အရွယ်ရောက်လာတဲ့သူတိုင်းဟာ အိမ်ထောင်ပြုကြတာက ဘဝရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ပြုတာကဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အရာရာတိုင်းကဖြစ်ရိုးဖြစ်စဉ်အတိုင်း သွားလို့မဖြစ်ပြန်တာလည်းရှိပါတယ်။ ဒါကတော့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာပါ။ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာမျိုးမဖြစ်ဖို့ဆိုရင်တော့ လုပ်ကိုင်ရမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သားဆက်ခြားတာပါ။
ဘယ်လိုသားဆက်ခြားမလဲ
သားဆက်ခြားတဲ့နည်းတွေက တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးအစားတွေကအစုံအလင်ပါပဲ။
သန္ဓေတားသောက်ဆေး
၃ လခံသန္ဓေတားထိုးဆေး
၁ လခံသန္ဓေတားထိုးဆေး
လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း
ကွန်ဒုံး
အရေးပေါ် သန္ဓေတားသောက်ဆေး ဆိုပြီး သန္ဓေတားနည်းအမျိုးမျိုးရှိပါတယ်။
ထိရောက်လွယ်ကူတဲ့ သားဆက်ခြားနည်းတစ်ခု
လွယ်ကူရိုးစင်းပြီး ထိရောက်အသုံးတည့်တဲ့ သားဆက်ခြားနည်းတစ်ခုရှိပါတယ်။ ဒီနည်းကရှေးကျတဲ့ သားဆက်ခြားနည်းတစ်ခုဆိုလည်းမမှားပါဘူး။ အရွယ်ရောက်သူတိုင်းအတွက်လည်း အဆင်ပြေစေမယ့် နည်းလမ်းလေးတစ်ခုပေါ့။ ဒါကတော့ ကွန်ဒုံးအသုံးပြုတာပါ။ ဒီနည်းလမ်းက အခြားသားဆက်ခြားနည်းလမ်းတွေနဲ့စာရင် အသုံးပြုရလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ ကွန်ဒုံးအသုံးပြုမှုကနေရရှိတဲ့ကောင်းကျိုးတွေက ဒီလောက်နဲ့ မပြီးသေးပါဘူး။
ကွန်ဒုံးအသုံးပြုမှုကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွန်ဒုံးက မျိုးဥတွေနဲ့ သုက်ကောင်တွေကို မထိတွေ့နိုင်အောင်တားဆီးပေးပြီး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတာပါ။ ကွန်ဒုံးအသုံးပြုမှုက အကောင်းဆုံးသော သားဆက်ခြားနည်းတစ်ခုလို့ဆိုရပါမယ်။
အားသာချက်တွေကဘာတွေများလဲ
အများနဲ့မတူတဲ့ အားသာချက်တွေကဘာတွေများလဲလို့ စိတ်ဝင်စားနေပြီလား။
ဟော်မုန်းမပါဝင်တာကြောင့် ရာသီစက်ဝန်းကိုမထိခိုက်စေနိုင်ဘူး
သန္ဓေတားသောက်ဆေးတွေ၊ တချို့ သားအိမ်တွင်းထည့်ပစ္စည်းတွေလိုမျိုး ဟော်မုန်းပါဝင်မှုမရှိတာကြောင့် ရာသီစက်ဝန်းကိုထိခိုက်တာမျိုးဖြစ်မှာကို စိုးရိမ်စရာမလိုပါဘူး။
လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းတစ်ခုပါ
အခြားသားဆက်ခြားနည်းလမ်းတွေထက် သာလွန်နေတဲ့အချက်တစ်ခုပါ။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုတာက မမျိုးဥတွေကို သုက်ကောင်တွေနဲ့ မထိတွေ့အောင်တားပေးပြီး သားဆက်ခြားပေးတဲ့အပြင် လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။
အသုံးပြုရလွယ်ကူတယ်
အခွံပေါ်မှာပါတဲ့ အညွှန်းအတိုင်းအသုံးပြုရုံသာဖြစ်ပြီး အခြားသားဆက်ခြားနည်းတွေလိုမျိုး လုပ်ရိုးလုပ်စဉ်တွေက ခက်ခဲမနေပါဘူး။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အကူအညီရယူဖို့မလိုတဲ့ သားဆက်ခြားနည်းတစ်ခုပါ
ဆေးခန်းသွားပြပြီး အသုံးပြုနည်းလမ်းညွှန်ရယူစရာမလိုပါဘူး။ ကိုယ်တိုင် အလွယ်တကူအသုံးပြုလို့ရတဲ့ တစ်ခုတည်းသော သားဆက်ခြားနည်းပါ။
ကုန်ကျစရိတ်သက်သာတယ်
စရိတ်စကအနေနဲ့ အများကြီးကုန်ကျစရာမလိုပါဘူး။ အခြားသားဆက်ခြားနည်းတွေလိုမျိုး ကုန်ကျစရိတ်မများတဲ့ သားဆက်ခြားနည်းပါ။
အလွယ်တကူဝယ်ယူလို့ရပါတယ်
နီးစပ်ရာဆေးဆိုင်တွေ၊ စူပါမားကတ်တွေမှာ အလွယ်တကူမေးမြန်းဝယ်ယူလို့ရပါတယ်။
သိမ်းဆည်းရလွယ်ကူတယ်
သိမ်းဆည်းရတဲ့ နည်းလမ်းကအရမ်းမခက်ခဲဘဲ အလွယ်တကူသိမ်ဆည်းထားလို့ရပါတယ်။ အိတ်ထဲမှာဆောင်ထားလို့လည်းရပါတယ်။
အခြားသားဆက်ခြားနည်းတွေလို ကလေးပြန်ယူဖို့ အချိန်စောင့်စရာမလိုပါဘူး
အခြားသားဆက်ခြားနည်းတွေလိုမျိုး အသုံးမပြုတဲ့အခါဘေဘီလေးရရှိစေဖို့ အချိန်ကာလအတိုင်းအတာတစ်ခုအထိစောင့်နေစရာမလိုပါဘူး။
နို့တိုက်မိခင်တွေအတွက်သင့်တော်တယ်
နို့တိုက်နေရတဲ့ မိခင်တွေအနေနဲ့လည်း အသုံးပြုလို့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုပါ။
ဒီလိုလွယ်ကူကောင်းမွန်တဲ့အချက်တွေကြောင့် အားလုံးအတွက် အသုံးပြုရတာအလွယ်ဆုံးနဲ့ အထိရောက်ဆုံး သားဆက်ခြားနည်းက ကွန်ဒုံးအသုံးပြုတာဖြစ်တယ်လို့ အကြံပြုပြောကြားလိုပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကိုပိုင်ဆိုင်နိုင်စေဖို့ ကုန်ကျစရိတ်သက်သာပြီး အထိရောက်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကိုရွေးတော့မယ်ဆိုရင် ကွန်ဒုံးအသုံးပြုဖို့ပြောပါရစေ။
အထွေထွေ
အလွယ်ကူဆုံး သားဆက်ခြားနည်းအကြောင်း ပြောပြမယ်
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!