုကျန်းမာစေနိုင်ပါတယ်။ လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!မကြာသေးခင်က American Journal of Cardiovascular Drugs ကထုတ်ဝေခဲ့တဲ့  ကြီးမားတဲ့ လေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိရတာက ပုံမှန်လှေကားအတက်အဆင်းလုပ်တဲ့သူတွေက နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို ပုံမှန်ထက် ၃၉% အထိလျှော့ချပေးနိုင်ပြီး အခြားသော ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း ၂၄%အထိလျှော့ချပေးနိုင်တယ်ဆိုတာပါ။ ဒါတွေအပြင် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာနဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းတာတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။“နေ့စဉ်တိုင်းမှာ လှေကားအတက်အဆင်း ပုံမှန်လုပ်ဖြစ်တာက အသက်ရှည်ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။”လို့ သုတေသီတွေက ဆိုပါတယ်။ လေ့လာမှုအတွင်း လေ့လာမှုကို ၉ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး အသက် ၃၅ နှစ် ကနေ ၈၄ နှစ်ကြားရှိသူ ၄၈၀၀၀၀ ဦးကို လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုမှာပါဝင်သူတွေထဲမှာမှ ပုံမှန် လှေကားတက်လေ့ရှိသူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကို  သိသိသာသာ လျှော့ချ ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လှေကားတက်တဲ့ အလေ့အထကို ၁၄ နှစ်ကြာ လိုက်နာသူတွေက ခဏတာ လိုက်နာသူတွေထက် အသက်ပိုရှည်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။တစ်နေ့မှာ ၆ ခေါက်ထက် မနည်း လှေကားအတက်အဆင်း ပုံမှန်လုပ်နေသူတွေက ကျန်းမာရေးကောင်းကျိုး ပိုများများရတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေကို ထပ်မံ လုပ်ဆောင်ဖို့ လိုပါဦးမယ်။ လှေကားအတက်အဆင်းက နှလုံးကျန်းမာရေးကို ကောင်းကျိုးများသလား!လှေကားအဆက်အဆင်းလုပ်တာက အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု လုပ်သလိုပါပဲ နှလုံးခုန်နှုန်းကို မြန်စေသလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပုံမှန် လှေကားအတက်အဆင်းလုပ်တာက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်သလို သွေးတွင်းအဆီကို ကျစေပြီး ကိုယ်အလေးချိန်ထိန်းညှိနိုင်ဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ပုံမှန် လှေကားအတက်အဆင်း လုပ်ပေးတာက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။လှေကား အတက်အဆင်းလုပ်တာ များရင်များသလောက် ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့လည်း အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါကလည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာတစ်ရပ်ပါပဲ။အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို လှေကားအတက်အဆင်းလုပ်တာ အပါအဝင် တစ်ပတ်တာမှာ ကိုယ်လက်လှုပ်ရှားမှုကို မိနစ် ၁၅၀ ထက်မနည်း လုပ်ဆောင်ဖို့ လိုပါမယ်။ မလုပ်နိုင်ဘူးဆိုရင် တစ်ပတ်ကို ၇၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။ ကြွက်သားတွေ သန်မာစေဖို့ အတွက် တစ်ပတ်ကို ၂ ရက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင်ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်တာ နေ့စဉ်တိုင်းမှာ လှေကားအတက်အဆင်းလုပ်ပေးတာက နှလုံးသွေးကြော တွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ရော အသက်ရှည်စေဖို့ပါ ထောက်ကူပေးနိုင်လို့ လှေကားအတက် အဆင်း လုပ်ဖို့လိုမယ်ဆိုရင် စက်လှေကား ဓာတ်လှေကားတွေကို မသုံးဘဲ တတ်နိုင်သမျှ ရိုးရိုးလှေကားကိုပဲ သုံးဖို့ အကြံပြုလိုက်ပါရစေ။

အသံဝင်တာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!

အသံဝင်တာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!

