မိခင်နှင့်ကလေးကျန်းမာရေး
မိခင်နှင့်ကလေးကျန်းမာရေးဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးနောက်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပြီး၊ ရောဂါများကိုကာကွယ်ရန်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်သည်။
ဆယ်ကျော်သက် သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု
ဆယ်ကျော်သက်အရွယ်မှာ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေ စတင်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုမှာ ရင်သားဖွံ့ဖြိုးမှုကလည်း အပါအဝင်ပေါ့။ ဒီတစ်ခေါက်မှာတော့ ဆယ်ကျော်သက် သမီးလေးတွေမှာ ဖြစ်တတ်တဲ့ ရင်သားဖွံ့ဖြိုးမှု အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဆယ်ကျော်သက် သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှုရင်သားဖွံ့ဖြိုးမှုဆိုတာက အပျိုဖော်ဝင်ချိန်ရဲ့ ပထမဆုံးသော လက္ခဏာတစ်ခုပါ။ အသက် ၈ နှစ်အရွယ်ကနေ ၁၃ နှစ်အတွင်းမှာ သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု စတင်ပါတယ်။ ဒီကာလမှာ အီစထရိုဂျင်လိုမျိုး ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက်အရွယ်မှာ ရင်သားမှာ ဖွံ့ဖြိုးမှုတွေစတင်လာပါတယ်။ ဆယ်ကျော်သက်အရွယ် အပျိုဖော်ဝင်ချိန်ကနေစလို့ ရင်သားဖွံ့ဖြိုးမှုစတင်လာပြီး ဆယ်ကျော်သက်နှောင်းပိုင်း မှာ ရင်သားဖွံ့ဖြိုးမှုက ရပ်တန့်သွားပါတယ်။ အရွယ်အစားနဲ့ ပုံသဏ္ဍာန်က တစ်ဦးနဲ့ တစ်ဦးမှာတော့ မတူနိုင်ပါ ဘူး။ ရင်သားဖွံ့ဖြိုးမှုက တစ်ဖက်နဲ့ တစ်ဖက်မတူတာကလည်း ပုံမှန်ပါပဲ။ ရင်သားစဖွံ့ဖြိုးချိန်မှာ ရင်သားကတင်းပြီးနာတာ၊ စမ်းလိုက်မိရင် အကျိတ်လို့ ယူဆရတဲ့ အစိုင်အခဲလေးတွေ ရှိနေတာ နို့သီးခေါင်းကထူလာပြီး အရောင်ရင့်လာတာတွေကို ခံစားရနိုင်ပါတယ်။ ရင်သားဖွံ့ဖြိုးမှုနဲ့အတူ နာကျင်တာ ရင်သားတင်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက ပုံမှန်ပဲလို့ ပြောချင်ပါတယ်။ ပုံမှန်ရင်သား ဖွံ့ဖြိုးမှုဆိုတာ ဘာလဲ!ရင်သားဖွံ့ဖြိုးမှုက အမျိုးသမီးတစ်ဦးရဲ့ မျိုးဆက်ပွားမှုဖြစ်စဉ်မှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ ရင်သားဖွံ့ဖြိုးမှုက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတလျှောက် တိကျတဲ့ အသက်အပိုင်းအခြား အလိုက် ဖြစ်ပေါ်တတ်ပါတယ်။ ပထမဆုံးသော ရင်သားဖွံ့ဖြိုးမှုက မိခင်ဝမ်းထဲမှာ ရှိနေတဲ့အချိန်မှာ ဖြစ်ပွားတာပါ။ နောက်တစ်ကြိမ်ကတော့ အပျိုဖော်ဝင်ချိန်မှာ ရင်သားဖွံ့ဖြိုးမှုဖြစ်ပေါ်ပါတယ်။တတိယအကြိမ်ကတော့ ကလေးမွေးဖွားခါနီးမှာပါ။ဒီကာလအပိုင်းအခြားတွေအပြင် လေဒီလေးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီလာခါနီးတွေမှာလည်း ရင်သားပြောင်းလဲတာကို ခံစားရနိုင်ပါတယ်။ လေဒီလေးတွေအနေနဲ့ သွေးဆုံးခါနီးရောက်ပြီဆိုရင်လည်း ရင်သားအရွယ်အစား ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါသေးတယ်။ရင်သားက ဘာလို့ တဖြည်းဖြည်းနဲ့ ပိုကြီးလာတာလဲ!အပျိုဖော်ဝင်ချိန်ကနေစလို့ ဆယ်ကျော်သက်အရွယ် နောက်ပိုင်းကာလရောက်လေလေ ရင်သားရဲ့ အဆီတစ်ရှူးတွေ နို့ရည်ပြုဂလင်းတွေဖွံ့ဖြိုးလာတာကြောင့်ရင်သားတွေက တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ရင်သားဖွံ့ဖြိုးမှုက အသက် ၁၇ နှစ်ကနေ ၁၈ နှစ်ရောက်ချိန်မှာ ပြီးစီးသွားပါတယ်။ လေဒီလေးတိုင်းမှာတော့ ရင်သားဖွံ့ဖြိုးမှုက စတင်တဲ့အရွယ်နဲ့ ပြီးဆုံးတဲ့အရွယ်ကတော့ တူမှာမဟုတ်ပါဘူး။ ရင်သား ဖွံ့ဖြိုးမှုဖြစ်ပေါ်နေချိန်မှာ တစ်ရှူးတွေ ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရင်သားမှာ ယားယံတာ၊ တင်းပြီးနာတာ၊ ရောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ မျိုးရိုးလိုက်ပြီး ရင်သားဖွံ့ဖြိုးမှု စတင်တဲ့ အရွယ်က တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုမလဲ!ဆယ်ကျော်သက်သမီးလေးတွေမှာ ရင်သားဖွံ့ဖြိုးမှုက အသက် ၈ နှစ်မတိုင်ခင်မှာ ရင်သားဖွံ့ဖြိုးမှု စတင်မယ်အသက် ၁၃ နှစ်ကျော်တဲ့အထိ ရင်သားဖွံ့ဖြိုးမှု မစတင်ဘူးရင်သားဖွံ့ဖြိုးမှုဖြစ်စဉ် ဖြစ်ပေးနေချိန်မှာ မခံမရပ်နိုင်အောင် နာကျင်တာ၊ ရင်သားက ခဲနေတာ၊ ပုံမှန်မဟုတ်တဲ့ အရညတွေထွက်နေတာမျိုး ခံစားရမယ်ဆိုရင်တော့ ပုံမှန်မဟုတ်ဘူးလို့ ယူဆလို့ရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင်ရင်သားပြောင်းလဲမှုတွေက လေဒီလေးတွေရဲ့ ဘဝသက်တမ်းတလျှောက်မှာ ရင်သားပြောင်းလဲမှုတွေက ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ ပထမဆုံးအနေနဲ့ ရင်သားတစ်ရှူးတွေ စတင်ဖြစ်ပေါ်ပါတယ်။ ပြီးရင်တော့ နို့ရည်ပြုဂလင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဟော်မုန်း ပြောင်းလဲမှုတွေအလိုက် ရင်သားတွေက ပြောင်းလဲလာပါမယ်။ ဒီလိုဖွံ့ဖြိုးမှုတွေ ဖြစ်ပေမယ့် အသက် ၃၅ နှစ်နောက်ပိုင်းမှာ နို့ရည်ပြုဂလင်းတွေ တဖြည်းဖြည်းကျုံ့လာပြီး ရင်သားအရွယ်အစား ပြောင်းလဲမှု စတင်ဖြစ်ပေါ်လာပါတယ်။
တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!
