အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

ရှောက်ချိုသီး စားရင်း ကျန်းမာပါ

ရှောက်ချိုသီး စားရင်း ကျန်းမာပါ

ရှောက်ချိုသီး လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာက အကွင်းလိုက်လေးလှီး။ ဆားလေးနည်းနည်း၊  ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ နယ်ပြီး စားတာကိုဟုတ်။ နောက်ပြီး အချို့ဆိုရင် ရှောက်ချိုသီးလေးကို ခံတွင်းရှင်းပြီး အအီပြေအောင်ဆိုပြီး ဖျော်ရည် ဖျော်သောက်တာပါ။ ရှောက်ချိုသီးကို ခံတွင်းတွေ့အောင် အမျိုးမျိုး လုပ်စားကြပေမယ့် ရှောက်ချိုသီး စားရင် ကျန်းမာစေမယ်ဆိုတာကိုတော့ သိသူ ရှိသူလို မသိသူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ရှောက်ချိုသီးစားရင် ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ရှောက်ချိုသီး ဆိုတာ ရှောက်ချိုသီးက အိန္ဒိယ မျိုးရင်းပင်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနေရာတော်တော်များများမှာ ပေါက်ရောက်ပါတယ်။ ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီးမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ အပေါ်ခွံက လိမ္မော်သီးခွံလို ခွာရတော့ မလွယ်ပါဘူး အပေါ်ခွံအောက်မှာ ဂွမ်းသားလေး ပါတတ်ပြီး အဲ့အလွှာလေးကို ဖယ်လိုက်မှာ ရှောက်ချိုသီး လိမ္မော်ရောင် အမွှာလေးတွေကို မြင်ရတာပါ။ အမွှာဆိုတာက အရာလေးတွေသာ ပါတာမျိုး ဖြစ်ပြီး လိမ္မော်သီးလိုတော့ စားလို့မရပါဘူး။ ဒါကြောင့်လည်း ရှောက်ချိုသီးကို အကွင်းလိုက်လေး လှီးပြီးဖြစ်ဖြစ် အစိတ်လေးတွေ လှီးပြီးဖြစ်ဖြစ် စားကြတာပါ။ ရှောက်ချိုသီး ကပေးတဲ့ အာဟာရ ချိုချိုချဉ်ချဉ်နဲ့ ခံတွင်းရှင်းတဲ့ ရှောက်ချိုသီးမှာ - ကယ်လ်လိုရီ ပိုတက်ဆီယမ် အမျှင်ဓာတ် သံဓာတ် ကယ်လ်ဆီယမ် ဖော့စဖရပ် ပရိုတင်း ဗီတာမင် C ဗီတာမင် A ဖလေဗာနွိုက် တို့ ပါဝင်နေပါတယ်။ ရှောက်ချိုသီး စားရင်း ကျန်းမာပါ ရှောက်ချိုသီး စားရင်း ကျန်းမာပါ လို့ ပြောရတာက ရှောက်ချိုသီးလေးက ခွာရတာ နည်းနည်းအလုပ်ရှုပ်ပေမယ့် ခန္ဓာကိုယ်အတွက် အခုလို ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်လို့ပါ။ အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ် ရှောက်ချိုသီးက  အူနံရံတွေကို အာဟာရတွေစုပ်ယူမှုကောင်းအောင် ထောက်ပံ့ပေးသလို အစာခြေစနစ်တလျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်၊ ဗိုက်ရစ်နာတာ၊ မအီမလည်ဖြစ်နေတာတွေကို သက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။ ဗီတာမင် C ပြည့်ဝစေမယ် ခန္ဓာကိုယ်မှာ ဗီတာမင် C နည်းလာတဲ့အခါ အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ သွားဖုံးတွေ ရောင်ရမ်းတာမျိုးဖြစ်စေနိုင်သလို ခံတွင်းနဲ့ လျှာထဲမှာ အနာတွေဖြစ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒီပြဿနာတွေကင်းစေဖို့ဖြစ်ဖြစ် ခံစားနေရလို့ သက်သာဖို့ဖြစ်ဖြစ် ရှောက်ချိုသီးကို စားပေးလို့ ရပါတယ်။ ကိုယ်ခံအားကောင်းစေမယ် ရှောက်ချိုသီးက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသလို ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ မခံစားရစေဖို့နဲ့ ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ သွေးစီးဆင်းမှုကောင်းစေပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံးအနေအထားဖြစ်အောင် တည်ဆောက်ပေးထားတာပါ။ ဆံသားကျန်းမာစေမယ် ဗောက်ပြဿနာ၊ ဆံသားခြောက်တာနဲ့ ဆံပင် အဖျားနှစ်ခွဖြစ်တာလိုမျိုး ဦးရေပြားနဲ့ ဆံသားပြဿနာတွေ ကင်းစေဖို့ဆိုရင် ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးလို့ ရပါတယ်။ အသားအရေ လှစေမယ် အသားအရေခြောက်နေတာ၊ အသားအရောင်မညီတာ၊ အသားကြမ်းတာတွေ သက်သာစေဖို့ဆိုရင် အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။ အနာကျက်မြန်စေဖို့ဝက်ခြံနဲ့ အမျိုးမျိုးသော အရေပြားပြဿနာတွေကိုလည်း သက်သာစေဖို့လည်း စားပေးနိုင်ပါတယ်။ ရေဓာတ် ပြည့်ဝစေမယ် ရှောက်ချိုသီးကို စားပေးတာက ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်မယ့်အပြင်  ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုပါ ပြည့်ဝအောင်ဖြည့်ပေးနိုင်မှာပါ။ အပူလျှပ်တာကို သက်သာစေဖို့လည်းသောက်ပေးလို့ရပါတယ်။ အရိုးကျန်းမာစေမယ် ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက အဆစ်ရောင် ရောဂါကြောင့်ဖြစ်တဲ့ အဆစ်တွေရောင်ရမ်းတာကို သိသိသာသာ သက်သာစေနိုင်သလိုကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းအောင် အားဖြည့်ပေးနိုင်ပြီး အရိုးဆဲလ်တွေ အသစ်ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးသလို အရိုးတွေကို သန်မာစေမှာ အသေအချာပါ။ မျက်လုံး ကျန်းမာစေမယ် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေမှုက အမြင်အာရုံကို ကျန်းမာစေပြီး အမြင်အာရုံဆိုင်ရာ ပြဿနာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းမှန်စေမယ် ရှောက်ချိုသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက ဝမ်းမှန်စေဖို့ အထိရောက်ဆုံးပံ့ပိုးပေးနိုင်ပါတယ်။ ဝမ်းချုပ်တတ်ရင်တော့ ရှောက်ချိုသီးဖျော်ရည်ကို သောက်ပေးပါလို့ပြောပါရစေနော်။ ဝိတ်ကျစေနိုင်တယ် ဝိတ်ချနေရတယ်။ အသီးဖျော်ရည်သောက်ချင်တယ်ဆိုရင် ရှောက်ချိုသီးကို ပျားရည်လေးနဲ့ရောပြီး ရေနွေးနွေးလေးနဲ့ ဖျော်လို့သောက်ပေးပါ။ အဆီကျစေပြီး မလိုချင်တဲ့ ကိုယ်အလေးချိန်အပိုတွေကိုလည်း ကျစေမှာပါ။ သွေးတွင်းအဆီ ကျစေမယ် အမျှင်ဓာတ် ပါဝင်နေသလို ဗီတာမင် C ကြွယ်ဝတဲ့ ရှောက်ချိုသီးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ သွေးတိုးထိန်းပေးမယ် ပိုတက်ဆီယမ် ပါဝင်နေမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့နဲ့ ရုတ်တရက် သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေမယ် ရှောက်ချိုသီးမှာ ပိုတက်ဆီယမ်ပါဝင်နေမှုက ကျောက်ကပ်၊ ဆီးအိမ်တို့ကို ကျန်းမာစေပြီး ဆီးလမ်းကြောင်းမှာပိုးဝင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်နေပြီဆိုရင် သက်သာစေဖို့ဆိုရင် ရှောက်ချိုသီးစားပေးလို့ရပါတယ်။ ဒါတွေအပြင် ရှောက်ချိုသီး စားပေးတာက ပန်းနာရင်ကျပ်၊ ဂေါက်ရောဂါတွေကို သက်သာစေနိုင်သလို ကားမူးတာသက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားသုံးပေးလို့ရပါတယ်။ # ရှောက်ချိုသီး နဲ့ ကျန်းမာရေး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ် ဗီတာမင် C ချို့တဲ့မှု ကင်းစေမယ် ကိုယ်ခံအားကောင်းစေမယ် ဆံသားကျန်းမာစေမယ် အသားအရေ လှပကျန်းမာစေမယ် ရေဓာတ် ပြည့်ဝစေမယ် အရိုးသန်မာစေမယ် အမြင်အာရုံ ကျန်းမာမယ် ဝမ်းချုပ်မှု ကင်းစေမယ် ကင်ဆာကာကွယ်ပေးမယ် ဝိတ်ကျစေမယ် ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေမယ် သွေးတွင်းအဆီကျစေမယ် သွေးတိုးထိန်းညှိပေးမယ်။

ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား!

ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား!

ပြုတ်ပြီး တို့စားလို့ ရသလို ငပိစိမ်းစား၊ ငရုတ်သီးစိမ်းတို့တဲ့ ရေကျန်ဆီကျန် စပ်စပ်ကလေး ချက်စားမယ် ဆိုရင်လည်း အတော်လေးကို ထမင်းမြိန်ပြီး စားလို့ ကောင်းစေတာ အမှန်ပါ။ ဒီလို စားလို့ ကောင်းတဲ့ အသီးလေးကတော့ ခရမ်းသီး သေးသေးလေးတွေလို့ သိကြတဲ့ ခရမ်းပြုတ်သီးလေးပါ။ စားလိုက်ရင် ချိုချိုလေးနဲ့ အနှစ်လေးတွေက အရသာ ကောင်းလှတဲ့ ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား! ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ nhjb nခရမ်းပြုတ်သီး ဆိုတာ ခရမ်းပြုတ်သီး ဆိုတာက ခရမ်းရောင်ရှိတဲ့ အသီးတစ်မျိုးပါ။ အခွံက ခရမ်းရောင် ရှိပြီး အတွင်းသားက အဖြူရောင် ခပ်ပွပွလေးပါ။ ခရမ်းသီး ကြီးတွေလောက်တော့ မပွဘူးပေါ့။ အူတိုင်မှာ အစေ့လေးတွေပါပါတယ်။ ရှည်မြောမြော လေးတွေ ရှိသလို ပုလုံးလုံးလေးတွေလည်း ရှိပါတယ်။ ပြုတ်စားလိုက်ရင် အတော်လေးကို ကောင်းတာပါ။ ခရမ်းပြုတ်သီးမှာ ဘာတွေပါ ခရမ်းသီးပြုတ်သီးမှာ ခရမ်းသီးမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ - ကာဗိုဟိုက်ဒရိတ် ပရိုတင်း ဗီတာမင်တွေ သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။ ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား! ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား! ဆိုတော့ အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ (၁) နှလုံးကျန်းမာစေတယ် ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံးသွေးကြော ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို သွေးတွင်းကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းပြုတ်သီးမှာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့လည်း ထောက်ကူပေးပါသေး တယ်။ (၂) ဦးနှောက် ကျန်းမာစေတယ် ခရမ်းသီးမှာ ပါဝင်နေတဲ့ nasunin ဟာ ဦးနှောက်ထဲက အဆီဓာတ်တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဦးနှောက်ဆဲလ်အမြှေးတွေထဲမှာ တွေ့ရတဲ့ သည်အဆီတွေက အာဟာရဓာတ်တွေကို စုပ်ယူပေးပြီး ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ (၃) သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ် ခရမ်းပြုတ်သီးမှာ အာဟာရဓာတ် ကြွယ်ဝသလို အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ခရမ်းပြုတ်သီးကို စားပေးလို့ ရပါတယ်။ (၄) ကိုယ်အလေးချိန်ကို ထိန်းပေးတယ် ကဲ … ဝိတ်ချဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အမျှင်ဓာတ် ကြွယ်ဝပြီး အဆာခံနိုင်စေမယ့် ခရမ်းသီးပြုတ်သီးလေးကို စားပေးလို့ ရပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာက ကိုယ်အလေးချိန်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်မှာပါ။ (၅) အသားအရေ ကျန်းမာစေတယ် ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတဲ့ ခရမ်းပြုတ်သီးက အသားအရေကို နေရောင်ကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးသလို အခြားအခြားသော အရေပြား ပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ၊ အရေးအကြောင်းဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ အမည်းစက်တွေ၊ အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ (၆) အရိုးသန်မာစေတယ် ကယ်လ်ဆီယမ် ပါဝင်နေတဲ့ ခရမ်းပြုတ်သီးက အရိုးတွေကို သန်မာစေပြီး အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့်လည်း အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ (၇) စိတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေတယ် ခရမ်းပြုတ်သီးမှာ Serotonin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးချို့တဲ့တဲ့အခါ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေတယ်လို့ သုတေသီတွေကပြောကြပါတယ်။ ခရမ်းသီးမှာ serotonin အါဝင်တာကြောင့် စိတ်ကျရောဂါကို သက်သာလျော့ပါးစေပါတယ်။ (၉) အစာခြေစနစ်ကို ကောင်းစေတယ် ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ခရမ်းပြုတ်သီးတွေဟာ အစာခြေစနစ်အတွက်ကောင်းတာကြောင့် စားသင့်တဲ့အသီးဖြစ်ပါတယ်။ တို့စရာ အနေနဲ့ စားလေ့ရှိကြတဲ့ ခရမ်းသီးပေါက်စလေး ခရမ်းပြုတ်သီးလေးက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ ဘာတွေ သတိထားရမလဲ ခရမ်းသီးပြုတ်သီးက လူတိုင်းနဲ့ တည့်ပေးမယ့် လေပွစေနိုင်တာကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်နေမယ်၊ ရောဂါအခံ တစ်ခုခု ရှိမယ်၊ နို့တိုက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ လိုပါမယ်။

ဆောင်းပါး