မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နှင့်ကလေးကျန်းမာရေးဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးနောက်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပြီး၊ ရောဂါများကိုကာကွယ်ရန်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်သည်။

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့

ဘေဘီလေးကို ဗိုက်ထဲမှာ လွယ်ထားစဉ်ကတည်းက ကျန်းမာစွာနဲ့ မွေးဖွားလာစေဖို့ စိတ်ကူးရှိသလို ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေချင်တဲ့ ဆန္ဒလေးလည်း ရှိတတ်ကြစမြဲပါ။ ကလေးကို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့နဲ့ ဗိုက်ထဲမှာ ရှိစဉ်ကတည်းက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ အတွက် လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။  ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့  ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုး ကောင်းစေဖို့အတွက် ဘေဘီလေးကို ဗိုက်ထဲမှာ လွယ်ထားရစဉ် ကတည်းက နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။  ကလေးကို လှုံ့ဆော်ပေးတဲ့ အပြုအမူလေးတွေ လုပ်ဆောင်ပေးပါ (အသံပြုတာ၊ ထိတွေ့ပေးတာမျိုးပါ) ကလေးကို စကားပြောပေးပါ - ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်စတင်ချိန်မှာ ကလေးက အသံတွေကို စကြားနိုင်ပါပြီ။ ကိုယ်ဝန် ၂၄ ပတ်မှာ ကလေးက အသံတွေကိုစပြီး ခွဲခြားသိလာပါပြီ။ ဒါကြောင့် ကလေးကို ညင်ညင်သာသာလေး စကားပြောပေးပါ။ စာဖတ်ပြပါ - ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ထောက်ကူပေးနိုင်မယ့် စာလေးတွေ ဖတ်ပြပေးတာကလည်း ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။  သီချင်းဖွင့်ပေးပါ - ငြိမ့်ညောင်းတဲ့ သီချင်းသံစဉ်တွေက ကလေးရဲ့ အာရုံကြောဆဲလ်တွေရဲ့ ချိတ်ဆက်မှုကို ကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လွယ်ထားရချိန်မှာ သီးချင်းအေးအေးလေးတွေ နားထောင်ပေးပါ။ နူးနူးညံ့ညံ့လေး ထိတွေ့ပေးပါ - ဗိုက်ထဲက ကလေးလေးကို တိုက်ရိုက်ထိတွေ့လို့ မရပေမယ့် ဗိုက်ကလေးကို ခပ်ဖွဖွလေး ပုံမှန် ထိတွေ့ပေးတာက မေမေနဲ့ ဘေဘီလေးကြားမှာ သံယောဇဉ်တိုးစေပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ကလေးက ကန်ရင် နူးနူးညံ့ညံ့လေး ထိတွေ့ပေးပါ - ကလေးက ကန်တဲ့အခါမှာ ကလေးကို ညင်ညင်သာသာလေး ထိတွေ့ပေးရင်း စကားလေးတွေ ပြောပေးပါ။  ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့[/caption] မေမေက ကျန်းမာတဲ့ အလေ့အထတွေကို ပျိုးထောင်ပါ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ မေမေအနေနဲ့ -  ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ - အချင်းဆီကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့နဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေဖို့အတွက်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့အတွက် လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂလေ့ကျင့်တာမျိုး