သားဆက်ခြားတာက ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးဖြစ်စေဖို့အတွက် အရေးပါတဲ့ အချက်လေးတစ်ခုပေါ့။ ဒီလိုသားဆက်ခြားတယ်ဆိုတဲ့နေရာမှာလည်း ၃ လခံထိုးဆေး၊ နေ့တိုင်းတစ်ရက်မပြတ်သောက်ရတဲ့ တားဆေး သောက်ဆေး၊ အရေးပေါ်အခြေအနေမှာ သောက်သုံးရတဲ့ အရေးပေါ်သန္ဓေတားသောက်ဆေး၊ သားအိမ်တွင်းထဲ ထည့်ရတဲ့ သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်တဲ့ (IUD)၊ လက်မောင်းတွင်းထည့်သားဆက်ခြားနည်း (Implant) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နေ့စဉ်တိုင်း သောက်သုံးရတဲ့ တားဆေး သောက်ဆေးကို သောက်ဖို့မေ့သွားရင် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ပြောပြပေးချင်တာပါ။ တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ!တားဆေးသောက်ဖို့ မေ့သွားတယ် ဘယ်လို လုပ်ရမလဲ! ဆိုတော့ မေ့သွားတဲ့ ဆေးအလုံးအရေအတွက်နဲ့ ဆေးအတန်းပေါ်မူတည်ပြီး ဘယ်လိုပြန်သောက်ရမလဲဆိုတာတော့ ကွာခြားနိုင်ပါတယ်။တစ်ရက်ပဲ မေ့သွားခဲ့တာဆိုရင် ဆေးသောက်ဖို့ ပျက်သွားတဲ့အခါ တစ်ရက်တည်းသောက်ဖို့ မေ့သွားတာ၊ တစ်လုံးပဲ သောက်ဖို့မေ့သွားဆိုရင် သတိရရချင်းမှာပဲ ချက်ချင်းဆေးတစ်လုံးကို သောက်ဖို့ လိုပါမယ်။ ပြီးရင်တော့ အဲ့ဒီရက်အတွက် သောက်ရမယ့်ဆေးကို သောက်ပါ။ ဆိုလိုချင်တာက တစ်ရက်တည်းကို တားဆေး ၂ လုံးဆင့်သောက်ရမယ့် အခြေအနေပါ။ နောက်ရက်တွေမှာတော့ ဆေးကို တစ်နေ့တစ်လုံးပဲ ပုံမှန်အတိုင်း ဆက်တိုက်သောက်သွား ပေးပါ။ နှစ်ရက် မေ့သွားတာဆိုရင်သန္ဓေတားဆေး သောက်ဆေးကို နှစ်ရက်ဆက်တိုက် နှစ်လုံး မေ့သွားပါက သတိရတာနဲ့ ချက်ချင်း ဆေးကို သောက်ပါ။ ပုံမှန်သောက်ရမယ့်အချိန်ရောက်ရင်လည်း ဆေးကို ပုံမှန်အတိုင်း တစ်လုံး ဆက်သောက်ပါ။ ဆေးပျက်သွားတဲ့ ရက်က များနေမယ်ဆိုရင်တော့ ဒီကာလအတွင်းမှာ အတူနေမိမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားကာကွယ်မှုတွေကို (၇) ရက် ဆက်တိုက်သုံးရမှာဖြစ်ပါတယ်။ သုံးရက် မေ့သွားတာဆိုရင်ဆေးကတ်ရဲ့ ပထမတန်း ဒါမှမဟုတ် ဒုတိယတန်းမှာ သောက်ဖို့မေ့သွားတာက ၃ ရက်နဲ့အထက် ဖြစ်နေမယ် ဆိုရင်တော့ သတိရတာနဲ့ ချက်ချင်း ဆေးကို သောက်ပါ။ ပုံမှန်သောက်ရမယ့်အချိန်ရောက်ရင်လည်း ဆေးကို ပုံမှန်အတိုင်း တစ်လုံး ဆက်သောက်ပါ။ ဆေးပျက်သွားတဲ့ ရက်က များနေမယ်ဆိုရင်တော့ ဒီကာလအတွင်းမှာ အတူနေမိမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားကာကွယ်မှုတွေကို (၇) ရက် ဆက်တိုက်သုံးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံထားမိမယ်ဆိုရင် အရေးပေါ်တားဆေး သောက်ဖို့ လိုပါမယ်။သုံးရက်နဲ့အထက် မေ့သွားတာဆိုရင်တကယ်လို့ ဆေးကတ်ရဲ့ တတိယတန်းမှာ (၃) ရက်နဲ့အထက် မေ့ခဲ့တာဆိုရင် သတိရရချင်း ဆေးတစ်လုံး သောက်ပါ။ ပြီးရင်တော့ ဆေးကတ်ရဲ့ တတိယတန်းကုန်တဲ့အထိ တစ်နေ့ကို တစ်လုံးသောက်ပါ။ ၄ တန်းမြောက် ရင် ဆေးကဒ်အသစ်ကို