မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နှင့်ကလေးကျန်းမာရေးဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးနောက်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပြီး၊ ရောဂါများကိုကာကွယ်ရန်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်သည်။

ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ

ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ

နှစ်တစ်နှစ်ပြီးလို့ နှစ်သစ်ကို ကူးပြောင်းတော့မယ့် ကာလလေး တစ်ခုဖြစ်သလို တစ်နှစ်တာရဲ့ နောက်ဆုံးလဆိုလည်း မမှားပါဘူး။ ဒီလိုကာလမှာ ပျော်ရွှင်စရာအငွေ့အသက်တွေနဲ့ ပြည့်စုံနေတတ်ပြီး ဆောင်းရာသီရဲ့ လှပမှုတွေနဲ့လည်း ပြည့်စုံနေတတ်ကြပါတယ်။ ဒီလို လှပမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇင်ဘာလမှာ မွေးဖွားလာမယ့် သားသားမီးမီးလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေ သူမတူတဲ့ စွမ်းရည်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ ကတော့ ဖိုးသက်ရှည် ဖွားသက်ရှည်လေးတွေပါ ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ကလေးလေးတွေက အခြားသောလတွေမှာ မွေးဖွားကြတဲ့ ကလေးလေးတွေထက် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ခံစားရနိုင်ခြေ နည်းပြီး အသက်လည်း ရှည်ကြပါတယ်တဲ့။ အေးမြတဲ့ ရာသီမှာ မွေးဖွားကြတဲ့သူတို့လေးတွေက ဖိုးသက်ရှည် ဖွားသက်ရှည်လေးတွေ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများလို့ နေပါတယ်။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်ကြသူလေးတွေပါ ပျော်ပျော်နေတတ်ကြသူ အများစုက ဒီဇင်ဘာလမှာ မွေးဖွားကြတာပါတဲ့။ ဒီဇင်ဘာလရဲ့ အေးမြမှုနဲ့အတူ လူ့လောကထဲကို ရောက်ရှိလာတဲ့ သားသားမီးမီးလေးတွေက ပြဿနာတွေ အခက်အခဲတွေကို ကောင်းကောင်း ကျော်လွှားတတ်ကြပြီး အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပါတယ်တဲ့။ အားကစား ဝါသနာ ထုံကြသူလေးတွေပါ အားကစားလဖြစ်တဲ့ ဒီဇင်ဘာလမှာ မွေးဖွားကြတဲ့ သားသားမီးမီးလေးတွေက လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်ကြသလို အားကစားလုပ်ရတာကိုလည်း အတော်လေး သဘောကျကြပါတယ်။ ကျန်းမာလှပတဲ့ သွားပိုင်ရှင်လေးတွေပါ ဒီဇင်ဘာလဖွားလေးတွေရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုက သွားလှလှလေးတွေကို ပိုင်ဆိုင်ထားတာပါ။ နောက်ပြီး ဒီလမှာ မွေးဖွားတဲ့ ကလေးလေးတွေဟာ အခြားလဖွားလေးတွထက် သွားတွေကို ပိုဂရုစိုက်တတ်ကြပါတယ်။ အရာရာကို အကောင်းမြင်တတ်ကြသူလေးတွေပါ ဒီဇင်ဘာလဖွားလေးတွေက အရာရာကို အကောင်မြင်တတ်ကြပြီး စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေလည်း နည်းပါတယ်။ ပျော်ပျော် နေတတ်တဲ့ အကျင့်ကြောင့် မကောင်းတဲ့ စိတ်ခံစားချက်တွေကိုလည်း မြန်မြန်လေး ဖြေဖျောက်တတ်ကြပါတယ်။ ရဲရင့်ကြသူလေးတွေပါ စိတ်အားထက်သန်မှု ပြင်းထန်ပြီး အရာရာကို ရဲရဲရင့်ရင့် ဆောင်ရွက်တတ်သူလေးတွေက ဒီဇင်ဘာလဖွားလေးတွေပါ။ ဦးဆောင်နိုင်စွမ်းကောင်းကြသူလေးတွေပါ ပင်ကိုဗီဇအရ ဦးဆောင်နိုင်စွမ်းကောင်းကြသလို ခေါင်းဆောင်ကောင်းတွေဆိုလည်း မမှားပါဘူး။ အရာရာကို ဦးဆောင်နိုင်စွမ်း ကောင်းကြပါတယ်။ ဓာတ်မတည့်တာ ခံစားရနိုင်ခြေ များကြပါသတဲ့ အကောင်းများထဲမှာ အဆိုးတစ်ချက်ကတော့ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ များတယ်ဆိုတာပါ။ အစားဓာတ်မတည့်မှုကစလို့ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ်။ ဒီဇင်ဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကလေးတစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းအရွယ်ရောက်လာစေဖို့ မွေးရာပါ ဗီဇအပြင် ပျိုးထောင်မှုကလည်း အများကြီး သက်ရောက်နေပါတယ်။ ဒါကြောင့် ကလေးရဲ့ ဗီဇကို သိရှိပြီး အကောင်းဆုံး ပျိုးထောင်နိုင်ကြပါစေ မေမေဖေဖေတို့ရေ ............