လုပ်ပေးပါ။  အာဟာရပြည့်ဝအောင် စားပါ - ကိုယ်ဝန်ဆောင်ကာလမှာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကျောရိုးအာရုံကြောမ ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးနိုင်တဲ့ ဖောလစ်အက်ဆစ်အပါအဝင် ကိုယ်ဝန်ဆောင်အာဟာရတွေ ပြည့်ဝအောင် စားဖို့ လိုပါမယ်။ အိပ်ရေးဝဝအိပ်ပါ - ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တိုင် ကျန်းမာစေဖို့ရော ဗိုက်ထဲကဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်ပါ အိပ်ရေးဝဝ အိပ်ပါ။  စိတ်ဖိစီးမှုလျှော့ချပါ - အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စိတ်သက်သာရာရစေမယ့် အလေ့အထလေးတွေကို လုပ်ပေးတာ၊ ကိုယ်ပိုင်အချိန်လေး ပေးတာက ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် နေပါ - ကိုယ်ဝန်ဆောင်ချိန်မှာ ရေလုံလောက်အောင် သောက်တာက ကလေးကို ဖွံ့ဖြိုးစေဖို့ရော ကိုယ်ဝန်ဆောင်ကာလမှာ မေမေကျန်းမာစေဖို့ရော ထောက်ကူပေးနိုင်ပါတယ်။  ဘာတွေကို ရှောင်ရှားဖို့ လိုမလဲ! ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလည်း ကျန်းမာပြီး ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို မထိခိုက်စေဖို့ဆိုရင် -  အဆိပ်အတောက် ဖြစ်တာတွေကို ရှောင်ပါ - ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ ကျန်းမာရေးနဲ့ ကလေးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အရက်၊ ဘီယာ၊ ဆေးရွက်ကြီး၊ ဆေးဝါးတွေနဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ၊ ညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့တာမျိုးကို ရှောင်ပါ။ အပူလွန်ကဲတာမျိုးကို ရှောင်ပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်းပူနေတဲ့ ရေနွေးနဲ့ ရေချိုးတာ၊ ရေနွေးစိမ်တာ တွေက ဗိုက်ထဲက ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။  Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးကို ဗိုက်ထဲမှာ ရှိစဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေ ဖြစ်ကြတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အာဟာရပြည့်ဝမျှတ အောင် စားသုံးတာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာ၊ ဘေဘီလေးကို စကားစမြည်ပြောပေးတာ၊ စာဖတ်ပြတာ၊ သီချင်းဖွင့်ပြပေးတာ၊ ညင်ညင်သာသာလေး ထိတွေ့ပေးတာတွေက ဘေဘီလေးရဲ့ အာရုံကြော စနစ်ကို ထောက်ကူပေးပြီး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ 

Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!

Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!