ပြောင်းသောက်ရပါမယ်။ ဆိုလိုချင်တာက ၄ တန်းမြောက်ကို မသောက်တော့ဘဲ ဆေးကတ်အသစ်ကို သောက်ရမယ်လို့ ပြောချင်တာပါ။ ဒီလိုပြောင်းသောက်တာနဲ့အတူ (၇) ရက်အတွင်းလိင်ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံးကို သုံးစေချင်ပါတယ်။ တကယ်လို့ ဆေးကတ်ရဲ့ ၄ တန်းမြောက်ကို သောက်နေတဲ့အချိန်မှာ (၃) ရက်နဲ့အထက် ဆေးသောက်ဖို့ မေ့နေခဲ့တာ ဖြစ်မယ်ဆိုရင်တော့ ဆေးကဒ်အသစ်ပြောင်းသောက်လိုက်တာ အကောင်းဆုံးပါ။ ဒီအချက်လေးကိုတော့ သတိပြုစေချင်ပါတယ်ဆေးကတ်ကို စသောက်တဲ့ ပထမအပတ်အတွင်းမှာ ဆေးသောက်ဖို့ မေ့ခဲ့ပြီး မကြာသေးမီကာလမှာ အတူနေထားမိတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေရှိတာမို့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်စေချင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင်တားဆေးသောက်ဆေးက အာနိသင်ကောင်းကောင်းရစေဖို့ ပုံမှန်တစ်နေ့တစ်လုံး မပျက်မကွက် သေချာလေး သောက်ပေးဖို့ လိုပါမယ်။ ဒီလိုသောက်ပေးမှသာ သားဆက်ခြားဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။ ဆေးသောက်ဖို့ မေ့သွားတာ၊ ဆေးကရေစိုပျက်စီးသွားတာမျိုးဖြစ်မယ်ဆိုရင်တော့ သတိရတာနဲ့ ချက်ချင်းဆေးကို သောက်တာ ဆေးကတ်အသစ်ဝယ်ပြီး ဆက်သောက်တာမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။

ဆယ်ကျော်သက်သမီးငယ်လေးများနှင့် ရာသီလာခြင်းဆိုင်ရာ ဗဟုသုတ
ဆယ်ကျော်သက်အရွယ်လေး ရောက်လာပြီဆိုရင် သမီးငယ်လေးတွေမှာ အပျိုဖော်ဝင်တဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေကို စတင်ခံစားရတာနဲ့အတူ ရာသီသွေးစဆင်းတာကိုပါ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ရာသီသွေးပေါ်တယ်ဆိုတာက ကျန်းမာစွာနဲ့ အပျိုဖော်ဝင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီလို အပျိုဖော်စဝင်ချိန်မှာ ရာသီသွေးဆင်းတာနဲ့ ပတ်သက်ပြီး တွေ့ကြုံရနိုင်တဲ့ အခြေအနေလေးတွေနဲ့ ပတ်သက်ပြီး ဗဟုသုတလေးတွေကို မျှဝေပေးချင်ပါတယ်။အပျိုဖော်စဝင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ရာသီလာခြင်းဆိုင်ရာ အခြေအနေများဆယ်ကျော်သက်အရွယ် အပျိုဖော်စဝင်ချိန်မှာ ရာသီသွေးစဆင်းပြီဆိုရင် တွေ့ရနိုင်တဲ့ အခြေအနေလေးတွေကတော့ အများကြီးပါ။ အတွေ့ရများတာတွေကတော့ - ရာသီသွေးဆင်း ရက်မမှန်တာသွေးဆင်း နည်းလွန်းတာ၊ များလွန်းတာရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာရာသီသွေးဆင်းတဲ့ ပမာဏ မမှန်တာရာသီသွေးဆင်းရက် အရေအတွက် မတူတာတွေကို ခံစားရနိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ!အပျိုဖော်ဝင်စ သမီးငယ်လေးတွေမှာ အပေါ်မှာ ပြောခဲ့သလိုကိစ္စရပ်လေးတွေကို ကြုံတွေ့စေတဲ့ အကြောင်းအရင်းလေးတွေကတော့ တစ်ခုမက ရှိနေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲတာအပျိုဖော်ဝင်ချိန်မှာ အရွယ်ရောက်ပြီးတဲ့ လေဒီလေးတစ်ယောက်ဖြစ်ဖို့ အစပြုချိန် ဖြစ်တာမို့ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို ဟော်မုန်းပြောင်းလဲမှုတွေက ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုဖြစ်သွားပြီး ရာသီသွေးဆင်း ရက်မမှန်တာ၊ ရာသီသွေးပမာဏအပေါ် သက်ရောက်မှု ရှိတာတွေကို ဖြစ်စေနိုင်ပါတယ်။ဟော်မုန်းအတက်အကျမြန်လွန်းတာ၊ ဟော်မုန်းပမာဏ မတည်ငြိမ်တာ၊ အပျိုဖော်ဝင်စအချိန်မှာ ကိုယ်တွင်းဟော်မုန်း အနေအထားကလည်း မတည်ငြိမ်သေးသလို တစ်နေ့တာမှာ နေထိုင်စားသောက်မှုတွေနဲ့ တွေ့ကြုံရတဲ့ စိတ်ဖိစီးမှုတွေကလည်း အိပ်စက်မှုအပေါ်သက်ရောက်တာ ဟော်မုန်းအပေါ် သက်ရောက်တာတွေ ဖြစ်ပြီး အပျိုဖော်ဝင်စကာလ ရာသီသွေးဆင်းတဲ့ အစောပိုင်းလတွေမှာ ရက်မမှန်တာ၊ သွေးဆင်းတဲ့ ကာလမတူညီတာနဲ့ သွေးဆင်းတဲ့ ပမာဏ မတူညီတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေကို အပျိုဖော်ဝင်စကနေ ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက်အထိ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှု များနေတာစိတ်ဖိစီးမှုများနေတာကလည်း ရာသီသွေးဆင်းမှုအပေါ် သက်ရောက်မှု ရှိနေပါတယ်။ စိတ်ဖိစီးနေတဲ့အခါ ဦးနှောက်ရဲ့ မျိုးပွားစနစ်ကို ထိန်းချုပ်ထားတဲ့ အပိုင်းက ဟော်မုန်းထွက်ရှိမှု နည်းစေဖို့ လုပ်ဆောင်ပါတယ်။ဒီအနေအထားက ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး ရာသီသွေးဆင်းမှုအပေါ်မှာ အမျိုးမျိုးသော သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်အလေးချိန် အတက်အကျဆယ်ကျော်သက်အရွယ် သမီးငယ်လေး တစ်ယောက်အနေနဲ့ အရွယ်လေး ရလာချိန်မှာ လှချင်တာကြောင့် ဝိတ်ချတာမျိုး ဒါမှမဟုတ် တွေ့ကြုံရတဲ့ အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုတွေ များပြီး အစားတွေကို အရမ်းစားရင်းက ကိုယ်အလေးချိန်တိုးလာတာမျိုးတွေ ဖြစ်မယ်။ ကိုယ်အလေးချိန်က အတက်အကျ မြန်လွန်းနေတာမျိုးတွေက ဟော်မုန်းတွေကို သိသိသာသာ ဟန်ချက်ပျက်စေပြီး မကြာခဏဆိုသလို ရာသီသွေးမမှန်တာနဲ့ ရာသီသွေးထိမ်တာတွေကို ဖြစ်စေနိုင်ပါတယ်။လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာလေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လေ့ကျင့်ခန်းတွေကို အလွန်အကျွံ လုပ်တာက ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် ကိုယ်တွင်းဟော်မုန်းစနစ် ဟန်ချက်ပျက်သွားပြီး ရာသီသွေးဆင်းရက်ထက် နောက်ကျပြီးမှ သွေးဆင်းတာ၊ ရာသီသွေးဆင်းရက် ကျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စားသောက်မှုပုံစံ မမှန်တာဝိတ်ကျချင်လို့ အစားလျော့နေတာမျိုး၊ အာဟာရတန်ဖိုး နည်းပါးလွန်းတဲ့ အသင့်စား၊ အမြန်စား အစားအစာတွေကိုပဲ အမြဲလိုလို စားသုံးနေတာမျိုးတွေက ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့မှုကို ဖြစ်စေပြီး နောက်ဆက်တွဲအနေနဲ့ ရာသီသွေးဆင်းမှုအပေါ်မှာ အနှောင့်အယှက်တွေ ဖြစ်စေပါတယ်။ အာဟာရမပြည့်ဝမှုက အီစထရိုဂျင်ဟော်မုန်းနဲ့ ပရိုဂျက်စတုန်းဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဆယ်ကျော်သက် သမီးငယ်လေးတွေမှာ ရာသီသွေးဆင်းတာနဲ့ ပတ်သက်ပြီး ပြဿနာတွေကို ခံစားရစေနိုင် ပါတယ်။ ရာသီသွေးဆင်းခြင်းနဲ့ သတိထားရမယ့်ကျန်းမာရေးပြဿနာများ!