ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးသင့်တာလေးများ
အထွေထွေ

ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးသင့်တာလေးများ

Admin

📅 13.07.2025
မေမေဖေဖေတိုင်း စိုးရိမ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ ဘေဘီလေး ဉာဏ်မကောင်းမှာကို စိုးကြတာဟုတ်… ကလေးလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် စစမွေးလိုက်တဲ့အချိန်မှာ ကလေးက ကိုယ်လက်အင်္ဂါစုံရဲ့လား… ကျန်းမာရဲ့လား… ဆိုတာကို စစိတ်ပူကြတယ်။ ဒီကနေမှ မျက်စိလေးတွေရော ကောင်းကောင်းမြင်ရလား… အကြားအာရုံရောကောင်းရဲ့လားဆိုတာမျိုးပါ။ ဒီလိုလေးတစ်ဆင့်ပြီး တစ်ဆင့် စိတ်ပူရင်းက နောက်ပိုင်းမှာ စိတ်ပူလာတာက ကလေးက ဘေဘီလေး ဉာဏ်ကောင်းပါ့မလားဆိုတာနဲ့ ဦးနှောက်လေးကို ကောင်းကောင်းဖွံ့ဖြိုးစေချင်တာဟုတ်။  ဒီလိုမျိုး စိတ်ပူနေတဲ့ ကလေးဉာဏ်ကောင်းစေဖို့က ကလေးကို ပျိုးထောင်တဲ့ ပုံစံ မိဘမျိုးရိုးစတာတွေအပြင် အခြားသက်ဆိုင်နေတဲ့ အကြောင်းအရင်းလေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးအတွက် အစားအသောက် ပြင်ဆင်ပေးတဲ့ ပုံစံပါ။ ဒါကြောင့် အခုတစ်ခေါက် ဆောင်းပါးလေးကနေ ဘေဘီလေးတွေရဲ့ ဦးနှောက် ကောင်းစွာဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ချစ်ရတဲ့ မေမေတို့ရေ……

အစားအသောက်တွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးရဲ့လား…..

ဒီမေးခွန်းလေးကို အတိုဆုံးနဲ့ အမြန်ဆုံးဖြေပေးရမယ်ဆိုရင်တော့ ‘Yes’ လို့ပဲ ဖြေရပါမယ်။ ဦးနှောက်ဖွံ့ဖြိုးမှုဆိုတာက စိတ်ကျန်းမာရေးနဲ့ သိမြင်မှုစွမ်းရည် ဖွံ့ဖြိုးစေဖို့အတွက် အခြေခံအကျဆုံး အုတ်မြစ်တစ်ခုပါ။ ကလေးတွေအတွက် ကောင်းကောင်းဖွံ့ဖြိုးစေဖို့ဆိုရင် ငယ်စဉ်ကာလကတည်းက ကလေးရဲ့ နေ့စဉ် စားသုံးမှုထဲမှာ ဦးနှောက်ရဲ့ဆဲလ်လေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့တဲ့ သိမြင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေဖို့ လိုအပ်မယ့် DHA၊သံဓာတ်၊ choline၊ ARA၊ ဗီတာမင် B၊ အိုင်အိုဒင်းနဲ့ ပရိုတင်းတို့လိုမျိုး အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။  ဒီတော့ ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေကို ဘယ်အစားအစာလေးတွေကနေ ဖောဖောသီသီရနိုင်လဲဆိုတာလေးကို ဆက်ပြီးပြောပြပေးမယ်နော်။ https://lotoshinnlifestyle.com/how-to-know-child-is-hyperactive-or-not/

ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးသင့်တာလေးများ

ဘေဘီလေးကို ဉာဏ်ကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ အခုလို အစားအသောက်လေးတွေကို ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ 
  • ဥအမျိုးမျိုး
ဥအမျိုးမျိုးက ပရိုတင်း၊ choline နဲ့ ဗီတာမင် B12 တို့ ပါဝင်နေတာကြောင့် ဦးနှောက်ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ Choline ပါဝင်မှုက မှတ်မိနိုင်စွမ်းတိုးစေဖို့နဲ့ သင်ယူနိုင်စွမ်းကောင်းစေဖို့ အားဖြည့်ပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာက ဦးနှောက်ဆဲလ်တွေကို ထိခိုက် ပျက်စီးနိုင်မှုကနေ ကာကွယ်ပေးပါတယ်။ 
  • အကျိုးပြုဆီများတဲ့ ငါးတွေ
ကောင်းကျိုးပြု အဆီပါဝင်မှုများတဲ့ ဆယ်လ်မွန်၊ ထရောက်၊ ဆာဒင်းတို့လို ပင်လယ်ငါးတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ DHA လို့သိကြတဲ့ အာဟာရဓာတ် ပါဝင်နေပါတယ်။ DHA ပုံမှန်စားပေးတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ရော သိမြင်မှုစွမ်းရည် ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ သံဓာတ်၊ ဗီတာမင် B၊ ဖောလိတ်၊ ဗီတာမင်  K နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကလေးရဲ့ စားသုံးမှုမှာ အသီးအရွက်တွေ ထည့်သွင်းပြင်ဆင်ပေးတာက စိတ်ခံစားမှု ကောင်းပြီး ဦးနှောက်ဆဲလ်လေးတွေကို ကောင်းကောင်းဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • နို့နဲ့ နို့ထွက်ပစ္စည်းများ
နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ သံဓာတ်၊ DHA တွေပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ ရရှိစေဖို့ ထောက်ကူပေးနိုင်သလို ဦးနှောက်ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။  ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ အခုလို အစားအသောက်လေးတွေကို ထည့်သွင်းပြင်ဆင်ပေးဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး စိတ်ခံစားမှုကောင်းတဲ့ ကလေးလေးတစ်ယောက် အနေနဲ့ ပျိုးထောင်ချင်တယ်ဆိုရင် နေ့စဉ်ဘဝရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ပေးဖို့ အရေးကြီးသလို အပြုအမူပိုင်းဆိုင်ရာမှာလည်း ပျိုးထောင်ပေးဖို့ လိုမှာပါ။ အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးကို ဖန်တီးပေးနိုင်မယ်ဆိုရင် ထူးချွန်ထက်မြက်တဲ့ ဘေဘီလေးတွေ အဖြစ်အရွယ်ရောက် ကြီးပြင်းလာမှာပါ မေမေဖေဖေတို့ရေ ……….

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!