ဗီတာမင် D နည်းနေရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!
အထွေထွေ

ဗီတာမင် D နည်းနေရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!

Aye Thi Mon

📅 15.09.2026

ဗီတာမင် D ချို့တဲ့တယ်ဆိုတာက ခန္ဓာကိုယ်မှာ ဗီတာမင် D မလုံလောက်တာကို ဆိုလိုတာပါ။ ဗီတာမင် D မလုံလောက်တဲ့အခါ အရိုးတွေနဲ့ ကြွက်သားတွေမှာ ထိခိုက်ခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။ 


ဗီတာမင် D ဆိုတာက ခန္ဓာကိုယ်မှာပုံမှန်အရိုးတွေ ဖွံ့ဖြိုးမှုဖြစ်စေဖို့နဲ့ အရိုးတွေကျန်းမာစေဖို့ ထောက်ကူပေး နိုင်ပါတယ်။ ဗီတာမင် D က အာရုံကြောစနစ်တွေ ကျန်းမာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အရိုးနဲ့ ကြွက်သားစနစ်၊ ကိုယ်ခံအားစနစ်တွေ ကျန်းမာစေဖို့လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါ တယ်။ 


ဗီတာမင် D ကို ဘယ်ကနေ ရနိုင်မလဲ!


ဗီတာမင် D ကို နည်းလမ်းမျိုးစုံနဲ့ ရနိုင်ပါတယ်။ 


  • နေရောင်ခြည်နဲ့ အရေပြား ထိတွေ့မှုကနေတဆင့် ဗီတာမင် D ကို ရနိုင်သလို

  • နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။

  • ဗီတာမင် D ဖြည့်စွက်အာဟာရကနေလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။


ဒီလို အမျိုးမျိုးသောနည်းလမ်းတွေကနေတဆင့် ဗီတာမင် D ကို ရနိုင်စေတယ်ဆိုပေမယ့်လည်း ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့မှုတွေကတော့ ဖြစ်ပွားနေဆဲပါ။ 


ဗီတာမင် D ချို့တဲ့မှုကို ဘယ်သူတွေ အများဆုံး ခံစားရနိုင်လဲ!


လူတိုင်း ကျား/မ မရွေး ဗီတာမင် D ချို့တဲ့မှုကို ခံစားရနိုင်တယ်ဆိုပေမယ့် ကလေးငယ်တွေ၊ မွေးကင်းစ ကလေးငယ်တွေ နဲ့ အရွယ်ရောက်ပြီးသူတွေမှာ ခံစားရနိုင်ပါတယ်။

ဗီတာမင် D ချို့တဲ့မှုကို အသားညိုသူတွေမှာ ပိုခံစားရနိုင်သလို လက်ရှည်အဝတ်အစားတွေ ဝတ်တတ်သူတွေမှာလည်း ဗီတာမင် D ချို့တဲ့မှုကို ပိုခံစားကြရပါတယ်။


ဗီတာမင် D ချို့တဲ့မှု ဘယ်လောက်ထိ အဖြစ်များသလဲ!


ဗီတာမင် D ချို့တဲ့မှုက ကမ္ဘာတလွှားမှာ အဖြစ်များတဲ့ ဗီတာမင်ချို့တဲ့မှုပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၁ ဘီလျံလောက်က ဗီတာမင် D ချို့တဲ့မှုကို ခံစားရပါတယ်။ လူဦးရေ ၅၀% လောက်က ဗီတာမင် D ချို့တဲ့မှုကို ခံစားကြရပါတယ်။


ဗီတာမင် D ဘာကြောင့် အရေးကြီးတာလဲ!