လည်ချောင်းနာ ဖျားနာမှုတွေအပြီး အသံဝင်သွားတာက အတော်လေး နေရခက်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖျားသက်သာလာပေမယ့် ဆက်လက်ခံစားနေရဆဲဖြစ်တဲ့ လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။အသံဝင်တာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!အဖျားအပြီး ကျန်ခဲ့တဲ့ လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေဖို့ဆိုရင် ဆေးသောက်တာအပြင် အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ အသံကို အနားပေးပါလည်ချောင်းနာတာကို သက်သာစေပြီး အသံဝင်တာကိုပါ သက်သာစေဖို့ဆိုရင်တော့ အရင်ဆုံးလုပ်ရမယ့် အချက်က အသံအိုးနဲ့ အသံကြိုးတို့ကို အနားပေးဖို့ပါ။ ဒီလို အနားပေးလိုက်မှသာ လည်ချောင်းအတွင်းနံရံ ရောင်တာ၊ အသံအိုးနဲ့ အသံကြိုးရောင်တာတွကို သက်သာစေမှာပါ။ ဒါကြောင့် အသံဝင်နေတဲ့ကာလအတွင်းမှာ အသံကို အနားပေးထားဖို့ လိုပါမယ်။ စကားတွေ အများကြီးပြောတာ၊ အသံကျယ်စွာ အော်ဟစ်ပြောတာမျိုးတွေ မလုပ်ပါနဲ့။ လေချွန်တာမျိုးကိုလည်း ရှောင်ပါ။အရည်များများသောက်ပါအသံဝင်နေပြီဆိုရင်တော့ ရေများများ သောက်တာအပြင် ရေနွေးခပ်နွေးနွေးလေးကို သောက်ပါ။ စွပ်ပြုတ်လိုမျိုး အရည်နွေးနွေးလေးကို သောက်ပါ။ ဒီလိုလုပ်ပေးတာက အသံအိုးရောင်ရမ်းတာ လည်ချောင်းအတွင်းသားတွေ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ပျားသံပုရာရည်သောက်ပါပျားရည်၊ သံပုရာရည်နဲ့ ဆားအနည်းငယ် ရေနွေးနွေးတို့ကို ရောစပ်ထားတဲ့ ပျားသံပုရာရည်ကို ခပ်နွေးနွေး အခြေအနေမှာ သောက်ပေးတာက အသံဝင်တာကို သက်သာစေသလို လည်ချောင်းနာတာကိုလည်း သက်သာစေမှာပါ။ ဆားရည်ငုံပေးပါဆားရည်နွေးနွေးငုံပေးတာက လည်ချောင်းနဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ရောင်ရမ်းမှုတွေကို သက်သာစေပြီး အသံဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနဲ့ တစ်နေ့ကို (၃) ကြိမ်လောက် ငုံပေးပါ။ ကဖင်းတွေကို ရှောင်ပါကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်တွေကိုလည်း ရှောင်ပါ။ အသံဝင်နေချိန်မှာ ကဖင်းပါတာတွေကို စားသောက်တာက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး အသံဝင်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတာတွေကို မသက်သာမချင်း ရှောင်ထားဖို့ လိုပါမယ်။ရေနွေးငွေ့ ရှူပေးပါရေနွေးငွေ့ရှူပေးတာက လည်ချောင်းတွင်းရောင်ရမ်းတာကို သက်သာစေသလို အသံဝင်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသံဝင်နေပြီဆိုရင်တော့ ရေနွေးငွေ့ရှူပေးပါ။ငုံဆေး ငုံပေးပါငုံဆေးလေး ငုံပေးတာကလည်း အသံဝင်တာကိုရော လည်ချောင်းနာတာကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ငုံဆေးလေး ငုံပေးပါ။ဆေးလိပ် နဲ့ ဆေးလိပ်ငွေ့ရှောင်ပါဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေက လည်ချောင်းနာတာ၊ အသံဝင်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသံဝင်နေပြီဆိုရင်တော့ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။ဆေးလိပ်နဲ့ Vapes ရှောင်ပါအသံဝင်ပြီး လည်ချောင်းနာနေချိန်မှာ ဆေးလိပ်နဲ့ vapes ကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။ အယ်လ်ကိုဟောရှောင်ပါအယ်လ်ကိုဟောတွေကို အများကြီးသောက်တာက ကိုယ်တွင်းရေဓာတ်ကို ခမ်းခြောက်စေသလို လည်ချောင်းနာတာနဲ့ အသံဝင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အသံဝင်နေပြီး လည်ချောင်းနာနေချိန်မှာ အယ်လ်ကိုဟောကို ရှောင်ပါ။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။လည်ချောင်းနာပြီး အသံဝင်နေတာကို သက်သာစေဖို့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင်အဖျားပျောက်ပြီး လည်ချောင်းနာတာ၊ ချောင်းဆိုးတာနဲ့ အသံဝင်တာတွေကျန်ခဲ့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေတွေကို သက်သာစေဖို့အတွက် အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ 

ကျန်းမာရေးအတွက် ဗီဒီယိုများ

လက်တွဲဖော် ကုမ္ပဏီများ

AA Medical Products
AA Medical Products
EPI
EPI
UNICEF Myanmar
UNICEF Myanmar
PATH Myanmar
PATH Myanmar

