မုတ်သုံကာလ ကျန်းမာစေဖို့ လိုက်နာစရာ အလေ့အထလေးများ
အထွေထွေ

မုတ်သုံကာလ ကျန်းမာစေဖို့ လိုက်နာစရာ အလေ့အထလေးများ

Admin

📅 20.05.2026

ခပ်စိတ်စိတ် မိုးရွာလာတဲ့ မိုးဦးကျကာလမှာ ကျန်းမာစေဖို့ဆိုရင်တော့ လိုက်နာစရာအလေ့အထကောင်းလေး တွေကို လိုက်နာဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ မုတ်သုံကာလမှာ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 


မုတ်သုံကာလ ကျန်းမာစေဖို့ လိုက်နာစရာ အလေ့အထလေးများ


မုတ်သုံကာလ ကျန်းမာစေဖို့ဆိုရင်တော့ ကိုယ်ခံအား ကောင်းစေဖို့ ဗီတာမင် C နဲ့ ဇင့်တို့ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာလေးတွေကို စားပေးဖို့ လိုသလို ရေလုံလောက်အောင် သောက်တာ၊ နွေးနွေးထွေးထွေးနေတာတွေ အပြင် အခုလို အချက်လေးတွေကိုလည်း သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ 


  • လက်ကို သေချာလေး ဆေးကြောပါ 

တစ်ခုခုကို မစားခင်နဲ့ အစားအစာတွေကို မပြင်ဆင်ခင်နဲ့ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်းမှာ ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောပါ။ အစားအစာတွေကိုလည်း သေချာလေး ကျက်အောင်ချက်ဖို့နဲ့ သန့်ရှင်းစွာ ပြင်ဆင်ဖို မမေ့ပါနဲ့။


  • ရေလုံလောက်အောင် သောက်ပါ

မုတ်သုံမှာကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ ရေကို လုံလောက်အောင် သောက်ပါ။ သောက်သုံးတဲ့ရေက သေချာလေး သန့်ရှင်းအောင် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။


  • ယင်နားစာတွေ မစားပါနဲ့

ယင်နားစာတွေက မိုးဦးကျကာလမှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ယင်နားစားတွေနဲ့ လမ်းဘေးမှာ မဖုံးမအုပ်ဘဲ ပြင်ဆင်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။


  • ခြင်မကိုက်အောင် သတိထားပါ

ခြင်ကိုက်တာက သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အဖျားရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် မိုးဦးကျကာလမှာ ခြင်မကိုက်စေဖို့ သေချာလေး ဂရုစိုက်ပါ။


  • နွေးနွေးထွေးထွေးဝတ်ပါ

မိုးဦးကျကာလမှာ ပတ်ဝန်းကျင်အပူချိန်က လျော့ကျလာတာကြောင့် အခန့်မသင့်ရင် ဖျားနာတာကို ဖြစ်စေနိုင်တာမို့ မိုးဦးကျကာလမှာ နွေးနွေးထွေးထွေးဝတ်ဆင်ပါ။


  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တာမို့ မိုးဦးကျမှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ဖို့ မမေ့ပါနဲ့။


  • အာဟာရပြည့်ဝမျှတအောင် စားပါ

မိုးဦးကျကာလမှာ ဖျားနာမှုကင်းစေဖို့အတွက် နေ့စဉ်တိုင်းမှာ အာဟာရပြည့်ဝမျှတမှု ရှိစေအောင် အသားငါး၊ အသီးအရွက်၊ ဥအမျိုးမျိုးတို့ကို စားပေးပါ။ ဒီလို စားပေးတာက ကိုယ်ခံအားကောင်းပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


  • သေချာကျက်အောင် ချက်ပြီးမှ စားပါ

မိုးဦးမှာ အစားအစာတွေကို ချက်ပြုတ်စားသောက်တဲ့အခါ သေချာလေး ကျက်အောင်ချက်ပြီး စားဖို့နဲ့ ပူပူနွေးနွေး စားသောက်ဖို့ လိုပါမယ်။ ဒါမှလည်း အစားအဆိပ်သင့်တာမျိုးမဖြစ်မှာပါ။


  • အပြင်ကပြန်လာတိုင်း ခြေလက်ဆေးကြောပါ

အပြင်ကနေ မိုးမိပြီး ပြန်လာတိုင်းမှာ ခြေလက်တွေကို ဆေးကြောတာ၊ ရေချိုးတာမျိုး လုပ်ပါ။ စိုနေတဲ့ အဝတ်တွေကို လဲဖို့လည်း မမေ့ပါနဲ့။ ဆံပင်တွေရေစိုလာရင်လည်း အ‌ခြောက်ခံဖို့ မမေ့ပါနဲ့။ 


  • အသားငါးတွေကို အစိမ်းမစားပါနဲ့

မိုးတွင်းမှာ အစားအစာတွေက ပိုးပေါက်မိနိုင်ခြေ များတာကြောင့် အသားငါးတွေကို အစိမ်းစားတာမျိုး မလုပ်ပါနဲ့။ 


Lotoshinn ရဲ့ စကားလက်ဆောင်

မုတ်သုံကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ရင်း အာဟာရ ပြည့်ဝမျှတအောင် စားပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံဖို့လည်း အကြံပြုလိုက်ပါရစေနော်။


0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!