ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့
အထွေထွေ

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့

Admin

📅 22.01.2026

ဘေဘီလေးကို ဗိုက်ထဲမှာ လွယ်ထားစဉ်ကတည်းက ကျန်းမာစွာနဲ့ မွေးဖွားလာစေဖို့ စိတ်ကူးရှိသလို ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေချင်တဲ့ ဆန္ဒလေးလည်း ရှိတတ်ကြစမြဲပါ။ ကလေးကို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့နဲ့ ဗိုက်ထဲမှာ ရှိစဉ်ကတည်းက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ အတွက် လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ 

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ 

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုး ကောင်းစေဖို့အတွက် ဘေဘီလေးကို ဗိုက်ထဲမှာ လွယ်ထားရစဉ် ကတည်းက နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ 

ကလေးကို လှုံ့ဆော်ပေးတဲ့ အပြုအမူလေးတွေ လုပ်ဆောင်ပေးပါ (အသံပြုတာ၊ ထိတွေ့ပေးတာမျိုးပါ)

ကလေးကို စကားပြောပေးပါ - ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်စတင်ချိန်မှာ ကလေးက အသံတွေကို စကြားနိုင်ပါပြီ။ ကိုယ်ဝန် ၂၄ ပတ်မှာ ကလေးက အသံတွေကိုစပြီး ခွဲခြားသိလာပါပြီ။ ဒါကြောင့် ကလေးကို ညင်ညင်သာသာလေး စကားပြောပေးပါ။ စာဖတ်ပြပါ - ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ထောက်ကူပေးနိုင်မယ့် စာလေးတွေ ဖတ်ပြပေးတာကလည်း ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။  သီချင်းဖွင့်ပေးပါ - ငြိမ့်ညောင်းတဲ့ သီချင်းသံစဉ်တွေက ကလေးရဲ့ အာရုံကြောဆဲလ်တွေရဲ့ ချိတ်ဆက်မှုကို ကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လွယ်ထားရချိန်မှာ သီးချင်းအေးအေးလေးတွေ နားထောင်ပေးပါ။ နူးနူးညံ့ညံ့လေး ထိတွေ့ပေးပါ - ဗိုက်ထဲက ကလေးလေးကို တိုက်ရိုက်ထိတွေ့လို့ မရပေမယ့် ဗိုက်ကလေးကို ခပ်ဖွဖွလေး ပုံမှန် ထိတွေ့ပေးတာက မေမေနဲ့ ဘေဘီလေးကြားမှာ သံယောဇဉ်တိုးစေပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ကလေးက ကန်ရင် နူးနူးညံ့ညံ့လေး ထိတွေ့ပေးပါ - ကလေးက ကန်တဲ့အခါမှာ ကလေးကို ညင်ညင်သာသာလေး ထိတွေ့ပေးရင်း စကားလေးတွေ ပြောပေးပါ။  ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့[/caption]

မေမေက ကျန်းမာတဲ့ အလေ့အထတွေကို ပျိုးထောင်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ မေမေအနေနဲ့ -  ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ - အချင်းဆီကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့နဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေဖို့အတွက်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့အတွက် လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂလေ့ကျင့်တာမျိုး လုပ်ပေးပါ။  အာဟာရပြည့်ဝအောင် စားပါ - ကိုယ်ဝန်ဆောင်ကာလမှာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကျောရိုးအာရုံကြောမ ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးနိုင်တဲ့ ဖောလစ်အက်ဆစ်အပါအဝင် ကိုယ်ဝန်ဆောင်အာဟာရတွေ ပြည့်ဝအောင် စားဖို့ လိုပါမယ်။ အိပ်ရေးဝဝအိပ်ပါ - ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တိုင် ကျန်းမာစေဖို့ရော ဗိုက်ထဲကဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်ပါ အိပ်ရေးဝဝ အိပ်ပါ။  စိတ်ဖိစီးမှုလျှော့ချပါ - အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စိတ်သက်သာရာရစေမယ့် အလေ့အထလေးတွေကို လုပ်ပေးတာ၊ ကိုယ်ပိုင်အချိန်လေး ပေးတာက ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် နေပါ - ကိုယ်ဝန်ဆောင်ချိန်မှာ ရေလုံလောက်အောင် သောက်တာက ကလေးကို ဖွံ့ဖြိုးစေဖို့ရော ကိုယ်ဝန်ဆောင်ကာလမှာ မေမေကျန်းမာစေဖို့ရော ထောက်ကူပေးနိုင်ပါတယ်။ 

ဘာတွေကို ရှောင်ရှားဖို့ လိုမလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလည်း ကျန်းမာပြီး ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို မထိခိုက်စေဖို့ဆိုရင် -  အဆိပ်အတောက် ဖြစ်တာတွေကို ရှောင်ပါ - ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ ကျန်းမာရေးနဲ့ ကလေးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အရက်၊ ဘီယာ၊ ဆေးရွက်ကြီး၊ ဆေးဝါးတွေနဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ၊ ညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့တာမျိုးကို ရှောင်ပါ။ အပူလွန်ကဲတာမျိုးကို ရှောင်ပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်းပူနေတဲ့ ရေနွေးနဲ့ ရေချိုးတာ၊ ရေနွေးစိမ်တာ တွေက ဗိုက်ထဲက ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးကို ဗိုက်ထဲမှာ ရှိစဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေ ဖြစ်ကြတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အာဟာရပြည့်ဝမျှတ အောင် စားသုံးတာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာ၊ ဘေဘီလေးကို စကားစမြည်ပြောပေးတာ၊ စာဖတ်ပြတာ၊ သီချင်းဖွင့်ပြပေးတာ၊ ညင်ညင်သာသာလေး ထိတွေ့ပေးတာတွေက ဘေဘီလေးရဲ့ အာရုံကြော စနစ်ကို ထောက်ကူပေးပြီး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!