ပရိုတင်းကြွယ်ဝတဲ့ မနက်စာ ဘယ်လောက်ထိ ကောင်းကျိုးများသလဲ!
အထွေထွေ

ပရိုတင်းကြွယ်ဝတဲ့ မနက်စာ ဘယ်လောက်ထိ ကောင်းကျိုးများသလဲ!

Aye Thi Mon

📅 21.09.2026

တစ်နေ့တာမှာ အင်အားပြည့်ဝစွာနဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေကို အဆင်ပြေစေဖို့ဆိုရင်တော့ မနက်ခင်းတိုင်းမှာ မနက်စာကို မဖြစ်မနေ စားသုံးဖို့ လိုပါမယ်။ ဒီလိုစားသုံးတဲ့အခါမှာလည်း Processed Food တွေ အမြန်စားတွေအစား စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် ထောက်ကူပေးနိုင်ဖို့ ပရိုတင်းကြွယ်ဝတဲ့ မနက်စာကို စားပေးဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီး ပြောပြ ပေးမယ်နော် …..


ပရိုတင်းကြွယ်ဝတဲ့ မနက်စာ ဘယ်လောက်ထိ ကောင်းကျိုးများသလဲ!


မနက်စာမှာ ပရိုတင်းကို ၂၀ ဂရမ် ကနေ ၃၀ ဂရမ်လောက်ပါတဲ့ အစားအစာတွေကို စားဖို့ လိုပါမယ်။ ပရိုတင်းကြွယ်ဝတဲ့ မနက်စာကို စားပေးတာက ဗိုက်ပြည့်ရုံ စိတ်ကျေနပ်စေရုံတင် မဟုတ်ဘဲ အခုလို ကောင်းကျိုးလေးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။


  • သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်


ပရိုတင်းပြည့်ပြည့်ဝဝပါတဲ့ မနက်စာတွေကို စားသုံးပေးတာက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပရိုတင်းက ချေဖျက်ဖို့ဆိုရင် အချိန်တစ်ခု ပေးရတာကြောင့် ဗိုက်ပြည့်စေဖို့ ထောက်ကူပေးနိုင်သလို အင်အားပြည့်ဝ နေစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 


  • ခဏခဏ မစားဖြစ်အောင် ထိန်းပေးနိုင်တယ်


ပရိုတင်းက အဆာခံနိုင်စေတာမို့ ခဏခဏ မစားဖြစ်အောင် ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် စားချင်စိတ်ကြောင့် မလိုအပ်ဘဲ စားမိပြီး အဆီတက်တာမျိုုးမဖြစ်စေဖို့ရော ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 


  • ကြွက်သားတက်စေဖို့ ထောက်ကူပေးနိုင်တယ်


ပရိုတင်းပါဝင်တဲ့ မနက်စာက ကြွက်သားတစ်ရှူးတွေ အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို အသက်အရွယ်ရလာလို့ ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 


  • အင်အားပြည့်ဝစေတယ်


ပရိုတင်းက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့အတွက် ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့တာကို အင်အားပြည့်ဝစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ပရိုတင်းပြည့်ဝတဲ့ မနက်စာကို စားပေးဖို့ လိုပါမယ်။


  • အာရုံစူးစိုက်မှု ကောင်းစေတယ်


ပရိုတင်းကြွယ်ဝတဲ့ မနက်စာတွေက တစ်နေ့တာမှာ အာရုံစူးစိုက်မှုကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာ ပါ။ ပရိုတင်းပြည့်ဝစွာ စားတာက သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


  • ခဏခဏ မစားမိအောင်ကာကွယ်ပေးတယ်


မဆာဘဲ ခဏခဏ စားတာ အဝလွန်စေနိုင်သလို မလိုအပ်ဘဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ မနက်စာကို စားပေးတာက မလိုအပ်ဘဲ အဝမလွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အဝမလွန်ချင်ဘူးဆိုရင်တော့ ပရိုတင်းကြွယ်ဝတဲ့ မနက်စာကို စားဖို့လိုပါမယ်။


  • ကြွက်သားတွေ သန်မာစေတယ်


ပရိုတင်းကြွယ်ဝတဲ့ မနက်စာကို စားပေးတာက အရွယ်ရောက်လာလို့ ကြွက်သားလျော့နည်းတာ ကြွက်သားထု ဆုံးရှုံးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားတွေ သန်မာစေဖို့အတွက် ပရိုတင်း ကြွယ်ဝတဲ့ မနက်စာကို စားပေးပါတယ်။ 

ပရိုတင်းကြွယ်ဝတဲ့ မနက်စာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် ပရိုတင်းကြွယ်ဝတဲ့ မနက်စာလေးကို စားပေးဖို့ လိုပါမယ်။ 


Lotoshinn ရဲ့ စကားလက်ဆောင်


မနက်စာ ပုံမှန်စားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ မနက်စာက ပိုပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ ဒီတော့ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ပရိုတင်းကြွယ်ဝတဲ့ မနက်စာလေး စားဖို့ အကြံပြုလိုက်ပါရစေနော်…



0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!