မိခင်နှင့်ကလေးကျန်းမာရေး
မိခင်နှင့်ကလေးကျန်းမာရေးဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးနောက်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပြီး၊ ရောဂါများကိုကာကွယ်ရန်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်သည်။
ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့!
ကလေးလေးတွေကို နမ်းတာက ချစ်ခင်ခြင်း သရုပ်သကန်ပါဆိုပေမယ့် ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးတွေကို အာဘွားမပေးတာကတော့ အကောင်းဆုံးပါ။ ကလေးကို ချစ်လို့ နမ်းလိုက်တာက ကလေးမှာ ထိခိုက်မှုတွေ အများကြီး ဖြစ်စေနိုင်တာကြောင့်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ်။ ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့! ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့! ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာက ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို ချစ်လို့ဆိုပြီး နမ်းလိုက်တာက ဘာမှ မဖြစ်လောက်ဘူးလို့ ထင်စရာ ရှိပေမယ့် ဘေဘီလေးမှာ အခုလို ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ရေယုန်ဖြစ်စေနိုင်တယ် ကလေးကို ချစ်လို့ဆိုပြီး နမ်းလိုက်တာက လူကြီးရဲ့ ပါးစပ်ကနေတဆင့် ဒမှမဟုတ် ပါးစပ်တဝိုက် အရေပြားမှာ ရှိနေတဲ့ herpes simplex virus (HSV-1) လို့ သိကြတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပါးစပ်မှာ အနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပစ်က လူကြီးတွေအတွက် မသိသာပေမယ့် မွေးကင်းစ ဘေဘီလေးတွေအတွက်ကတော့ ဦးနှောက်ဆီနဲ့ အခြားအင်္ဂါတွေဆီကို ဗိုင်းရပ်စ်တွေ ရောက်ရှိသွားပြီး ပြင်ထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပြင်းထန်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှု ကင်းစေဖို့ အာဘွားမပေးဖို့ လိုပါမယ်။ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ ခံစားရစေနိုင်တယ် ကလေးတွေကို အာဘွားပေးတာက RSV (Respiratory Syncytial Virus) ကူးစက်ခံရနိုင်သလို တုပ်ကွေးလိုမျိုး အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရော့ါတွေကို ခံစားရစေနိုင်ပါတယ်။ တုပ်ကွေးက အသက်၁ နှစ်မပြည့်သေးတဲ့ ကလေးတွေကို အများဆုံး ထိခိုက်မှုဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်းကတဆင့် ဝင်ရောက်ကူးစက်တတ်တဲ့ ရောဂါပိုးတွေ က တံထွေး၊ နှာခေနေတုန်းမှာ ထွက်လာတတ်တဲ့ အမှုန်တွေနဲ့ ကလေးကို နှမ်းလိုက်ချိန်မှာ ပါးစပ်ထဲက ထွက်လာမယ့် တံထွေး အစအနလေးတွေကနေတဆင့်လည်း ကလေးကို ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားတွေနဲ့ ထိတွေ့စေနိုင်တယ် ကလေးကို နမ်းတာက ပါးစပ်ထဲမှာ ရှိနေတဲ့ ကလေးကို ထိခိုက်စေနိုင်တာရော၊ မထိခိုက်စေတာရောစတဲ့ အမျိုးမျိုးသော ဘက်တီးရီးယားတွေကို ကလေးနဲ့ ထိတွေ့မိစေပြီး ကိုယ်ခံအားပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ဘေဘီလေးတွေကို အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်တဲ့ ဘကတီးရီးယားတွေ ကူးစက်ခံရနိုင်ပါတယ်။ ခြေ-လက်-ပါးစပ်ရောဂါနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ ခြေ-လက်- ပါးစပ်ရောဂါက ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတစ်ခုပါ။ ဆံထွေးတွေကနေ တဆင့် ကူးစက်တတ်ပြီး အရွယ်ရောက်နေတဲ့ ကလေးတွေနဲ့ လူကြီးတွေမှာ ပြင်းထန်တာမျိုး မရှိပေမယ့် ဘေဘီလေးတွေနဲ့ မွေးစကလေးတွေမှာ ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။ ဘေဘီလေးတွေမှာ ခြေ-လက်-ပါးစပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် ကလေးမှာ အဖျားဝင်တာ၊ အရေပြားနီမြန်းရောင်ရမ်းတာနဲ့ ပါးစပ်ထဲမှာ အနာတွေဖြစ်တာမျိုးတွေ ဘေဘီလေးတွေမှာ ဖြစ်စေနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးတွေကို ချစ်လို့ နမ်းတာက ပါးစပ်တွေ၊ နှုတ်ခမ်းတွေကို နမ်းမယ်ဆိုရင် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်မှုကို ဖြစ်စေပြီး အဆိုးဆုံးအနေနဲ့ ကလေးကို အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ဖြစ်စေနိုင်လို့ ဒီနေရာကနေ သတိပေးချင်တာက ကလေးကို ချစ်ရင် နမ်းရှုတ်တာ အာဘွားပေးတာမျိုးတွေ မလုပ်ပါနဲ့။ ကလေးနဲ့ ကလေးရဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ခင်မှာ လက်တွေကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး သေချာလေး သန့်စင်အောင် ဆေးကြောပေးဖို့ သတိလေးပေးချင်ပါတယ် မေမေဖေဖေတို့ရေ ……..