အမေးများသော မေးခွန်းများ

Lotoshin ဆိုတာဘာလဲ?
Lotoshinn သည် အမျိုးသမီးကျန်းမာရေး၊ အာဟာရ၊ ရင်သွေးငယ်ပြုစုခြင်းနှင့် နေ့စဉ်နေထိုင်မှု ဘဝကိုကျန်းမာစွာနဲ့ ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် နဲ့ လူနေမှုဘဝတိုးတက်စေရန်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဗဟုသုတများကို မျှဝေပေးနေတဲ့ Platform တစ်ခုဖြစ်ပါတယ်။
BMI ဘယ်လိုတွက်ရမလဲ
ကျွန်ုပ်တို့၏ Header ရှိ 'အတွက်အချက်များ' ကဏ္ဍတွင် BMI၊ အာဟာရနှင့် ဓမ္မတာရက်တွက်ချက်မှုကိရိယာများကို အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ပါတယ်။ တိကျသော ရလဒ်ကိုရရှိစေဖို့အတွက် လိုအပ်မယ့် အချက်အလက်များကို သေချာလေး ထည့်သွင်းပေးဖို့ အကြံပြုပါရစေ။
ဆောင်းပါးတွေကို ဘယ်နှစ်ရက်တစ်ခါ တင်ပေးလဲ?
ကျွန်ုပ်တို့သည် သုံးစွဲသူများအတွက် နောက်ဆုံးပေါ် ကျန်းမာရေးသတင်းအချက်အလက်များကို အပတ်စဉ် ပုံမှန်တင်ဆက်ပေးလျက်ရှိပါသည်။
အာဟာရဆိုင်ရာ အကြံပေးချက်များ ရရှိနိုင်ပါသလား?
ကျွန်ုပ်တို့၏ Platform တွင် အမျိုးသမီးများနှင့် မိခင်များအတွက် သင့်တော်သော အာဟာရဆိုင်ရာ အကြံပေးချက်များနှင့် ကျန်းမာရေးအချက်အလက်များကို မကြာခဏ မျှဝေပေးလျက်ရှိပါသည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် အချက်အလက်များ ပါဝင်ပါသလား?
ဟုတ်ကဲ့။ ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးဗဟုသုတများ၊ အာဟာရအကြံပြုချက်များနှင့် ရင်သွေးငယ်ပြုစုခြင်းဆိုင်ရာ အချက်အလက်များကိုလည်း ဖတ်ရှုနိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပြက္ခဒိန်

September

ယခုလအတွက် သက်ဆိုင်ရာကျန်းမာရေးနေ့ရက်များ

17

ကမ္ဘာ့ လူနာဘေးကင်းလုံခြုံမှုနေ့

Month 9 / 17

ကမ္ဘာ့ လူနာဘေးကင်းလုံခြုံမှုနေ့

ကမ္ဘာ့ လူနာဘေးကင်းလုံခြုံမှုနေ့ သည် ကျန်းမာရေးအသိပညာများ ပိုမိုရရှိစေရန်နှင့် ရောဂါကာကွယ်တားဆီးရေးအတွက် အရေးကြီးသောနေ့ ဖြစ်ပါသည်။

Month 10 / 10

ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့

ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ သည် ကျန်းမာရေးအသိပညာများ ပိုမိုရရှိစေရန်နှင့် ရောဂါကာကွယ်တားဆီးရေးအတွက် အရေးကြီးသောနေ့ ဖြစ်ပါသည်။

Month 11 / 14

ကမ္ဘာ့ ဆီးချိုရောဂါနေ့

ကမ္ဘာ့ ဆီးချိုရောဂါနေ့ သည် ကျန်းမာရေးအသိပညာများ ပိုမိုရရှိစေရန်နှင့် ရောဂါကာကွယ်တားဆီးရေးအတွက် အရေးကြီးသောနေ့ ဖြစ်ပါသည်။

Month 12 / 1

ကမ္ဘာ့ အေအိုင်ဒီအက်စ် (AIDS) ရောဂါတိုက်ဖျက်ရေးနေ့

ကမ္ဘာ့ အေအိုင်ဒီအက်စ် (AIDS) ရောဂါတိုက်ဖျက်ရေးနေ့ သည် ကျန်းမာရေးအသိပညာများ ပိုမိုရရှိစေရန်နှင့် ရောဂါကာကွယ်တားဆီးရေးအတွက် အရေးကြီးသောနေ့ ဖြစ်ပါသည်။