အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ!

အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ!

လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ လေ့ကျင့်ခန်းလုပ်တာက တူညီတဲ့ အတိုင်းအတာမှာ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ဘယ်သူကပိုပြီး အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုတာကို မျှဝေပေးချင်တာပါ။ အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ! စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အတိုင်းအတာ အတူတူ ဖြစ်မယ်ဆိုရင်တောင် အမျိုးသမီးလေးတွေမှာ အမျိုးသားတွေထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။ လေ့လာမှု အသစ်တစ်ရပ်အရ သိရတာက ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာပါ။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ အချိန်အတိုင်းအတာအားဖြင့် ဖြစ်ဖြစ်  အင်အားအသုံးပြုမှု အတိုင်းအတာအားဖြင့် ဖြစ်ဖြစ် တူညီနေရင်တောင်မှ ရရှိမယ့် အကျိုးကျေးဇူးကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုများတယ်ဆိုတာပါ။  တူညီတဲ့ ပမာဏအတိုင်းအတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရင်တောင်မှ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ နှိုင်းယှဉ်လေ့လာရင် နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေက ၃ ဆလောက် နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။  လေ့လာမှုရလဒ်အရ သိရတာက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ကြမယ်ဆိုရင်တော့ အမျိုးသမီးလေးတွေက အမျိုးသားတွေရဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ အချိန်အတိုင်းအတာရဲ့ တဝက်စာလောက်ပဲ လုပ်ရင်တောင် တူညီတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိနိုင်တယ်ဆိုတာပါ။ ဆိုလိုချင်တာကတော့ အမျိုးသားတွေက အချိန် ၁ နာရီကြာလေ့ကျင့်ခန်း လုပ်မှ ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးကို အမျိုးသမီးလေးတွေက နာရီဝက် လုပ်ရုံနဲ့ တူညီတဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ရနိုင်တယ်ဆိုတာပါ။  လေ့လာမှုရလဒ်အရ သိရတာက အမျိုးသားတွေအနေနဲ့ တစ်ပတ်ကို အသင့်အတင့်ရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်း ကို မိနစ် ၅၃၀ လောက်လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို ၃၀% လျှော့ချပေးနိုင်ပြီး အမျိုးသမီးတွေ ကတော့ တစ်ပတ်ကို မိနစ် ၂၅၀ လုပ်ရုံနဲ့ နှလုံးရောဂါခံစားရနိုင်ခြေကို ၃၀% လျှော့ချပေးနိုင်တယ်ဆိုတာပါ။ အမျိုးသမီးတွေက အပတ်စဉ် မိနစ် ၁၅၀ လောက် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ရုံနဲ့ နှလုံးရောဂါ ခံစားရနိုင်ခြေကို ၂၂% အထိလျှော့ချပေးနိုင်ပြီး အမျိုးသားတွေမှာတော့ အပတ်စဉ် မိနစ် ၁၅၀ လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါ ခံစားရနိုင်ခြေကို ၁၇% အထိလျှော့ချပေးနိုင်တယ်ဆိုတာပါ။ ဖြစ်နိုင်ခြေတစ်ခုကတော့ အမျိုးသမီးတွေက ကိုယ်လက်လှုပ်ရှားမှုတွေကို ပိုပြီး ကောင်းကောင်းတုံ့ပြန်နိုင်တယ် ဆိုတာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ အီစထရိုဂျင်ဟော်မုန်းတွေက အမျိုးသားတွေမှာထက် ပိုများတာကြောင့်လည်း လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပိုပြီး ရရှိတာပဲဖြစ်ပါတယ်။ အီစထရိုဂျင်က ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန်မှာ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေဖို့ ပိုမိုလှုံ့ဆော်နိုင်တာကြောင့်ဖြစ်နိုင်ပါတယ်၊ လို့ သုတေသီတွေက ဆိုပါတယ်။  အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကြွက်သားဖွဲ့စည်းပုံ မတူတာကြောင့်လည်း အမျိုးသမီးတွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ခြင်းရဲ့ အကျိုးရလဒ်ကို ပိုမိုခံစားရရှိတာဖြစ်ပါတယ်။  လေ့လာမှုရလဒ်အရ သိလိုက်ရတာက အမျိုးသားနဲ့ အမျိုးသမီးတွေမှာ လေ့ကျင့်ခန်းကို အတိုင်းအတာ အတူတူ၊ အချိန်အပိုင်းအခြား အတူတူ လုပ်ရင်တောင်မှ အမျိုးသမီးတွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးက ပိုများတယ်ဆိုတာပါ။

အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မယ့် အလေ့အထသေးသေးလေးတစ်ခု

အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မယ့် အလေ့အထသေးသေးလေးတစ်ခု

အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်မယ့် ကျွန်မတို့ နေ့စဉ် လုပ်ဖြစ်နေကျ သေးငယ်တဲ့ အလေ့အထလေး တစ်ခုရှိပါတယ်။ ဒါက ဘာလေးဖြစ်မယ်လို့ ထင်လဲ!!!!! ဒါကတော့ ကျွန်မတို့ကို ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေး‌ကြီးကနေ ကာကွယ်ပေးနိုင်ခဲ့တဲ့ လက်ဆေးတဲ့ အလေ့အထလေးပါ။ ရေနဲ့ဆပ်ပြာသုံးပြီး စနစ်တကျ လက်ဆေးခြင်းက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ နေ့စဉ်တိုင်းမှာ ကျန်းမာပျော်ရွှင်စေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။  အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မယ့် အလေ့အထသေးသေးလေးတစ်ခု လက်ကို ရေနဲ့ဆပ်ပြာ သုံးပြီး စနစ်တကျဆေးကြောသန့်စင်ခြင်းက တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ တစ်ခုလို့ ယူဆစရာရှိပေမယ့် လက်ဆေးတာက လက်ကတဆင့် ကူးစက်လာတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နိုင်တဲ့ ဝမ်းရောဂါနဲ့ တုပ်ကွေးလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေကို ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး စနစ်တကျလက်ဆေးတာက အစာအဆိပ်သင့်တာနဲ့ ကိုဗစ်လိုမျိုး ရောဂါဆိုးကြီးတွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။ လက်ဆိုတာက အရာရာကို ကိုင်တွယ်ထိတွေ့ရတာမို့ မမြင်ရတဲ့ ရောဂါပိုးတွေ အများကြီး ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ လက်တွေနဲ့ မျက်နှာ၊ အသက်ရှူလမ်းကြောင်းစတင်ရာ ပါးစပ်၊ နှာခေါင်း စတာတွေကို ကိုင်တွယ်ထိတွေ့မိရာကနေ တုပ်ကွေးအပါအဝင် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ခံစားရနိုင်ပါတယ်။  ဒါကြောင့် လက်တွေကိုသာ စနစ်တကျ ဆေးကြောသန့်စင်မယ်ဆိုရင် ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေကိုပါ ရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဆေးတာက နေ့စဉ်ဘဝရဲ့ အလေ့အထသေးသေးလေး တစ်ခုပဲ ဆိုပေမယ့် အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မယ့် အလေ့အထတစ်ရပ်ပါ။  အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မယ့် အလေ့အထသေးသေးလေးတစ်ခု[/caption] လက်ဆေးခြင်းနဲ့ ကျန်းမာရေး  ရေနဲ့ဆပ်ပြာကိုသုံးပြီး လက်ကို စနစ်တကျဆေးကြောခြင်းက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။  ရောဂါပိုးတွေကို ဖယ်ရှားပေးနိုင်တယ် - ရေနဲ့ဆပ်ပြာသုံးပြီး လက်ကို စနစ်တကျ သန့်စင်ဆေးကြောပေး တာက လက်ချောင်းတွေနဲ့ လက်အရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်တယ်။ ကိုယ်တိုင်ကို ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တယ် - လက်တွေနဲ့ မျက်နှာကို ထိတွေ့မိတာကြောင့် ကူးစက်နိုင်တဲ့ အဖျားရောဂါတွေကနေ ထိထိရောက်ရောက် ကာကွယ်ဖို့ဆိုရင်လည်း စနစ်တကျ လက်ဆေးရင်း ကာကွယ်လို့ ရပါတယ်။  အခြားသူတွေကို ရောဂါတွေ မကူးစက်အောင် ကာကွယ်ပေးနိုင်တယ် - လက်တွေကို စနစ်တကျဆေးကြော သန့်စင်ခြင်းက အစားအစာတွေနဲ့ အရာဝတ္ထုတွေမှာ ရောဂါပိုးတွေ ကပ်ငြိတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပြီး ကိုယ့်ဆီကနေ အခြားသူတွေဆီကို ရောဂါပိုးတွေ ရောက်ရှိကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။  ဆေးယဉ်ပါးတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ် - လက်ကို စနစ်တကျဆေးကြောတာက ဆေးယဉ်ပါးတာမျိုး မဖြစ်စေဖို့လည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေကို ကျန်းမာစေတယ် - လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး စနစ်တကျ ဆေးကြောပေးတာက မွေးကင်းစကလေးငယ်တွေ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်သလို ကလေးတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောနဲ့ ကူးစက်ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ် ဘယ်အချိန်တွေမှာ လက်ဆေးကြမလဲ! ရောဂါဆိုးတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ကာကွယ်ဖို့အတွက် လက်ဆေးမယ်ဆိုရင်တော့ အခုလို အချိန်တွေမှာ သေချာပေါက် လက်ဆေးသင့်ပါတယ်။  အစားမစားခင် အစားအစာတွေကို ကိုင်တွယ်ချက်ပြုတ်ပြင်ဆင်ခြင်း မပြုမီ ကလေးကို မချီခင် ညစ်ပေတဲ့ အရာတွေ အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေ၊ ကလေးဒိုင်ဘာတွေ ကိုင်ပြီးချိန်တိုင်း ရေအိမ်အဆင်း အပြင်ကပြန်လာတိုင်း နှာချေချောင်းဆိုးပြီးတိုင်း ဆေးရုံဆေးခန်းကနေ ပြန်လာပြီးတိုင်းတွေမှာ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာစွာ သန့်စင်ဆေးကြောဖို့  လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေက လက်တွေမှာ ရှိနေတတ်ပြီး ဒီလက်တွေနဲ့ ကိုင်တွယ်ထိတွေ့ စားသောက်မိတာကြောင့် ပြင်းထန်တဲ့ ကူးစက်ရောဂါတွေကို လူတစ်ဦးဆီကနေ တစ်ဦးဆီ ကူးစက်ပြန့်နှံ့နေ တာပါ။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ အစာအိမ်အူလမ်းကြောင်း ဆီ ဝင်ရောက်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေကိုပါ ကာကွယ်နိုင်ဖို့ ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ စနစ်တကျ လက်ဆေးခြင်း အလေ့အထကို သေချာလေး ကျင့်သုံးလိုက်နာရင်း နေ့စဉ်အလေ့အထ သေးသေးလေး တစ်ခုကနေ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်ကစပြီး ဖန်တီးကြဖို့ တိုက်တွန်းလိုက် ပါရစေရှင့်…..

ဆောင်းပါး