အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ!

အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ!

အသည်းအဆီဖုံးတာက အခုနောက်ပိုင်းမှာ တော်တော်လေး အဖြစ်များလာတာကို တွေ့ရှိရပါတယ်။ အသည်းအဆီဖုံးတာကို တော်တော်များများကလည်း ပြင်းထန်မှ သိတာကလည်း တော်တော်လေးကို များပါတယ်။ ဒါကြောင့် ကြိုတင်သိရှိပြီး ရောဂါမပြင်းထန်ခင်မှာ ကုသမှုခံယူနိုင်စေဖို့ အသည်းအဆီဖုံးနေပြီ ဆိုရင် ဘယ်လို လက္ခဏာလေးတွေကို တွေ့ရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ … ဒီတော့ အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ! ဆိုတာကို မျှဝေပေးပါမယ်။  အသည်းအဆီဖုံးတယ်ဆိုတာ ဘာလဲ! အသည်းအဆီဖုံးတယ်ဆိုတာက အသည်းမှာ ပုံမှန်ထက် အဆီတွေ ပိုများနေတာပါ။ အသည်းဆိုတာက ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အစားအစာတွေကို ဖြိုခွဲတာ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ ကူညီမှုတွေကို လုပ်ဆောင်ပေးပါတယ်။ ကျန်းမာတဲ့အသည်းမှာဆိုရင် အဆီက ရှိတတ်တယ်ဆိုပေမယ့် အတော်လေးကို နည်းသလို ၊ မရှိသလောက်ကို နည်းပါတယ်။ ဒါပေမယ့် အရက်တွေကို အလွန်အကျွံသောက်မယ်ဆိုရင်ဖြစ်ဖြစ်၊ အစားတွေကို အလွန်အကျွံ စားမယ်ဆိုရင်ဖြစ်ဖြစ်၊ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစားတွေထဲမှာပါတဲ့ ကယ်လ်လိုရီတွေကို အဆီတွေ အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီအဆီတွေကို အသည်းဆဲလ်တွေထဲမှာ သိုလှောင်ထားလိုက်ပါတယ်။  အသည်းအဆီဖုံးနေပြီဆိုရင်တော့ အသည်းရဲ့ စုစုပေါင်း အလေးချိန်က ရှိသင့်တဲ့ အလေးချိန်ထက် ၅ % ပိုများနေပါတယ်။ အသည်းအဆီဖုံးတာက အချိန်ကြာမြင့်လာချိန်မှာ အသည်းမှာ အမာရွတ်တွေ ဖြစ်ပြီး အသည်းရွတ်နာကို ဖြစ်စေနိုင်သလို အသည်းခြောက်တာနဲ့ အသည်းကင်ဆာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  အဖြစ်များတဲ့ အသည်းအဆီဖုံးမှု (၂) ရပ်  အဖြစ်များတဲ့ အသည်းအဆီဖုံးမှု (၂) ရပ် ရှိပါတယ်။ ဒါတွေကတော့ -  အရက်ကြောင့်မဟုတ်ဘဲ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တစ်ရပ်ရပ်ကြောင့် ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ (MAFLD) အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ (NAFLD)တို့ပါ။  အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါက အရက်အသောက်များတာကြောင့် ဖြစ်တာပါ။  အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ! အသည်းအဆီဖုံးတာက ပုံမှန်အားဖြင့်တော့ လက္ခဏာတွေ မဖြစ်တတ်ပေမယ့် အခုလို အခြေအနေတွေ ခံစားနေရပြီဆိုရင်တော့ အသည်းအဆီဖုံးနေတာဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုမှာပါ။  အမြဲလိုလို ပင်ပန်းနေတာပါ အမြဲလိုလို နေရမကောင်းတာ ရုတ်တရက် ကိုယ်အလေးချိန် ကျတာ ပြင်းထန်မယ်ဆိုရင်တော့ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ မျက်ဖြူသားတွေ၊ အသားတွေ ဝါနေမယ် အညိုအမဲစွဲမယ် ဆီးအရောင်တွေက အဝါရောင်ရင့်နေမယ် ဝမ်းဗိုက်က ရောင်နေမယ် သွေးတွေအန်မယ် ဝမ်းထဲ သွေးပါပြီး ဝမ်းမည်းမည်းတွေ သွားနေမယ် အသားတွေ ယားမယ်။ အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ! ဘာတွေကများ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်လဲ! အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ -  ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ အဝလွန်နေတာ အမျိုးအစား - ၂ ဆီးချိုရောဂါ ရှိနေတာ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း နည်းနေတာ သွေးတွင်းအဆီများနေတာ အရက်အလွန်အကျွံ သောက်တာတွေပါ။ အတွေ့ရနည်းတဲ့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ -  သိုင်းရွိုက်လုပ်ဆောင်မှု အားနည်းနေတာ အချို့သော ဆေးဝါးတွေ သားဥအိမ်မှာ ရေအိတ်တည်နေတာ (PCOS) အချို့တွေက ကိုယ်ဝန်ဆောင်နေချိန်မှာ အသည်းအဆီဖုံးတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ အသည်းအဆီဖုံးရောဂါ (AFLP)က ဖြစ်ခဲတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်ခဲတယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်ကာလ တတိယ၃လပတ်နဲ့ မီးဖွားပြီး မကြာခင်မှာ ခံစားရတတ်ပါတယ်။ ပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားနေရမယ်ဆိုရင် အမြန်ဆုံး ကုသမှုခံယူဖို့ လိုပါမယ်။ အသည်းအဆီဖုံးတာကို ဘယ်လိုကုသလို့ ရမလဲ! အသည်းအဆီဖုံးနေပြီဆိုရင် နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲဖို့လိုပါမယ်။ အာဟာရပြည့်ဝမျှတအောင် စားသုံးပါ အချိုရှောင်ပါ ကိုယ်အလေးချိန်ထိန်းသိမ်းပါ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပါ အသည်းကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့ အရက်ရှောင်ပါ။ မရှောင်နိုင်ရင် နည်းနည်းပဲ သောက်ပါ ဆေးလိပ်ဖြတ်ပါ၊ Vape ဖြတ်ပါ။ အသည်းအဆီဖုံးတာက နောက်ဆက်တွဲ ဘာတွေ ဖြစ်စေနိုင်လဲ! အသည်းအဆီဖုံးနေပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ -  နှလုံးရောဂါ လေဖြတ်တာ ကျောက်ကပ်ရောဂါစတာတွေကို ခံစားရနိုင်ပါတယ်။  အသည်းမှာ အဆီပိုတွေ များလာတဲ့အခါ အသည်းကရောင်ရမ်းတာကို ခံစားရသလို အသည်းမှာ အဖုအကျိတ် တွေနဲ့ အမာရွတ်တွေဖြစ်တာ အသည်းရွတ်နာ၊ အသည်းခြောက်တာတွေကို ဖြစ်စေနိုင်သလို ရေရှည်မှာ အသည်း ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။  အသည်းအဆီဖုံးတာကို ကာကွယ်လို့ ရမလား! အသည်းအဆီဖုံးတာကို ကာကွယ်နိုင်ဖို့ဆိုရင်တော့ နေ့စဉ်ဘဝမှာ အခုလို အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။  သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ နှံစားသီးနှံတွေနဲ့ ကျန်းမာတဲ့အဆီတွေကို စားပါ။ ကိုယ်အလေးချိန် ထိန်းညှိပါ အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ တစ်ပတ်တာမှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။  Lotoshinn ရဲ့ စကားလက်ဆောင် အသည်းအဆီဖုံးတာက မသိလိုက်ဘူးဆိုရင် အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့် အသည်းကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။ ကိုယ်အလေးချိန်ကို ထိန်းပါလို့ အကြံပြုလိုက်ပါရစေ။ 

ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!

ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!

နွားနို့ဆိုတာက အားရှိစေတယ်။ အရိုးနဲ့သွားတွေ သန်မာစေတယ်။ ကျန်းမာစေတယ်ဆိုတာကို ငယ်ငယ်က တည်းက ကြားခဲ့ဖူးမှာပါ။ အချို့ဆိုရင် နို့တွေထဲမှာ နွားနို့ကိုမှ အကြိုက်ဆုံးဆိုတာမျိုးလည်း ရှိမှာပါ။ ဒီလိုမျိုး ကျန်းမာအားရှိသန်မာစေတဲ့ နွားနို့ကို ဆီးချိုရှိနေပြီဆိုရင် မသောက်ရတော့ဘူးလား… ဒီအကြောင်းလေးကို ပြောပြပေးသွားပါမယ်။ နွားနို့က လူတိုင်းသောက်လို့ မရဘူးလား! နွားနို့မှာ ခန္ဓာကိုယ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးတွေကစလို့ လူကြီးတွေအထိ လူတိုင်းသောက်လို့ ရပါတယ်။ ဒါပေမယ့် ရောဂါအခံ တစ်ခုခု ရှိမယ်။ နို့သကြားဓာတ်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင်တော့ နွားနို့ကို မသောက်ဖို့ လိုပါမယ်။  ဆီးချိုအကြောင်းလေး နည်းနည်းပြောမယ် ဆီးချိုရှိတယ်ဆိုတဲ့နေရာမှာ အမျိုးအစား - ၁ ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင်တော့ ပန်ခရိယက အင်ဆူလင် ကို လုံးဝမထုတ်နိုင်တာဖြစ်နိုင်သလို အင်ဆူလင်ကို နည်းနည်းပဲ ထုတ်နိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ အမျိုးအစား - ၁ ဆီးချိုရောဂါက ကလေးဘဝကတည်းက စတင်ခံစားရတာအဖြစ်များပြီး အရွယ်ရောက်ပြီးသူ ၅.၂ % မှာသာ အမျိုးအစား - ၁ ဆီးချိုရောဂါကို ခံစားရနိုင်ပါတယ်။ အမျိုးအစား - ၁ ဆီးချိုက အခြေအနေကို စီမံလို့ ရပေမယ့် ကြိုတင်ကာကွယ်လို့တော့ မရပါဘူး။  အမျိုးအစား - ၁ ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင် အစားစားပြီးဆိုင်းမှာ အင်ဆူလင်ထိုးနှံဖို့ လိုမှာဖြစ်ပါတယ်။ စားသုံးလိုက်တဲ့ ကစီဓာတ်နဲ့ ပမာဏအပေါ်မူတည်ပြီး အင်ဆူလင်ကို ထိုးရမှာလည်း ဖြစ်ပါတယ်။ အမျိုးအစား - ၁ ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင်တော့ ပန်ခရိယက အင်ဆူလင်ကို ထုတ်လွှတ်နိုင်ပေမယ့် လုံလုံလောက်လောက် မထုတ်လွှတ်နိုင်ပါဘူး။ ဒါမှမဟုတ် ခန္ဓာကိုယ်က အင်ဆူလင်ကို ထိထိရောက်ရောက် အသုံးမချနိုင်တာမျိုးလည်း ဖြစ်ပါတယ်။ အခြေအနေက တဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အဝလွန်တာကြောင့် လည်း အမျိုးအစား - ၂ ဆီးချိုကို ခံစားရနိုင်ပါတယ်။ တကယ်လို့ အခုလို အခြေအနေတွေ ရှိမယ်ဆိုရင်လည်း အမျိုးအစား - ၂ ဆီးချိုရောဂါကို ခံစားရနိုင်ပါတယ်။  မျိုးရိုးရှိမယ် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးမယ် ကိုယ်တွင်းက glucose metabolism နှုန်းက ကျဆင်းနေမယ် အသက်အရွယ်ကြီးလွန်းနေမယ် ကိုယ်လက်လှုပ်ရှားမှု နည်းမယ်။  ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုရောဂါ ခံစားရဖူးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ အမျိုးအစား - ၂ ဆီးချိုရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများနေမှာပါ။  ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား![/caption] ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား! နွားနို့က ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အာဟာရတစ်ရပ်ပါ။ ဒါပေမယ့် အဆီဓာတ်နဲ့ ကစီဓာတ်ပါဝင်မှုကလည်း မနည်းပါဘူး။ ဒါကြောင့် ဆီးချိုရှိတဲ့သူတွေမှာတော့ သွေးချိုတော်တော့်ကို မြင့်တက်စေနိုင်တဲ့ သောက်စရာ တစ်ခုပါ။  အဆီပြည့်နို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက -  ၁၅၂ ကယ်လ်လိုရီ အဆီ ၇ ဂရမ် ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။  အဆီလျှော့နို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက -  ၁၂၂ ကယ်လ်လိုရီ အဆီ ၄.၅ ဂရမ် ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။  အဆီနည်းနို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက -  ၁၀၆ ကယ်လ်လိုရီ အဆီ ၂.၅ ဂရမ် ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။  အဆီထုတ်နို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက -  ၈၄ ကယ်လ်လိုရီ အဆီ ၁ ဂရမ်အောက် ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။  ဆီးချိုရှိသူတွေအနေနဲ့ အဆီပြည့်နို့ကို သောက်သုံးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ခံစားရနိုင် ပါတယ်။ ဒါပေမယ့် အဆီပါဝင်မှုကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကို လျှော့ချပြီး ကျန်းမာတဲ့အဆီကို ထိုက်သင့်တဲ့ ပမာဏစားသုံးပေးမယ်ဆိုရင်တော့ ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ခြေကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ ဆီးချို ရှိနေပေမယ့်လည်း နွားနို့ကို သောက်လို့ ရပါတယ်။ အဆီထုတ်ထားတဲ့ နို့ကိုပါ။  အဆီထုတ်မထားတဲ့ နွားနို့မှာ ပါဝင်နေတဲ့ နို့သကြားဓာတ် (Lactose) ကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး  အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ ဆီးချိုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ နွားနို့ကို သောက်မယ်ဆိုရင် အဆီထုတ်ထားတဲ့ နွားနို့ကို သောက်ဖို့ လိုပါမယ်။ ဒီလို သောက်ရာမှာလည်း အလွန်အကျွံ မဟုတ်ဘဲ အတိုင်းအချင့်လေးနဲ့ သောက်သုံးဖို့ အကြံပြုချင်ပါတယ်။  Lotoshinn ရဲ့ စကားလက်ဆောင် လေ့လာမှုတွေအရ တွေ့ရှိရတာက ဆီးချိုရှိသူတွေ အနေနဲ့ အဆီထုတ်ထားတဲ့နို့ကို တစ်နေ့ကို ၃ ခွက်လော်က သောက်သုံးမယ်ဆိုရင်တော့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်လိုအပ်ချက်ကို ပြည့်ဝစေမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မှာ လိုအပ်ချက်ချင်း မတူညီတာကြောင့် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်စေချင်ပါ တယ်။

ဆောင်းပါး