အမျိုးသမီးကျန်းမာရေး

ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။

တားဆေး သောက်ပါလျက်နဲ့ ဘာကြောင့် မတော်တဆ ကိုယ်ဝန်ရသွားတာလဲ?

တားဆေး သောက်ပါလျက်နဲ့ ဘာကြောင့် မတော်တဆ ကိုယ်ဝန်ရသွားတာလဲ?

တားဆေးသောက်တယ်ဆိုတာ ကိုယ်ဝန်မရချင်လို့ဆိုတာကိုတော့ ထွေထွေထူးထူး ရှင်းပြစရာ မလိုအောင် အားလုံးက သိထားပြီးတော့ ဖြစ်မှာပါ။ ဒီလို သောက်နေရင်းကမှ ကိုယ်ဝန်ရသွားတာမျိုးရော ရှိနိုင်မလား၊ ရှိတယ်ဆိုရင်ရော ဘာကြောင့်ဖြစ်မလဲ? ဆိုပြီး သိချင်နေတဲ့ သူလေးတွေ ရှိမလား။ ဒါဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ⚠တားဆေးသောက်ရင်း ကိုယ်ဝန်ရနိုင်လို့လား ဒီမေးခွန်းကို တိုတိုတုတ်တုတ် ဖြေပေးရမယ်ဆိုရင်တော့ ရနိုင်တာပေါ့လို့ပေါ့။ တကယ်ကတော့ တားဆေးမှရယ် မဟုတ်ပါဘူး။ အမျိုးမျိုးသော သားဆက်ခြားနည်းတွေက ရာနှုန်းပြည့် ကိုယ်ဝန်ကို မတားဆီးပေးနိုင်ပါဘူး အများဆုံးသော ထိရောက်မှုက၉၉% ပါ။ အနည်းဆုံးအားဖြင့် ကိုယ်ဝန်ရနိုင်ခြေက ၁% လေးတော့ ရှိနေသေးတာပေါ့။ တားဆေး သောက်ဆေးတွေက ပုံမှန်အားဖြင့် ကောင်းကောင်း အလုပ်ဖြစ်ပေမယ့် အချို့သောအခြေအနေတွေမှာတော့ ဆေးရဲ့ ထိရောက်မှုကို လျော့နည်းစေတာမျိုးတော့ ရှိတာပေါ့။ ဒီအခြေအနေကပဲ မလိုချင်ဘဲ ကိုယ်ဝန်ရရှိလာစေတာပါ။ ဘယ်လို အခြေအနေတွေလဲဆိုတော့ အခုလို အခြေအနေတွေပါ။ ⚠ရက်ကျော်သွားတာ - ပြောချင်တာကတော့ ဆေးသောက်ဖို့ မေ့သွားတာပေါ့။ ပုံမှန်သောက်ဆေး တားဆေးက တစ်နေ့ကို တစ်လုံး ပုံမှန် သောက်ရတာဖြစ်ပြီး တစ်ရက်တစ်လေ မသောက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကိုယ်ထဲမှာ ဟော်မုန်းပမာဏတွေ ကမောက်ကမ ဖြစ်ပြီး ကိုယ်ဝန်ကို တားဆီးပေးနိုင်စွမ်း ကျဆင်းသွားပါတယ်။ ⚠ ပြန်အန်တာ၊ ဝမ်းလျှောတာ - အချို့လူတွေက တားဆေးကို ရက်မှန်မှန် သောက်ပေမယ့် အဲ့အချိန်မှာ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် အော့အန်တာမျိုး၊ ဝမ်းလျှောတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆေးကို ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်ခင်မှာ ဆေးက အန်တာ ဒါမှမဟုတ် ဝမ်းသွားတာကနေ တဆင့် ပါသွားပါတယ်။ ဒီအခြေအနေမျိုးမှာ နောက်တစ်လုံလော်က ထပ်သောက်တာမျိုး ဖြစ်ဖြစ် လုပ်ဖို့ လိုပါမယ်။ ⚠ အချိန်မှန် မသောက်တာ - ပုံမှန် သောက်ရတဲ့ တားဆေးသောက်ဆေးက အချိန်မှန်မှန်လေး သောက်ဖို့ လိုပါမယ်။ တကယ်လို့ ဆေးကို အချိန်မှန်မှန် မသောက်မိဘူးဆိုရင်တော့ ဟော်မုန်းပမာဏကို တည်ငြိမ်အောင် ထိန်းထားဖို့ ခက်ပြီး ဆေးရဲ့ ထိရောက်မှုကို ကျဆင်းစေမှာပါ။ ⚠ဆေးကဒ်သစ် စသောက်ချိန်မှာ မှန်မှန်ကန်ကန် မသောက်မိတာ - ဆေးကဒ် တစ်ကဒ်ကုန်လို့ အသစ်တစ်ကဒ်သောက်ချိန်မှာ အချိန်မီ မသောက်မိတာ၊ ဆေးကို ရက်နည်းနည်းခြားပြီးမှာ ကဒ် အသစ်သောက်မိတာမျိုးတွေ လုပ်မယ်ဆိုရင် ဆေးရဲ့ အာနိသင် ကျသွားပြီး ကိုယ်ဝန်ရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ⚠ တခြားဆေးတွေ သောက်ထားမိနေတာ - အချို့သော သောက်ဆေးတွေက တားဆေးသောက်ဆေးရဲ့ အာနိသင်ထိရောက်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဥပမာ - ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးမျိုးတွေပါ။ ဒီလို ဆေးတွေ သော်ကနေရတယ်ဆိုရင် ပုံမှန်တားဆေး သောက်တာအပြင် အတူနေပြီး ၄၈ နာရီကြာတိုင်းမှာ ဆေး တစ်လုံး သောက်ဖို့ လိုပါမယ်။ ဒီတော့ အနှစ်ချုပ်ပြောရမယ်ဆိုရင် တားဆေးကို နည်းလမ်းမှန်မှန် သောက်ဖို့ လိုပါမယ်။ လေ့လာမှုတွေအရ သိရတာတော့ ဒီလို သောက်နေရင်းကတောင် အမျိုးသမီး ၁၀၀ မှာ ၁ ယောက်လောက်က ၁ နှစ်တာအတွင်းမှာ ဆေးသောက်ရင်းကနေ ကိုယ်ဝန်ရသွားတာမျိုး ရှိနိုင်ပါတယ်။ ဆေးကို စနစ်တကျ မသောက်သူတွေမှာတော့ ၁၀၀ မှာ ၉ ယောက်နှုန်းလောက် တားဆေးသောက်ရင်း ကိုယ်ဝန်ရသွားနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။