ဘေဘီလေးကို Screen Time လုံးဝမထားရှိတာက ထက်မြက်စွာနဲ့ ကြီးပြင်းလာစေဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေမှာ ကောင်းမွန်စွာဖွံ့ဖြိုးရင်း အရွယ်ရောက်လာစေမယ်လို့ မေမေတွေအပါအဝင် ဘေဘီလေးကို ထိန်းကျောင်းနေရသူတွေက ယူဆလက်ခံထားကြပါတယ်။ ဒါပေမယ့် ဒါကတကယ်ပဲလား! ဘေဘီလေးမှာ Screen Time လုံးဝမရှိတာက ထက်ထက်မြက်မြက်နဲ့ ကြီးပြင်းလာစေမယ်ဆိုတာ သေချာရဲ့လား! ဆိုတာလေးကို ဆွေးနွေးချင်တာပါ။  ဘေဘီလေးတိုင်းလိုလိုမှာ Screen Time ရှိနေတတ်ကြပါတယ် ဒစ်ဂျစ်တယ်ခေတ်မှာ ကြီးပြင်းရတဲ့ ကလေးတိုင်းလိုလိုမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ Screen Time ကရှိတတ်ကြပါတယ်။ ထမင်းမစားလို့ ဖုန်းထဲက ဗီဒီယိုလေးတွေ ပြတာကစလို့ အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ဘေဘီလေးတွေက အသက် ၁ နှစ်တောင် မပြည့်ခင်မှာ ဖုန်း ဒါမှမဟုတ် တက်ဘလက်ကြည့်ရင်း Screen Time ကတော့ ရှိလာကြတာပါပဲ။  လေ့လာမှုတွေအရ သိရတာကတော့ အသက် ၂ နှစ်အောက် ကလေးငယ်တွေမှာ Screen Time များတာက ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်ဆိုတာပါ။ ဒါကြောင့် ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တဲ့ ကလေးလေးအဖြစ် ကြီးပြင်းလာစေဖို့ဆိုရင် ၂ နှစ်မတိုင်ခင်မှာ မဖြစ်မနေ အခြေအနေမျိုးက လွဲလို့  Screen Time မထားရှိကြဖို့ အကြံပြုချင်ပါတယ်။  Screen Time က ဘေဘီလေးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူ မရပါဘူး ဘေဘီလေးတစ်ယောက်ရဲ့ ပထမဆုံး ၂ နှစ်တာကာလက သင်ယူမှုအတွက်ရော ဖွံ့ဖြိုးမှုအတွက်ပါ အတော်လေး အရေးပါတဲ့ အချိန်ကာလ အပိုင်းအခြားပါ။ ဒီကာလမှာ ဘေဘီလေးက သူတို့ဘဝအတွက် လူမှုဆက်ဆံရေးမှာ အရေးပါတဲ့ အပြုအမူတွေကိုရော ဗဟုသုတတွေကိုပါ သင်ယူကြတာပါ။ ဒါကြောင့် ကလေးကို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စွာနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေဖို့ ဆိုရင် ဒီကာလမှာ Screen Time ထက် မိသားစုဝင်တွေ၊ ခင်မင်ရသူတွေနဲ့သာ အချိန်ကုန်ဆုံးစေတာက အကောင်းဆုံးဖြစ်မှာပါ။  ဦးနှောက်ဖွံ့ဖြိုးမှု - ပထမဆုံး ၂ နှစ်တာ ကာလလမှာ ဘေဘီလေးရဲ့ ဦးနှောက်က အမြန်ဆုံးဖွံ့ဖြိုးနေတဲ့ အရွယ်ပါ။ ဒါကြောင့် ဒီကာလမှာ ကလေးကို Screen Time အများကြီး ပေးထားတာက ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေး - ကလေးရဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးအတွက် အရေးပါတဲ့ ၂ နှစ်တာ ကာလအတွင်းမှာ ကလေးကို Screen Time ပေးထားမယ်ဆိုရင် ကလေးရဲ့ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ ဗီဒီယိုကော ပေးပြောတာက ချစ်ခြင်းတွေ ပိုတိုးစေသလို ကလေးရဲ့ နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်စေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာအနေနဲ့ကတော့ အသက် ၂ နှစ်အောက် ကလေးတွေကို ၁၀ မိနစ်ထက် နည်းတဲ့ ကာလအပိုင်းအခြားအနေနဲ့ပဲ ဗီဒီယိုကော ပေးပြောသင့်ပါတယ်။  သိပ္ပံနည်းကျ လေ့လာမှု ရလဒ်တွေအရ သိရတာက ဘေဘီလေးမှာ Screen Time များတာက ကလေးမှာ အခုလို ထိခိုက်မှုလေးတွေ ဖြစ်စေပါတယ်။  စကားပြောနောက်ကျတာ လူမှုဆက်ဆံရေး အားနည်းတာ အိပ်စက်မှုမှာ ထိခိုက်မှု ရှိနေတာ သင်ယူနိုင်စွမ်း ထိခိုက်တာ အာရုံစူးစိုက်နိုင်စွမ်း အားနည်းတာတွေကို ခံစားရစေနိုင်ပါတယ်။  ဒီနေရာမှာ မေးစရာ ရှိလာနိုင်တာက Screen Time လုံးဝ မရှိဘူးဆိုရင်ရော ကလေးက ထူးချွန် ထက်မြက်စေမလား ဆိုတာပါ။ ဒီအကြောင်းလေးကို ဆက်ပြီး ရှင်းပြပေးချင်ပါတယ်။  Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား![/caption] Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား! မေမေဖေဖေ တော်တော်များများ လက်ခံသိရှိလားတာက ကလေးကို Screen Time အများကြီးပေးထားတာက ကလေးရဲ့ သိမြင်မှုဆိုင်ရာ စွမ်းရည်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတယ်လို့ပေါ့။ ဒါပေမယ့် ဒါက လုံးဝမှန်တယ်တော့ မဟုတ်ပါဘူး။ ကလေးကို မှန်ကန်တဲ့ နည်းလမ်း၊ အချိန်သတ်မှတ်ချက်လေးနဲ့ Screen Time ပေးမယ်ဆိုရင်ဖြစ်ဖြစ် ကလေးအတွက် ဖွံ့ဖြိုးမှု အထောက်အကူဖြစ်စေမယ့် Program တွေလေးတွေကို ပေးကြည့်မယ်ဆိုရင်တော့ ကလေးမှာ ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။  ဘယ်လိုကောင်းကျိုးလေးတွေရှိမလဲဆိုတော့ - ပေါင်းသင်းဆက်ဆံရေးကောင်းစေတယ် ကလေးကို ဗဟုသုတ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်တဲ့ အစီအစဉ်လေးတွေကို ပေးကြည့်တာက ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကလေးကို ဝါသနာတူ သူငယ်ချင်းတွေနဲ့ မိတ်ဆွေရစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ Critical Thinking တိုးတက်စေနိုင်တယ် အချို့သော အက်ပ်တွေနဲ့ ဂိမ်းတွေက ကလေးရဲ့ Critical Thinking တိုးတက်စေဖို့ ထောက်ကူပေးနိုင်ပြီး ကလေးရဲ့ စီမံခန့်ခွဲနိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းတွေကို ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကျိုးကြောင်းဆက်စပ်ပြီး ဆွေးခေါ်နိုင်စွမ်းကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ Creativity တိုးတက်စေတယ် အွန်လိုင်းအက်ပ်တွေ tools တွေကို သတ်မှတ်ချက်လေးနဲ့ ပေးသုံးတာက ကလေးကို တီထွက်ဖန်တီးနိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ကျောင်းစာအတွက် ပြင်ဆင်ပြီးသားဖြစ်တယ် ကလေးငယ်လေးတွေ (၂နှစ်အောက်ကလေးတွေ မဟုတ်တဲ့ အရွယ်တွေ) ကို သတ်မှတ်ချက်လေးတွေနဲ့ စည်းစနစ်တကျ ဖုန်းပေးကြည့်တာက ကလေးကို သင်ယူမှုအတွက် အသင့်ပြင်ပေးပြီးသားဖြစ်စေပါတယ်။  Motor Skills ကောင်းစေတယ် ကလေးတွေကို ဖွံ့ဖြိုးမှု အထောက်အကူပြုစေနိုင်တဲ့ အွန်လိုင်းဂိမ်းလေးတွေ ပေးဆော့တာက ကလေးတွေရဲ့ မျက်စိနဲ့ လက်ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဂိမ်းလေးတွေကို ပေးဆော့ဖြစ်ဖို့တော့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ကလေးတွေကို ထိခိုက်မှုကင်းကင်းနဲ့ Screen Time ထားရှိဖို့ လိုက်နာရမယ့် စည်းမျဉ်းလေးတွေ ရှိပါတယ်။  ၂ နှစ်အောက် ကလေးတွေကို မိသားစုဝင်တွေနဲ့ ဗီဒီယိုကော ပေးပြောတာကလွဲလို့ ကလေးကို Screen Time လုံးဝ မထားပါနဲ့။  အသက် ၂ နှစ် ကနေ ၅ နှစ်အတွင်းဆိုရင် တစ်နေ့ကို မိနစ် ၃၀ ထက် မပိုစေရပါဘူး။ ကလေးကို Screen Time ပေးတဲ့အခါမှာလည်း Screen ကျယ်ကျယ်နဲ့ အကွာအဝေး ကို သေချာလေး ချိန်ညှိဖို့ လိုပါမယ်။ မအိပ်ခင် ၂ နာရီအလိုမှာ Screen Time လုံးဝ မရှိအောင် ထားပါ။ ညအိပ်တဲ့အခါမှာလည်း ကလေးရဲ့ အိပ်ယာထဲနဲ့ အိပ်ယာ အနီးတဝိုက်မှာ ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့တွေကို မထားပါနဲ့။

ဆောင်းပါး