Green Tea ဆိုတာကို အထူးတလည် မိတ်ဆက်ပေးစရာ မလိုဘဲ တော်တော်များများ သိထားပြီ ဖြစ်မှာပါ။ လက်ဖက်စိမ်းရေနွေးကြမ်းလို့ ခေါ်ကြတာမျိုးရှိသလို green tea လို့ပဲ ခေါ်ကြတာမျိုးလည်း ရှိပါတယ်။ ဒီလိုမျိုး Green Tea လို့ သိထားကြတဲ့ လက်ဖက်ခြောက်ဟာ ရုက္ခဗေဒအမည် Camellia sinensis လို့ဆိုတဲ့ လက်ဖက်ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Oo Long Tea နဲ့ black tea ဆိုတာတွေလည်း လက်ဖက်ရွက်ကနေပဲ ထုတ်လုပ်ထားပြီး ပြုလုပ်တဲ့အဆင့်ပဲ ကွာခြားသွားတာပါ။
ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာ၊ သွေးတွင်းအဆီကို လျှော့ချပေးတာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာကြောင့် Green Tea သောက်ရင် ကျန်းမာမယ်လို့ အားလုံးက သိရှိလက်ခံထားကြပြီး ဖြစ်မှာပါ။
ဒီလိုဆိုတော့ နေ့တိုင်း Green Tea ကို များများသောက်နိုင်လေ၊ ပိုကောင်းလေလား လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ တန်ဆေး လွန်ဘေးတိုတာကလည်း ရှိသေးတယ်လေ။ နောက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မှာ ကျန်းမာရေးအခံချင်းကလည်း မတူဘူးဆိုတော့ Green Tea ကို လိုတာထက် ပိုမသောက်မိဖို့တော့ လိုပါမယ်။
အထွေထွေ
Green Tea ကို ကျန်းမာရေးနဲ့ ညီအောင် ဒီလိုသောက်ပါ
Admin
📅 18.06.2024
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!