ဆံသားကျန်းမာစေဖို့ ဘာတွေ စားပေးရမလဲ!
အထွေထွေ

ဆံသားကျန်းမာစေဖို့ ဘာတွေ စားပေးရမလဲ!

Admin

📅 06.07.2026



ဆံပင်ကျွတ်တာက အခုဆိုရင် အသက်အရွယ်တိုင်းလိုလိုမှာ တွေ့ကြုံခံစားလာရတဲ့ အလှအပနဲ့ ကျန်းမာရေးရာပြဿနာတစ်ခုဖြစ်လို့လာပါတယ်။ ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေ ကတော့ အများကြီးပါ။ မျိုးဗီဇကြောင့် ဖြစ်နိုင်သလို ဟော်မုန်းပြောင်းလဲတာ ကျန်းမာရေးပြဿနာတွေ စိတ်ဖိစီးမှုများတာ နေ့စဉ်နေထိုင်မှု အလေ့အထတွေကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေကြောင့်ပါ။ 

ဒီလိုမျိုးနေ့စဉ်မှာ စိတ်ရှုပ်စေတဲ့ ဆံပင်ကျွတ်တာကို သက်သာစေနိုင်တဲ့ အကြောင်းအရင်းတွေကို မျှဝေပေးလိုက်ပါတယ်။ 


အာဟာရဓာတ်တွေနဲ့ ဆံသားကျန်းမာရေး


ဆံသားကျန်းမာစေဖို့ အာဟာရဓာတ်တစ်ခုချင်းစီက မတူညီစွာ အာဟာရဖြည့်ပေးပါတယ်။ 


  • ပရိုတင်း - ဆံသားကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်

  • သံဓာတ် - ဦးရေပြားနဲ့ ဆံသားမွေးညှင်းပေါက်တွေကို အောက်ဆီဂျင်ထောက်ပံ့ပေးပါတယ်

  • Omega-3 fatty acids - ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်

  • ဇင့် - တစ်ရှူးတွေကိုပြုပြင်ပေးပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်

  • ဗီတာမင် A၊ C၊ D နဲ့ ဘိုင်အိုတင် - ဆံပင်အမြစ်တွေကို သန်မာစေပြီး ဆံပင်မွေးညှင်းတွေကို ကျန်းမာစေတယ်။


တစ်ခုတည်းစားရုံနဲ့တော့ ဆံပင်တွေကို ပြီးပြည့်စုံစွာ ကျန်းမာစေဖို့ မထောက်ကူပေးနိုင်ပါဘူး။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ အခုပြောခဲ့တဲ့ အစားအစာတွေကို အာဟာရပြည့်ပြည့်ဝဝ ပါဝင်အောင် စားသုံးသင့်ပါတယ်။


ဆံသားကို များသောအားဖြင့် ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆံပင်မွေးညှင်းပေါက်တစ်ခုချင်းစီတိုင်းက ကျန်းမာပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ဆိုရင်အာဟာရတွေကို လုံလောက်အောင် စားသုံးမိဖို့ လိုမှာပါ။ ခန္ဓာကိုယ်မှာ အချို့သော ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ မပြည့်ဝဘူးဆိုရင် ဆံသား ဖြစ်ထွန်းမှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုကနေ ဆံပင်ကျွတ်တာ၊ ဆံသားကျွတ်ဆတ်တာ၊ အဖျားနှစ်ခွဖြစ်တာတွေကို ဖြစ်စေတာပါ။


ဆံသားကျန်းမာစေဖို့ ဘာတွေ စားပေးရမလဲ!


ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ နဲ့  ဦးရေပြားကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်ဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့ ထောက်ကူပေးနိုင်ဖို့ အခုလို အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ 


ဥအမျိုးမျိုး 


ဥအမျိုးမျိုးမှာ အရည်အသွေးပြည့်ဝတဲ့ ပရိုတင်းတွေနဲ့ ဘိုင်အိုတင်တွေ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ် ၂ ခုစလုံးက keratin  လို့ခေါ်တဲ့ ဆံသားကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရဓာတ်ကို ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျိုးပျက်ပြီး ဆံသားကို အရင်းကနေ အဖျားအထိ ကျန်းမာစေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ ကြက်ဥ၊ ဘဲဥ၊ ငုံးဥလိုမျိုး ဥအမျိုးမျိုးကို စားပေးသင့်ပါတယ်။ 


ဆယ်လ်မွန်


ဆယ်လ်မွန်ငါးမှာ ဆံသားမွေးညှင်းအိတ်တွေ အာဟာရပြည့်ဝစေဖို့တဲ့ ဦးရေပြားကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့  omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် D ရရှိစေနိုင်တဲ့ သဘာဝ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ဆံသားကျန်းမာစေဖို့ စားပေးသင့်ပါတယ်။ 


ဟင်းနုနွယ်


ဟင်းနုနွယ်ရွက်မှာ ဆံသားကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ သံဓာတ်၊ ဖောလိတ် နဲ့ ဗီတာမင် A နဲ့ C တို့ပါဝင် နေတာကြောင့် သံဓာတ်စုပ်ယူမှုကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က ဦးရေပြားမှာ သဘာဝအဆီကို ထွက်ရှိစေပြီး ဆံသားကို အစိုဓာတ်ပြည့်ဝစေပြီး ဆံသားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။


အစေ့အဆန် နဲ့ အခွံမာသီးတွေ


အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ချိုင်ယာစေ့တွေမှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေသလို Omega-3 Fatty Acid တွေ ပါဝင်နေတာကြောင့် ဦးရေပြားကို ကျန်းမာစေပြီး ဆံသားမွေးညှင်းပေါက်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


ကန်စွန်းဥ 


ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်းပါဝင်မှု မြင့်မားနေတာကြောင့် ဆံသားနဲ့ ဦးရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပြီး ဆံပင်ကျွတ်သက်သာစေဖို့နဲ့ ဆံပင်အသစ်တွေထွက်လာစေဖို့ ထောက်ကူပေးပါတယ်။ 


ဆံသားကျန်းမာစေဖို့ လိုက်နာစရာ နေ့စဉ် အလေ့အထများ


ဆံသားကျန်းမာစေဖို့   နေ့စဉ်တိုင်းမှာ - 


  • ရေဓာတ်ပြည့်ဝအောင် သောက်ပါ

  • စိတ်ဖိစီးမှုကို ဖြေလျော့ပါ

  • ဆံပင်ကို အပူအရမ်းပေးတာမျိုး မလုပ်ပါနဲ့

  • ခဏခဏ ဆေးဆိုးတာ ပုံသွင်းတာမျိုးတွေ မလုပ်ပါနဲ့

  • ခေါင်းလျှော်ရည်အပြင်းစားတွေ မသုံးပါနဲ့

  • ဦးရေပြားကို အလျဉ်းသင့်သလို နှိပ်နယ်ပေးပါ


Lotoshinn ရဲ့ စကားလက်ဆောင်


ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တာကြောင့် သေချာလေး ထိန်းသိမ်းဖို့ လိုအပ်ပါမယ်။ ဒီလို ထိန်းသိမ်းတဲ့နေရာမှာလည်း ဆံသားထိန်းသိမ်းမှု ပစ္စည်းတွေကို သေချာလေးဂရုစိုက်တာအပြင် နေ့စဉ်နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့လည်း လိုပါမယ်။




0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!