တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!
အထွေထွေ

တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!

Aye Thi Mon

📅 28.07.2026


သားဆက်ခြားတာက ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးဖြစ်စေဖို့အတွက် အရေးပါတဲ့ အချက်လေးတစ်ခုပေါ့။ ဒီလိုသားဆက်ခြားတယ်ဆိုတဲ့နေရာမှာလည်း ၃ လခံထိုးဆေး၊ နေ့တိုင်းတစ်ရက်မပြတ်သောက်ရတဲ့ တားဆေး သောက်ဆေး၊ အရေးပေါ်အခြေအနေမှာ သောက်သုံးရတဲ့ အရေးပေါ်သန္ဓေတားသောက်ဆေး၊ သားအိမ်တွင်းထဲ ထည့်ရတဲ့ သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်တဲ့ (IUD)၊ လက်မောင်းတွင်းထည့်သားဆက်ခြားနည်း (Implant) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နေ့စဉ်တိုင်း သောက်သုံးရတဲ့ တားဆေး သောက်ဆေးကို သောက်ဖို့မေ့သွားရင် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ပြောပြပေးချင်တာပါ။ 


တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!


တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ! ဆိုတော့ မေ့သွားတဲ့ ဆေးအလုံးအရေအတွက်နဲ့ ဆေးအတန်းပေါ်မူတည်ပြီး ဘယ်လိုပြန်သောက်ရမလဲဆိုတာတော့ ကွာခြားနိုင်ပါတယ်။


တစ်ရက်ပဲ မေ့သွားခဲ့တာဆိုရင် 


ဆေးသောက်ဖို့ ပျက်သွားတဲ့အခါ တစ်ရက်တည်းသောက်ဖို့ မေ့သွားတာ၊ တစ်လုံးပဲ သောက်ဖို့မေ့သွားဆိုရင် သတိရရချင်းမှာပဲ ချက်ချင်းဆေးတစ်လုံးကို သောက်ဖို့ လိုပါမယ်။ ပြီးရင်တော့ အဲ့ဒီရက်အတွက် သောက်ရမယ့်ဆေးကို သောက်ပါ။ ဆိုလိုချင်တာက တစ်ရက်တည်းကို တားဆေး ၂ လုံးဆင့်သောက်ရမယ့် အခြေအနေပါ။ နောက်ရက်တွေမှာတော့ ဆေးကို တစ်နေ့တစ်လုံးပဲ ပုံမှန်အတိုင်း ဆက်တိုက်သောက်သွား ပေးပါ။ 


နှစ်ရက် မေ့သွားတာဆိုရင်


သန္ဓေတားဆေး သောက်ဆေးကို  နှစ်ရက်ဆက်တိုက်  နှစ်လုံး မေ့သွားပါက သတိရတာနဲ့ ချက်ချင်း ဆေးကို သောက်ပါ။ ပုံမှန်သောက်ရမယ့်အချိန်ရောက်ရင်လည်း ဆေးကို ပုံမှန်အတိုင်း တစ်လုံး ဆက်သောက်ပါ။ ဆေးပျက်သွားတဲ့ ရက်က များနေမယ်ဆိုရင်တော့ ဒီကာလအတွင်းမှာ အတူနေမိမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားကာကွယ်မှုတွေကို (၇) ရက် ဆက်တိုက်သုံးရမှာဖြစ်ပါတယ်။  


သုံးရက် မေ့သွားတာဆိုရင်


ဆေးကတ်ရဲ့ ပထမတန်း ဒါမှမဟုတ် ဒုတိယတန်းမှာ သောက်ဖို့မေ့သွားတာက ၃ ရက်နဲ့အထက် ဖြစ်နေမယ် ဆိုရင်တော့ သတိရတာနဲ့ ချက်ချင်း ဆေးကို သောက်ပါ။ ပုံမှန်သောက်ရမယ့်အချိန်ရောက်ရင်လည်း ဆေးကို ပုံမှန်အတိုင်း တစ်လုံး ဆက်သောက်ပါ။ ဆေးပျက်သွားတဲ့ ရက်က များနေမယ်ဆိုရင်တော့ ဒီကာလအတွင်းမှာ အတူနေမိမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားကာကွယ်မှုတွေကို (၇) ရက် ဆက်တိုက်သုံးရမှာဖြစ်ပါတယ်။  


ပြီးခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံထားမိမယ်ဆိုရင် အရေးပေါ်တားဆေး သောက်ဖို့ လိုပါမယ်။


သုံးရက်နဲ့အထက် မေ့သွားတာဆိုရင်


တကယ်လို့ ဆေးကတ်ရဲ့ တတိယတန်းမှာ (၃) ရက်နဲ့အထက် မေ့ခဲ့တာဆိုရင် သတိရရချင်း ဆေးတစ်လုံး သောက်ပါ။ ပြီးရင်တော့ ဆေးကတ်ရဲ့ တတိယတန်းကုန်တဲ့အထိ တစ်နေ့ကို တစ်လုံးသောက်ပါ။ ၄ တန်းမြောက် ရင် ဆေးကဒ်အသစ်ကို ပြောင်းသောက်ရပါမယ်။ ဆိုလိုချင်တာက ၄ တန်းမြောက်ကို မသောက်တော့ဘဲ ဆေးကတ်အသစ်ကို သောက်ရမယ်လို့ ပြောချင်တာပါ။ 


ဒီလိုပြောင်းသောက်တာနဲ့အတူ (၇) ရက်အတွင်းလိင်ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံးကို သုံးစေချင်ပါတယ်။ 


တကယ်လို့ ဆေးကတ်ရဲ့ ၄ တန်းမြောက်ကို သောက်နေတဲ့အချိန်မှာ (၃) ရက်နဲ့အထက် ဆေးသောက်ဖို့ မေ့နေခဲ့တာ ဖြစ်မယ်ဆိုရင်တော့ ဆေးကဒ်အသစ်ပြောင်းသောက်လိုက်တာ အကောင်းဆုံးပါ။ 


ဒီအချက်လေးကိုတော့ သတိပြုစေချင်ပါတယ်


ဆေးကတ်ကို စသောက်တဲ့ ပထမအပတ်အတွင်းမှာ ဆေးသောက်ဖို့ မေ့ခဲ့ပြီး မကြာသေးမီကာလမှာ အတူနေထားမိတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေရှိတာမို့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်စေချင်ပါတယ်။ 


Lotoshinn ရဲ့ စကားလက်ဆောင်


တားဆေးသောက်ဆေးက အာနိသင်ကောင်းကောင်းရစေဖို့ ပုံမှန်တစ်နေ့တစ်လုံး မပျက်မကွက် သေချာလေး သောက်ပေးဖို့ လိုပါမယ်။ ဒီလိုသောက်ပေးမှသာ သားဆက်ခြားဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။ ဆေးသောက်ဖို့ မေ့သွားတာ၊ ဆေးကရေစိုပျက်စီးသွားတာမျိုးဖြစ်မယ်ဆိုရင်တော့ သတိရတာနဲ့ ချက်ချင်းဆေးကို သောက်တာ ဆေးကတ်အသစ်ဝယ်ပြီး ဆက်သောက်တာမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။ 




ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!