ဘေဘီလေးကို Executive Function ကောင်းစေဖို့ ဘယ်လို ပျိုးထောင်ပေးကြမယ် စိတ်ကူးထားလဲ!
အထွေထွေ

ဘေဘီလေးကို Executive Function ကောင်းစေဖို့ ဘယ်လို ပျိုးထောင်ပေးကြမယ် စိတ်ကူးထားလဲ!

Admin

📅 08.06.2024
ခေါင်းစဉ်လေးကို ကြည့်ပြီး ထူးဆန်းသွားပြီလား! EF ဆိုတာ ဘာလဲလို့ပေါ့။ တကယ်ကတော့ EF ဆိုတာက (Executive function) ကို ပြောချင်တာပါ။ ဒါက ကိုယ်ရည်ကိုယ်သွေးတစ်ခုလိုပါပဲ။ လူတိုင်းသိထားကြတဲ့ IQ၊ EQ နဲ့ AQ တို့လိုပဲ အရွယ်ရောက်လာချိန်မှာရော ငယ်စဉ်ဘဝမှာပါ အရေးပါတဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ ဒါကြောင့် ဖေဖေမေမေတို့ သိထားလို့ရအောင် EF (Executive function) ဆိုတာ ဘာလဲ! EF (Executive function) ကောင်းစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးကြရမလဲ ဆိုတာကို ပြောပြပေးသွားဖို့ ရှိနေပါတယ်။

EF (Executive function) ဆိုတာ ဘာလဲ!

EF (Executive function) ဆိုတာ အာရုံစူးစိုက်နိုင်ဖို့၊ အစီအစဉ်တွေ ဆွဲနိုင်ဖို့၊ ဦးစားပေးရမယ့် အရာတွေကို ဦးစားပေးတတ်စေဖို့၊ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်စေဖို့၊ ကိုယ့်ရဲ့ အပြုအမူ၊ စိတ်ခံစားချက်တွေက ထိန်းချုပ်နိုင်ဖို့၊ မျှော်လင့်မထားတဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနဲ့ အခြေအနေတွေကို ရေလိုက်ငါးလိုက် ဖြေရှင်းနိုင်တဲ့ အရည်အသွေးမျိုးပေါ့။ နောက်တစ်မျိုး ပြောရရင် EF (Executive function) ဆိုတာက သိမြင်မှုစွမ်းရည် ဖြစ်စဉ်တွေပါ။ တာဝန်တွေကို ပြီးစီးအောင် လုပ်ဆောင်နိုင်စွမ်း၊ အမျိုးမျိုးသော အခြေအနေတွေမှာ တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်စွမ်း နဲ့ တီထွင်ဆန်းသစ်မှု ကောင်းတဲ့ အတွေးတွေကို တွေးတောနိုင်စွမ်းလိုမျိုး စိတ်ပိုင်းဆိုင်ရာ အရည်အသွေးအစုအဝေးပါ။ Executive function ဆိုတာက ပြဿနာတွေ၊ အခြင်းအရာတွေကို ဖြေရှင်းနိုင်စွမ်း၊ အစီအစဉ် ချမှတ်နိုင်စွမ်း၊ အလုပ်တွေကို အောင်မြင် ပြီးစီးအောင် လုပ်ဆောင်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး တစ်မျိုးပါ။ ဒီ Executive functionက ကလေးတွေမွေးဖွားပြီးချိန်ကနေစပြီ အသက် ၂၅ နှစ် မတိုင်ခင်အထိ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးနေတဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်စဉ် တစ်ခုပါ။

EF (Executive function) ရဲ့ အရေးပါတဲ့ အရာ ၃ ခု

EF (Executive function) မှာ ပါဝင်နေတဲ့ အရေးပါတဲ့ အရာ ၃ ခုက
  • အလုပ်လုပ်ကိုင်မှု မှတ်ဉာဏ်
တစ်ခဏအတွင်းမှာ သိရှိလိုက်တဲ့ အချက်အလက်တွေကို သေချာမှတ်မိနေပြီး ဒီအချက်အလက်တွေကို အသုံးချနိုင်တဲ့ စွမ်းရည်တစ်ရပ်ပါ။
  • ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း
ဒေါသကို ထိန်းချုပ်နိုင်စွမ်း၊ အပြုအမူကို ထိန်းချုပ်နိုင်စွမ်း၊ အာရုံပျံ့လွှင့်မှုကို ထိန်းချုပ်နိုင်စွမ်းနဲ့ တစ်ခုခုကို မလုပ်ဆောင်ခင်မှာ သေချာလေး တွေးတောနိုင်တဲ့ စွမ်းရည်ပါ။ စိတ်တိုတိုင်း စိတ်လိုက်မာန်ပါ မလုပ်တဲ့ စွမ်းရည်ပါ။
  • အခြေအနေကို လိုက်ပြီး ပြုပြင်ပြောင်းလဲနိုင်စွမ်း
မျှော်လင့်မထားတဲ့ အခြေအနေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုပါ။

ဘေဘီလေးကို Executive function ကောင်းစေဖို့ ဘယ်လို ပျိုးထောင်ပေးကြမယ် စိတ်ကူးထားလဲ!

ဘေဘီလေးကို EF ကောင်းစေဖို့ ဘယ်လို ပျိုးထောင်ပေးကြမယ် စိတ်ကူးထားလဲ! အသက်အရွယ်လေးအလိုက် အခုလိုလေး ပျိုးထောင်လို့ ရပါတယ်။ မွေးစ ဘေဘီလေးတွေအတွက်ဆိုရင် - တူတူရေဝါး ဆော့ပေးလို့ရပါတယ်။ ဒီလို လုပ်ပေးတာက ကလေးကို မှတ်မိနိုင်စွမ်း ဉာဏ်ရည်ကို တည်ဆောက်ပေးဖို့ ထောက်ကူပေးမှာပါ။ လမ်းလျှောက်တတ်စ ကလေးတွေအတွက်ဆိုရင် - Red Light, Green Light ဆော့ပေးလို့ ရပါတယ်။ ဒီကစားနည်းက လိုက်သူကလေးက ကျန်ကလေးတွေကို ကျောပေးထားရမှာ ဖြစ်ပြီး Red light လို့ အော်ရင် ရပ်ရမှာ ဖြစ်ပြီး Green lightလို့ အော်လိုက်ချိန်မှာ ကျောပေးထားတဲ့ ကလေးဆီကို ပြေးပြီး လက်နဲ့ တို့ရမှာပါ။ မူကြိုအရွယ် ကလေးတွေအတွက်ဆိုရင် - ဟန်ဆောင်ပြီး ကစားတာမျိုး ကစားပေးလို့ ရပါတယ်။ ပြောချင်တာကတော့ ကလေးက ဆရာဝန် လုပ်တာ၊ အင်ဂျင်နီယာ လုပ်တာမျိုးပေါ့။ ကျောင်းနေအရွယ် ကလေးတွေအတွက်ဆိုရင် - မိုနိုပိုလီလို ဂိမ်းမျိုး၊ ချက်ထိုးတာလိုမျိုး တွေးခေါ်နိုင်စွမ်းတွေကို အားပေးတဲ့ ဂိမ်းမျိုးကို ကစားပေးလို့ ရပါတယ်။ ဒီကစားနည်းတွေအပြင် နေ့စဉ် လုပ်ဆောင်မှုတွေထဲမှာ executive function ကောင်းစေဖို့အတွက် စကားအပြန်အလှန်ပြောပေးတာ၊ စာအတူတူ ဖတ်တာ၊ အိမ်မွေးတိလေးတွကို ဂရုစိုက်ပေးတာ၊ အိမ်မှုကိစ္စလေးတွေ ဝိုင်းလုပ်ခိုင်းတာ၊ သူငယ်ချင်းတွေနဲ့အတူတူ ပရော့ဂျက်လေးတွေ လုပ်တာ၊ ထမင်းစားဖို့ ပြင်ဆင်ခိုင်းတာ၊ ဟင်းအတူတူ ချက်တာမျိုးတွေ လုပ်ပေးလို့လည်း ရပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ်ကနေစပြီး executive function ကောင်းအောင် ပျိုးထောင်လေ့ကျင့်ပေးတာက ဘေဘီလေးတွေကို လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ # စကားလက်ဆောင် executive function ဆိုတာက ငယ်စဉ်ကတည်းက ပျိုးထောင်ပေးဖို့ လိုမယ့် အရည်အသွေး တစ်ခု ဖြစ်ပြီး ကလေးကို စိတ်ရှိတိုင်း ပြုမူတတ်တဲ့ အကျင့်တွေကို ထိန်းသိမ်းနိုင်မယ့် စွမ်းရည်၊ စိတ်ခံစားမှုတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်မယ့် စွမ်းရည်တွေကို ပျိုးထောင်ပေးရာရောက်ပါတယ်။  

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!