ကလေးငယ်ငယ် အာလူး စားလို့ရရဲ့လား!

ကလေးငယ်ငယ် အာလူး စားလို့ရရဲ့လား!

အာလူးဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို မေမေဖေဖေတို့ရော သားသားမီးမီးတို့ပါ သိထားပြီး ဖြစ်မှာပါ။ အာလူးက ဟင်းအနေနဲ့လည်း စားကောင်းသလို သရေစာအနေနဲ့ဆိုလည်း အတော်လေး အဆင်ပြေပါတယ်။ ဒီလို စားကောင်းပြီး ကလေးရော လူကြီးပါ ကြိုက်ကြတဲ့ အာလူးက အာဟာရ ကြွယ်ဝရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ ဒီလို စားလို့ ကောင်းတဲ့ အာလူးလေးကို ပူပူလေးကြော် ထမင်းဖြူလေးနဲ့ စားတုန်း ဘေဘီလေးက နည်းနည်းဆိုလို့ ကလေးငယ်ငယ် အာလူး စားလို့ရရဲ့လား! ဆိုပြီး သိချင်နေပြီး အဖြေထုတ်ရခက်နေပြီလား မေမေဖေဖေတို့ရေ ..... အာလူး ဆိုတာ အာလူးဆိုတာက အရွယ်မရွေး တော်တော်များများ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ အာလူးက ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေသလိုအခွံညိုညိုလေးနဲ့ မြေနီမှာ ပေါက်တဲ့ အာလူးလေးတွေကတော့ အခွံနီနီပေါ့။ ပြီးရင်တော့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိနိုင်ပါတယ်။ အာလူးမှာ ဘယ်လို အာဟာရတွေ ပါနေလဲ! အာလူး ခပ်ရွယ်ရွယ် တစ်လုံးမှာ - ကယ်လ်လိုရီ အမျှင်ဓာတ် ကာဗိုဟိုက်ဒရိတ် အဆီ ပရိုတင်း ဗီတာမင် C ဗီတာမင် B6 ပိုတက်ဆီယမ် မဂ္ဂနိစ် မဂ္ဂနီဆီယမ် ဖော့စဖရပ် နီရာစင် ဖောလိတ်တို့ ပါဝင်နေပါတယ်။ ကလေးငယ်ငယ် အာလူး စားလို့ရရဲ့လား! ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီ အစားကိုလည်း သေချာလေး ဝါးစားနိုင်ပြီဆိုရင်တော့ ဘေဘီလေးကို အာလူး ကျွေးပေးလို့ ရပါတယ်။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ကလေးအတွက် အာလူးကို ပြင်ဆင်ပေးတဲ့အခါ ကြော်ကျွေးတာမျိုး မလုပ်ဘဲ အားလူးကို ပြုတ်ပြီး ထောင်းပေးတာ၊ အာလူးကို ပေါင်းပြီးကျွေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ကလးကို အာလူးလေး ပြင်ဆင်ပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ အင်အားပြည့်ဝစေမယ် ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးပြီး ကလေးကို အင်အားပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးက အစာမာ စစားနိုင်ပြီဆိုရင် အာလူးကို နူးနူးအိအိလေး ဖြစ်အောင် ပြင်ဆင်ပေးလို့ ရပါတယ်။ ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးပြီး ကလေးကို အားရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို solid food စတင် မိတ်ဆက်ချိန်မှာ အာလူးကို စားပေးလို့ ရပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ် အမျှင်ဓာတ်ပါဝင်နေတဲ့ အာလူးက သားသားမီးမီးတို့ကို ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးသလို အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဝမ်းဗိုက်လေး ကျန်းမာစေဖို့ အာလူးကို ကျွေးပေးလို့ ရပါတယ်။ အဖျားအနာကင်းစေမယ် မချဉ်ပေမယ့် အာလူးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကလေးကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး အဖျားအနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ကို အဖျားအနာ ကင်းစေချင်တယ်ဆိုရင် အာလူးလေး ပြင်ဆင်ပေးလို့ ရပါတယ်။ အရေပြား ကျန်းမာစေမယ် အာလူးမှာ ဗီတာမင် C နဲ့ ကစီဓာတ် ပါဝင်နေပြီး အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်သလို ဘေဘီလေးကို အသားအ​ရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ သားသားမီးမီးတို့ကို အသားအရေ ကျန်းမာစေပြီး အသားအရေလှပစေဖို့ အာလူး ပြင်ဆင်ပေးလို့ ရပါတယ်။ အရိုးတွေ သန်မာစေမယ် အာလူးမှာ သံဓာတ်ပါဝင်နေသလို ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့အပြင် ဇင့်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကလေးကို အရိုးတွေ သန်မာစေဖို့ရော အရပ်အမောင်းကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ နှလုံး ကျန်းမာစေမယ် အာလူးမှာ နှလုံးကျန်းမာစေမယ့် ဗီတာမင် C နဲ့ ဗီတာမင် B6 အပြင် ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတာက သွေးတွင်းအဆီကို ကျဆင်းစေနိုင်သလို သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဦးနှောက် ကျန်းမာစေမယ် ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ကလေးရဲ့ ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမျိုး မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ကျန်းမာစေဖို့ အာလူး ကျွေးပေးလို့ ရပါတယ်။ # ဒီအချက်လေးတွေကို သတိထားပေးပါ ဒီနေရာမှာ တစ်ချက် သတိထားရမှာက ဘေဘီလေးကို အာလူးပြင်ဆင်ပေးတဲ့အခါ အညှောင့်ပေါက်နေတာမျိုး၊ မှိုတက်နေတာ၊ မလတ်ဆတ်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုသလို အခွံလေးကို သေချာလေး သင်ပေးဖို့လည်း လိုပါမယ်။ ဖြည့်စွက်စာကျွေးစအရွယ်မှာ အာလူးကို ပြုတ်ပြီးဖြစ်ဖြစ် ပေါင်းပြီးဖြစ်ဖြစ် ပြင်ဆင်ပေးလို့ ရပေမယ့် ကြော်ကျွေးတာ၊ အသင့်စား အာလူးချောင်းကြော်တွေ ကျွေးတာမျိုး မလုပ်ပါနဲ့။ နောက်တစ်ခု ရှိတာက ကလေးကို အာလူးပြင်ဆင်ပေးတဲ့အခါ စားရလွယ်စေဖို့ အရွယ်တော်လေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။

ဆောင်းပါး