သန်ကျစေတယ်ဆိုပြီး တော်တော်များများ သိထားပြီးသားဖြစ်တဲ့ ဒန့်သလွန်သီးတွေ ဒန့်သလွန်စေ့တွေက ဒါတွေအပြင် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။
ဒန့်သလွန်စေ့ ကျန်းမာရေးကောင်းကျိုးများသလား!
ဟင်းရည်ချက်သောက်သောက်၊ ချဉ်ရည်ဟင်းချက်စားစား စားလို့ကောင်းတဲ့ ဒန့်သလွန်သီးကို စားပေးတာက သန်ကျစေတာအပြင် ဗီတာမင် C၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့အပြင် ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် အခုလို ကျန်းမာရေးကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပါတယ်။
အရောင်ကျစေနိုင်တယ်
ဒန့်သလွန်စေ့က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်း မှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဆဲလ်တွေပျက်စီးနိုင်ခြေ လျှော့ချပေးတယ်
ဒန့်သလွန်စေ့မှာ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့ အခြေအနေကနေ ကာကွယ်ပေးပါတယ်။ နေ့စဉ်ထိတွေ့နေရတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ကျန်းမာရေး ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
သွေးပေါင်ချိန် ထိန်းညှိပေးတယ်
အများသိကြတဲ့အတိုင်း ဒန့်သလွန်ရွက်၊ ဒန့်သလွန်စေ့တွေက သွေးတိုးကျစေသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
နှလုံးကျန်းမာစေတယ်
သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ ဒန့်သလွန်စေ့က နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ရော သွေးတွင်းအဆီကျစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
အမျှင်ဓာတ်ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝမ်းမှန်စေဖို့အတွက် ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်
အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ဖို့ ထောက်ကူပေးပါတယ်။
အရိုးတွေသန်မာစေမယ်
ဒန့်သလွန်သီးနဲ့ ဒန့်သလွန်စေ့မှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဒန့်သလွန်စေ့မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး ဖျားနာမှုကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကြွက်သားနဲ့ အာရုံကြောတွေ ကျန်းမာစေတယ်
ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်သားတွေသန်မာစေဖို့နဲ့ အာရုံကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အသည်းကျန်းမာစေတယ်
ဒန့်သလွန်စေ့က အသည်းကျန်းမာစေပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးနိုင်တာကြောင့် အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ!
ဒန့်သလွန်စေ့က ကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမယ့်
- သွေးပေါင်ကျတတ်သူတွေ
ဒန့်သလွန်စေ့က သွေးပေါင်ကျစေနိုင်တာကြောင့် သွေးပေါင်ကျတတ်သူတွေ အနေနဲ့ မစားသင့်ပါဘူး။
- သွေးကျဆေး ပုံမှန်သောက်နေရသူတွေ
သွေးတိုးရှိတာကြောင့် သွေးကျဆေးပုံမှန်သောက်နေရသူတွေ အနေနဲ့လည်း ဒန့်သလွန်စေ့နဲ့ ဒန့်သလွန်သီးကို မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဒန့်သလွန်သီးနဲ့ ဒန့်သလွန်စေ့တွေက ကျန်းမာရေးကောင်းကျိုးများတာ မှန်ပေမယ့် ကျန်းမာရေးအခံရှိသူတွေ အထူးသဖြင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ သတိထား စားသုံးသင့်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!