လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!
အထွေထွေ

လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!

Aye Thi Mon

📅 02.09.2026


လှေကားတက်ဖို့ ပျင်းနေတုန်းလား... နှလုံးကျန်းမာစေဖို့ဆိုရင် လှေကားအတက်အဆင်း လုပ်ပေးပါ။ ဓာတ်လှေကားတွေ စက်လှေကားတွေ စီးမယ့်အစား လှေကားကိုပဲ အသုံးပြုပါ။ ဒါက သင်ထင်ထားတာထက် ပိုကျန်းမာစေနိုင်ပါတယ်။ 


လှေကားအတက်အဆင်း လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလား!


မကြာသေးခင်က American Journal of Cardiovascular Drugs ကထုတ်ဝေခဲ့တဲ့  ကြီးမားတဲ့ လေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိရတာက ပုံမှန်လှေကားအတက်အဆင်းလုပ်တဲ့သူတွေက နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို ပုံမှန်ထက် ၃၉% အထိလျှော့ချပေးနိုင်ပြီး အခြားသော ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း ၂၄%အထိလျှော့ချပေးနိုင်တယ်ဆိုတာပါ။ ဒါတွေအပြင် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာနဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းတာတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။


“နေ့စဉ်တိုင်းမှာ လှေကားအတက်အဆင်း ပုံမှန်လုပ်ဖြစ်တာက အသက်ရှည်ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။”လို့ သုတေသီတွေက ဆိုပါတယ်။ လေ့လာမှုအတွင်း လေ့လာမှုကို ၉ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး အသက် ၃၅ နှစ် ကနေ ၈၄ နှစ်ကြားရှိသူ ၄၈၀၀၀၀ ဦးကို လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


လေ့လာမှုမှာပါဝင်သူတွေထဲမှာမှ ပုံမှန် လှေကားတက်လေ့ရှိသူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကို  သိသိသာသာ လျှော့ချ ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လှေကားတက်တဲ့ အလေ့အထကို ၁၄ နှစ်ကြာ လိုက်နာသူတွေက ခဏတာ လိုက်နာသူတွေထက် အသက်ပိုရှည်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။


တစ်နေ့မှာ ၆ ခေါက်ထက် မနည်း လှေကားအတက်အဆင်း ပုံမှန်လုပ်နေသူတွေက ကျန်းမာရေးကောင်းကျိုး ပိုများများရတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေကို ထပ်မံ လုပ်ဆောင်ဖို့ လိုပါဦးမယ်။ 


လှေကားအတက်အဆင်းက နှလုံးကျန်းမာရေးကို ကောင်းကျိုးများသလား!


လှေကားအဆက်အဆင်းလုပ်တာက အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု လုပ်သလိုပါပဲ နှလုံးခုန်နှုန်းကို မြန်စေသလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


ပုံမှန် လှေကားအတက်အဆင်းလုပ်တာက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်သလို သွေးတွင်းအဆီကို ကျစေပြီး ကိုယ်အလေးချိန်ထိန်းညှိနိုင်ဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ပုံမှန် လှေကားအတက်အဆင်း လုပ်ပေးတာက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


လှေကား အတက်အဆင်းလုပ်တာ များရင်များသလောက် ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့လည်း အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါကလည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာတစ်ရပ်ပါပဲ။


အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို လှေကားအတက်အဆင်းလုပ်တာ အပါအဝင် တစ်ပတ်တာမှာ ကိုယ်လက်လှုပ်ရှားမှုကို မိနစ် ၁၅၀ ထက်မနည်း လုပ်ဆောင်ဖို့ လိုပါမယ်။ မလုပ်နိုင်ဘူးဆိုရင် တစ်ပတ်ကို ၇၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။ ကြွက်သားတွေ သန်မာစေဖို့ အတွက် တစ်ပတ်ကို ၂ ရက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လိုပါမယ်။ 


Lotoshinn ရဲ့ စကားလက်ဆောင်


ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်တာ နေ့စဉ်တိုင်းမှာ လှေကားအတက်အဆင်းလုပ်ပေးတာက နှလုံးသွေးကြော တွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ရော အသက်ရှည်စေဖို့ပါ ထောက်ကူပေးနိုင်လို့ လှေကားအတက် အဆင်း လုပ်ဖို့လိုမယ်ဆိုရင် စက်လှေကား ဓာတ်လှေကားတွေကို မသုံးဘဲ တတ်နိုင်သမျှ ရိုးရိုးလှေကားကိုပဲ သုံးဖို့ အကြံပြုလိုက်ပါရစေ။


ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!