မိသားစုတစ်စုလုံး နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖို့ဆိုရင် အရေးအကြီးဆုံး အချက်တစ်ခုကတော့ မိသားစုဝင်တိုင်းကို ဂရုစိုက်ပေးနေတဲ့ မေမေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုပါ။
မေမေစိတ်ကျန်းမာပျော်ရွှင်မှုက မိသားစုအတွက် အရေးကြီးလှပါတယ်
မေမေတစ်ဦးရဲ့ စိတ်ကျန်းမာပျော်ရွှင်မှုက မေမေကိုယ်တိုင်အတွက်ရော အခြားသော မိသားစုဝင်တွေရဲ့ စိတ်ရောကိုယ်ပါကျန်းမာမှုအတွက် အလွန်အရေးကြီးလှပါတယ်။ မေမေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်နေမှသာ မိသားစုရဲ့ နေ့စဉ်ဘဝမှာ နေထိုင်စားသောက်မှုကို အကောင်းဆုံး စီမံနိုင်မှာ ဖြစ်သလို ကိုယ်တိုင်ရော နေ့စဉ်တိုင်းမှာ ထိတွေ့ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်ကသူတွေကိုပါ ကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ပါတယ်။
မေမေတစ်ဦးအနေနဲ့ စိတ်ရောကိုယ်ပါကျန်းမာမှသာ ချစ်ရတဲ့ မိသားစုဝင်တွေကို အကောင်းဆုံး ဂရုစိုက်နိုင်မှာ ဖြစ်သလို သူနဲ့ အနီးစပ်ဆုံးမှာ ရှိတဲ့ ခင်ပွန်းကိုလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိစေပြီး Relationship အဆင်မပြေတာကြောင့် စိတ်ဖိစီးမှုကနေ ကင်းစေမှာဖြစ်ပြီး လုပ်ငန်းခွင်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေပြီး နေ့စဉ်ဘဝကို တက်ကြွလန်းဆန်းစွာ ဖြတ်သန်းနိုင်စေမှာပါ။
မေမေတစ်ယောက် ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ဘေဘီလေးတွေကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပြီး ပျော်ရွှင်တဲ့ ငယ်ဘဝကို ပိုင်ဆိုင်နိုင်စေပြီး အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ ကလေးလေးအဖြစ် အရွယ်ရောက်လာစေမှာပါ။
မေမေတစ်ယောက် mental wellbeing ကောင်းလေလေ ဘေဘီလေးက စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း မြင့်တက်စေပြီး ကလေးကို စိတ်ဖိစီးမှုကင်းစွာနဲ့ ကြီးပြင်းစေဖို့ အများကြီး ထောက်ကူပေးပြီး မိသားစုနဲ့ ရင်းနှီးပြီး ချစ်ခြင်းမေတ္တာတိုးပွားတဲ့ မိသားစုဆက်ဆံရေးလေးကို တည်ဆောက်နိုင်စေမှာပါ။
Mental Wellbeing ကောင်းတဲ့ မိခင်ရဲ့ ပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာရတဲ့ ကလေးငယ်တွေဟာ မောင်နှမအချင်းချင်းကြားက ချစ်ခြင်းတွေကို ပိုတိုးပွားစေပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ လူငယ်လူရွယ်လေးတွေ အဖြစ် ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းစေပြီး အပြုအမူပိုင်းဆိုင်ရာမှာပါ ကောင်းမွန်စေပါတယ်။ ဉာဏ်ကောင်းထက်မြက်စွာနဲ့ ကြီးပြင်းစေပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ Positive Thinking ကောင်းပြီး ဘဝမှာ စိုးရိမ်စိတ် လွန်ကဲတာ၊ စိတ်ဖိစီးမှုများလွန်းတာတွေကို ခံစားရနိုင်ခြေကလည်း ပုံမှန်ထက် ပိုနည်းပါတယ်။
ဒါကြောင့် ကိုယ်ပိုင်မိသားစုဘဝလေးကို ရရှိချိန်မှာလည်း ကောင်းမွန်စွာ ထိန်းသိမ်းနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါ့အပြင် မိသားစုဘဝ ပျော်ရွှင်စေဖို့ အိမ်ထောင်ဖက် အမျိုးသားစိတ်ပိုင်း ရုပ်ပိုင်းကျန်းမာစေဖို့နဲ့ လုပ်ငန်းခွင်မှာ ဖိစီးမှုကင်းကင်းနဲ့ အကောင်းဆုံးစွမ်းဆောင်ရည် ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မိခင်ကိုယ်တိုင်ကလည်း mental wellbeing ကောင်းနေတာမို့ ကိုယ်တိုင်မှာလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို မိသားစုဝင် တစ်ယောက်ချင်းစီကို သေချာလေး ဂရုစိုက်ပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
Mental Wellbeing ကောင်းမွန်တဲ့ မိခင်တစ်ဦးက ကိုယ်ပိုင်မိသားစုလေးကိုတင် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေတာ မဟုတ်ဘဲ မိသားစုဝင် တစ်ဦးချင်းစီနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်က သူတွေကိုပါ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ သားသားမီးမီးတို့ အတွက်လည်း ပျော်ရွှင်ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်စေဖို့ အများကြီး ထောက်ကူပေးနိုင်မှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!