အစာအိမ်အူလမ်းကြောင်း မကျန်းမာဘူးဆိုတဲ့ သတိပေးလက္ခဏာများ
အစာအိမ်အူလမ်းကြောင်းက မကျန်းမာတော့ဘူးဆိုရင် အစာခြေစနစ်မှာတင် မကျန်းမာတာကို ခံစားရတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေမှာပါ ပြောင်းလဲမှုတွေကို အခုလို ခံစားရနိုင်ပါတယ်။- အစာခြေစနစ် ကျန်းမာရေးမကောင်းတာ
- ခြေကုန်လက်ပမ်းကျတာ
- အရေပြားပြဿနာတွေ ခံစားရတာ
- ခဏခဏ ဖျားတာ
- အချိုကိုပဲ စားချင်နေတာ
- အိပ်မပျော်တာ
- အာရုံစိုက်ဖို့ ခက်တာ
Lotoshinn ရဲ့ စကားလက်ဆောင် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရတာမျိုး ရှိမယ်၊ ဒါတွေအပြင် ဝမ်းသွားရင် သွေးပါမယ်။ အန်ရင် သွေးပါမယ်။ အကြေင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် တိုးလာမယ်၊ ကျသွားမယ်၊ အမြဲလိုလို ခြေကုန်လက်ပမ်းကျနေမယ်၊ ဗိုက်ထဲက ပြင်းပြင်းထန်ထန်အောင့်မယ်၊ ဗိုက်က အမြဲလိုလို အောင့်နေမယ်၊ ဝမ်းသွားတဲ့ အလေ့အထ ရုတ်တရက်ပြောင်းသွားတာမျိုးဖြစ်မယ်ဆိုရင်တော့ အမြန်ဆုံး ကုသစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!