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် မေမေက အစားအစာတွေကို အမျိုးအစား စုံစုံလင်လင် စားသုံးဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ မပြည့်ဝတာမျိုး ဖြစ်မယ်ဆိုရင် မိခင်ရော ကလေးမှာပါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ! ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အာဟာရလုံလောက်စွာ မစားရတာမျိုး ဖြစ်မယ်။ အစားအစာတွေကို အမျိုးအစား စုံလင်စွာ မစားသုံးမိတာမျိုး ဖြစ်မယ်ဆိုရင်တော့ မိခင်ရော ကလေးမှာပါ အခုလို အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုက မေမေမှာ အခုလို ထိခိုက်နိုင်ပါတယ် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစွာ မစားသုံးမိတာက မိခင်မှာ အခုလို ထိခိုက်စေနိုင်ပါတယ်။ သွေးအားနည်းရောဂါ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရလိုအပ်ချက်က ပုံမှန်ထက် ပိုမြင့်ပါတယ်။ ဒီလို အချိန်မှာ မေမေက အစားသေချာစွာ မစားမိတာမျိုး ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်မယ့် သံဓာတ်၊ ဖောလိတ်တွေ လုံလောက်စွာ မရရှိတာကြောင့် ခန္ဓာကိုယ်က သွေးနီဥဆဲလ်တွေကို လုံလောက်စွာ မထုတ်နိုင်တာ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ နည်းတာတွေကြောင့် သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ သွေးဆိပ်တက်တာ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရလုံလောက်စွာ မစားမိတာက မဂ္ဂနီဆီယမ် ချို့တဲ့မှုဖြစ်ပြီး သွေးဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးသွန်တာ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရချို့တဲ့တာက မီးဖွားနေစဉ်နဲ့ မီးဖွားပြီးချိန်မှာ မိခင်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ သွေးသွန်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ လုံလောက်ပြည့်ဝအောင် မစားသုံးတာက ကိုယ်ဝန်ဆောင် ဆီးချို၊ ကိုယ်ဝန်ဆောင် သွေးတိုးတာနဲ့ အခြားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုက ဘေဘီလေးမှာ အခုလို ထိခိုက်နိုင်ပါတယ် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစွာ မစားသုံးမိတာက ဘေဘီလေးမှာ အခုလို ထိခိုက်စေနိုင်ပါတယ်။ သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အာဟာရပြည့်ဝလုံလောက်အောင် မစားသုံးမိတာက မိခင်ရဲ့ ဝမ်းထဲမှာ သန္ဓေသားအဖြစ် ရှိနေတဲ့ ဘေဘီလေးမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ပေါင်မပြည့်ဘဲ မွေးဖွားနိုင်တယ် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရပြည့်ပြည့်ဝဝ မစားမိဘူးဆိုရင် ကလေးက ပေါင်မပြည့်ဘဲ မွေးတာကို ဖြစ်စေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားနိုင်တယ် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ လုံလောက်ပြည့်ဝစွာ မစားမိတာက ကလေးကို လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။ ကလေးအသေမွေးနိုင်ခြေ များစေတယ် ကိုယ်ဝန်ဆောင်မိခင်က အာဟာရ ပြည့်ဝစွာ မစားသုံးတာက ကလေးအသေမွေးတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျမယ် သန္ဓေသားအရွယ်မှာ အာဟာရ ပြည့်ပြည့်ဝဝ မရရှိခဲ့တာက ကလေးကို မွေးဖွားပြီးချိန်မှာ ဖွံ့ဖြိုးမှုက အသက်အရွယ်ထက် နောက်ကျတာ၊ နှေးတာတွေကို ခံစားရစေနိုင်ပါတယ်။ နာတာရှည်ရောဂါ ခံစားရနိုင်ပါတယ် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ လုံလောက်ပြည့်ဝအောင် မစားသုံးမိတာက ကလေး အသက်အရွယ်ရ လာချိန် (အသက် ၅၀ နောက်ပိုင်းလောက်) မှာ အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် မိခင်ရော ကလေးပါ ကျန်းမာစေဖို့ မီးဖွားနေစဉ်နဲ့ မီးဖွားပြီးချိန်တွေမှာ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ အစာအုပ်စု စုံစုံလင်လင် စားပေးဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ အိုင်အိုဒင်း၊ သံဓာတ်၊ ဖောလိတ်၊ ကယ်လ်ဆီယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်တို့ကို ပြည့်ပြည့်ဝဝ စားသုံးဖို့ လိုပါမယ်။