ပြောင်းဖူး စားတာ ကျန်းမာစေမလား!
အထွေထွေ

ပြောင်းဖူး စားတာ ကျန်းမာစေမလား!

Aye Thi Mon

📅 02.09.2026


ပြောင်းဖူးက ပြုတ်စားစား ကြော်စားစား ကင်စားစား အရသာရှိသလို စားလို့လည်း ကောင်းလှပါတယ်။ ဒီလို စားလို့ကောင်းတဲ့ ပြောင်းဖူးက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေရရှိနိုင်လဲ ဆိုတာကို မျှဝေပေးချင် ပါတယ်။ 


ပြောင်းဖူး စားတာ ကျန်းမာစေမလား!


ပြောင်းဖူးက အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်နေတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 


  • မျက်လုံးကျန်းမာစေတယ်


အဝါရောင် ပြောင်းဖူးမှာ မျက်လုံးရဲ့ မျက်ကြည်လွှာတွေကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ lutein နဲ့ zeaxanthinတို့လိုမျိုး carotenoid ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၂ မျိုး ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်ရလာလို့ အမြင်အာရုံအားနည်းတာနဲ့ ရေတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။


  • အစာခြေစနစ်ကျန်းမာစေတယ်


ပြောင်းဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးသလို အူနံရံတွေရဲ့ အာဟာစုပ်ယူမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။



  • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်


ပြောင်းဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

  • နှလုံးကျန်းမာစေတယ်


ပြောင်းဖူးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာ‌ကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို နှလုံးကို စည်းချက်မှန်စေပြီး သွေးတွင်းအဆီကျစေဖို့ ထောက်ကူပေးပါတယ်။ နှလုံးကျန်းမာပြီး နှလုံးသွေးကြောတွေထဲက သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ပြောင်းဖူးက ထောက်ကူပေးပါတယ်။


  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်တယ်


ပြောင်းဖူး ဝါဝါလေးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နာတာရှည်ကျန်းမာရေးပြသနာတွေ ခံစားရနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ 


  • အင်အားပြည့်ဝစေတယ်


ပြောင်းဖူးမှာ ကစီဓာတ် ပါဝင်နေတာကြောင့် ကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ချင်တယ်ဆိုရင် ပြောင်းဖူး စားပေးလို့ ရပါတယ်။ 


Lotoshinn ရဲ့ စကားလက်ဆောင်


ပြောင်းဖူးကို တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက် စားပေးတာက ခန္ဓာကိုယ်မှာ ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ပြောင်းဖူးကို မိမိနှစ်သက်ရာ ပုံစံနဲ့ စားပေးလို့ ရပါတယ်။ 




ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!