ဗီတာမင် D ဆိုတာက ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေထဲက တစ်မျိုးပါ။ သွေးထဲက ကယ်လ်ဆီယမ်ကို မျှခြေညီစေဖို့ လုပ်ဆောင်ပေးသလို အရိုးတွေသန်မာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ 


အရိုးတွေတည်ဆောက်နိုင်ဖို့နဲ့ တစ်ရှူးတွေ ကျန်းမာအောင်ထောက်ကူပေးနိုင်ဖို့အတွက် ခန္ဓာကိုယ်က ကယ်လ်ဆီယမ်နဲ့ ဖော့စဖော့ရပ်စ်တွေကို အသုံးပြုနိုင်ဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။


ခန္ဓာကိုယ်မှာ ဗီတာမင် D လျော့နည်းနေတာက ကြွက်သားတွေကို အားနည်းစေနိုင်သလို ကြွက်တက်တာ၊ ခြေကုန်လက်ပမ်းကျတာနဲ့ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်ပါတယ်။


ဗီတာမင် D နည်းနေရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!


လူတော်တော်များများမှာ ဗီတာမင် D လျော့နည်းနေပေမယ့် လက္ခဏာမပြတာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်ခါတလေမှာလည်း ဗီတာမင် D လျော့နည်းနေတာက ပုံမှန်ခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ခပ်ဆင်ဆင် တူနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


အတွေ့ရများတဲ့ ဗီတာမင် D ချို့တဲ့မှု လက္ခဏာတွေကတော့ - 


  • အမြဲလိုလို ခြေကုန်လက်ပမ်းကျနေတာ - အမြဲလိုလို ခြေကုန်လက်ပမ်းကျနေတာမျိုးနဲ့ အမြဲကိုယ်ခဲမှာ အားမရှိသလို ခံစားနေရတာမျိုးပါ။

  • အရိုးတွေနာနေတာ - အရိုးအဆစ်တွေ နာကျင်လွယ်တာ၊ ခါးနာတာ၊ တင်ပဆုံနာတာ၊ ခြေထောက်တွေ နာကျင်တာ၊ လက်ကောက်ဝတ်လက်ဆစ်တွေ နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

  • ကြွက်သားတွေ အားနည်းတာ - ကြွက်သားတွေ အားနည်းပြီး လှေကားတက်ဖို့ ခက်တာ၊ ထိုင်ရာကနေ ထဖို့ခက်တာ၊ ခြေထောက်တွေ အရမ်းနာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

  • ကြွက်သားတွေရောင်တာ - ကြွက်သားတွေရောင်ရမ်းတာကိုလည်း ခံစားရနိုင်ပါတယ်။ 

  • စိတ်ခံစားမှု ပြောင်းလဲတာ - ဗီတာမင် D ချို့တဲ့တာက စိတ်ဓာတ်ကျလွယ်တာ၊ စိတ်ခံစားမှု ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

  • မကြာခဏဖျားတာ - ဗီတာမင် D ချို့တဲ့တာက ရာသီအကူးအပြောင်းမှာ ဖျားနာလွယ်တာကို ဖြစ်စေနိုင်သလို ကိုယ်ခံအားနည်းတာကြောင့် ရာသီဥတုအခြေအနေ ပြောင်းလဲမှုဖြစ်တိုင်း ဖျားတာမျိုးကို ခံစားရနိုင်ပါတယ်။

  • အနာကျက်နှေးတာ - ဗီတာမင် D အားနည်းတာက အနာကျက်နှေးစေနိုင်ပြီး  ပုံမှန်ထက် အတော်ကြာမှ အနာကျက်တာမျိုးတွ တွေ့ကြုံရနိုင်ပါတယ်။

  • ဆံပင်ကျွတ်လွယ်ပြီး ဆံပင်ပါးတာ - ခန္ဓာကိုယ်မှာ ဗီတာမင် D နည်းနေမယ်ဆိုရင်လည်း ဆံပင်ကျွတ် လွယ်တာ၊ ဆံပင်ပါးတာတွေကို ခံစားရနိုင်ပါတယ်။


Lotoshinn ရဲ့ စကားလက်ဆောင်


ဗီတာမင် D က စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အများကြီးထောက်ကူပေးနိုင်တာမို့ မနက်ခင်းမှာ နေရောင်နွေးနွေးလေးကို ခံယူပေးတာက၊ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။



ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!