ရာသီသွေးဆင်းနည်းလွန်းတာကလည်း မကောင်းသလို သွေးဆင်းများလွန်းတာကလည်း မကောင်းပါဘူး။ သွေးဆင်းများလွန်းတာက ခြေကုန်လက်ပမ်းကျစေနိုင်သလို မူးဝေတာ၊ ငြီးစီစီဖြစ်တာနဲ့ ရေရှည်မှာ သွေးအား နည်းတာကို ခံစားရနိုင်ပါတယ်။ အသက် ၁၅ နှစ် ပြည့်တဲ့အထိရာသီမလာဘူးဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြသစစ်ဆေးဖို့ လိုပါမယ်။ နောက်တစ်ချက်ရှိတာက ရာသီစလာနေပြီဆိုပေမယ့် ၃ လလောက်ရာသီသွေး ပျောက်နေတာမျိုးဆိုရင် ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ သေချာလေး စစ်ဆေးသင့်ပါတယ်။ ရာသီသွေးဆင်းများလွန်းတာ (၂ နာရီခြားတစ်ခါလောက် လစဉ်သုံးလဲလှယ်နေရတာ)၊ ရာသီလာချိန်မှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာ၊ ရာသီသွေးဆင်းတာက ၇ ရက်ထက် ကျော်နေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကလေးကို သေချာလေး ကျန်းမာရေး စစ်ဆေးမှု လုပ်သင့်ပါတယ်။ မေမေတို့ ဘယ်လို ကူညီလို့ရမလဲ!ဆယ်ကျော်သက် သမီးလေးတွေအနေနဲ့ ရာသီသွေးစဆင်းတဲ့ ၂ နှစ်လောက်မှာ ရာသီသွေးဆင်းရက အတိအကျမဖြစ်တာ၊ သွေးဆင်းတဲ့ ပမာဏ မတူတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကလေးကို ရာသီလာမယ့်ရက်ကို သေချာလေး ခန့်မှန်းတွက်ချက်နိုင်စေဖို့ ရာသီလာတဲ့ရက်ကို ရေးမှတ်ပေးထားတာမျိုး အပြင် အခုလို Application လေး သုံးပြီး စစ်ဆေးကြည့်လို့လည်း ရပါတယ်။ရာသီလာတဲ့အခါမှာ စိတ်အနှောင့်အယှက်ကင်းစေဖို့ ကျောင်းလွယ်အိတ်ထဲမှာ အိတ်လေးတစ်ခုနဲ့ လစဉ်သုံးအပိုလေးတွေ ထည့်ပေးတာ၊ အတွင်းခံဘောင်းဘီလေးတွေ ထည့်ပေးတာ၊ လဲဝတ်လို့ရမယ့် အဝတ်အထည်တွေကို ထည့်ပေးထားတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့အတွက် ရေနွေးအိတ်ကပ်ပေးတာ၊ ရေနွေးနဲ့ရေချိုးစေတာ၊ အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးတာ၊ ရေလုံလောက်အောင် သောက်စေတာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လိုအပ်မယ်ဆိုရင် သံဓာတ်အားဖြည့်ဆေးလေး တိုက်ပေးလို့ ရပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင်ရာသီသွေးဆင်းတာက ကျန်းမာစွာ အပျိုဖော်ဝင်လာပြီဆိုတဲ့ လက္ခဏာဖြစ်တာမို့ မေမေတို့အနေနဲ့ ကလေးကို ရာသီလာတာကို စိတ်ညစ်စရာလို့တွေးပြီး အာဟာရမဖြစ်တာတွေ စားတာမျိုး၊ တစ်ကိုယ်ရေသန့်ရှင်းရေး သေချာ ဂရုမစိုက်တာမျိုးတွေ မလုပ်မိစေဖို့ သေချာလေး ဂရုစိုက်ပေးရင်း သိထားသင့်တာလေးတွေကို ပြောပြသင်ပေးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါရစေရှင့် …..