အာရှတခွင်မှာ သတိထားစောင့်ကြည့်လာရတဲ့ နီပါဗိုင်းရပ်စ် (Nipha Virus)
အထွေထွေ

အာရှတခွင်မှာ သတိထားစောင့်ကြည့်လာရတဲ့ နီပါဗိုင်းရပ်စ် (Nipha Virus)

Admin

📅 02.02.2026

အိန္ဒိယနိုင်ငံမှာ နီပါဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ အများအပြား တွေ့ရှိရပြီးနောက်မှာတော့ အာရှတခွင်က နိုင်ငံတော်တော်များများမှာ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက လေဆိပ်တွေမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဆိုပါ နီပါဗိုင်းရပ်စ်က တိရစ္ဆာန်တွေဆီကနေတဆင့် လူတွေဆီကို ကူးစက်တာဖြစ်ပြီး အပြင်းထန်ဆုံးအနေနဲ့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။  လက်ရှိအထိ နိုင်ငံထဲမှာ ရောဂါစစ်ဆေးတွေ့ရှိရသူ ၅ ဦးအထိ ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ဒီဖြစ်ပွားမှုက ကြီးကြီးမားမား ဖြစ်ပွားမှု မရှိပါဘူးလို့ အိန္ဒိယ National Center for Disease Control က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံအနောက်တောင်ပိုင်းက ပြည်နယ်နှစ်ခုကိုတော့ ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်ထားပါတယ်လို့လည်း သတင်းထုတ်ပြန်ထားပါသေးတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာတော့ ကြိုတင်သတိထားမှုတွေ လုပ်ဆောင်နေကြပါပြီ။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ပြည်ပနေဝင်ရောက်လာတဲ့ ခရီးသွားတိုင်းကို စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ကိုဗစ်ကာလကလိုပဲ လုံခြုံရေးနည်းလမ်းတွေကို လုပ်ဆောင်နေပါတယ်၊ လို့ ထိုင်းနိုင်ငံရဲ့ Department of Disease Control (TDDC) က ထုတ်ပြန်ထားပါတယ်။ အဖျားအရမ်းကြီးနေတာမျိုး နဲ့ နီပါဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့ လက္ခဏာ တစ်စုံတရာ တွေ့ရမယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အာရှတခွင်မှာ သတိထားစောင့်ကြည့်လာရတဲ့ နီပါဗိုင်းရပ်စ် (Nipha Virus) အာရှတခွင်မှာ သတိထားစောင့်ကြည့်လာရတဲ့ နီပါဗိုင်းရပ်စ် (Nipha Virus)[/caption] နီပါဗိုင်းရပ်စ်က အာရုံကြောဆိုင်ရာထိခိုက်စေတဲ့ လက္ခဏာတွေကို ခံစားရနိုင်သလို သေဆုံးမှုနှုန်းလည်း မြင့်တယ်လို့ TDDCရဲ့ Director General ကပြောပြပါတယ်။ နီပါဗိုင်းရပ်စ်က တိရစ္ဆာန်တွေဆီကနေ လူတွေကို ကူးစက်တာဖြစ်ပြီး များသောအားဖြင့်ကတော့ လင်းနို့တွေ စားလိုက်တဲ့ သစ်သီးတွေကနေတဆင့် ကူးစက်သလို ဝက်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။  ရောဂါလက္ခဏာတွေအနေနဲ့ အဖျားကြီးတာနဲ့အတူ ပြင်းထန်တဲ့ ဦးနှောက်ပိုးဝင်ကူးစက်မှုတွေကို ခံစားရနိုင် ပါတယ်။ အချို့သော အခြေအနေမှာ သေဆုံးသည်အထိ ခံစားရနိုင်ပါတယ်။  နီပါဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့ဆိုရင် - 

  • သစ်သီးတွေကို မစားခင်မှာ ရေနဲ့သေချာလေး ဆေးကြောပါ
  • တိရစ္ဆာန်ကိုက်ထားတဲ့ သစ်သီးတွေကို မစားပါနဲ့ 
  • ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် ကလိုရင်းခတ်ထားတဲ့ရေကို သောက်ပါ
  • တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့မှုကို ရှောင်ပါ
  • တစ်ခုခုကို ကိုင်တွယ်ထိတွေ့တိုင်းနဲ့ အပြင်က ပြန်လာတိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောပေးပါ
  • အပြင်သွားတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်းကို တပ်ဆင်ပါ
  • အသားတွေကို သေချာကျက်အောင် ချက်ပြီးမှ စားပါ
  • ဖျားနာနေတဲ့သူတွေနဲ့ နေထိုင်မကောင်းတဲ့ တိရစ္ဆာန်တွေကို ထိတွေ့တာမျိုး မလုပ်ပါနဲ့
  • ရောဂါပိုးကူးစက်ခံထားရသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မှုကို ရှောင်ပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
  • ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ

ဘယ်လိုကူးစက်ပြန့်နှံ့လည်းဆိုတာကို သေချာလေး သိရှိရစေဖို့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို လုပ်ဆောင်နေ ပါတယ် လို့ အိန္ဒိယ National Center for Disease Control က တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထား ပါတယ်။ References: [ medicinenet]

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!