အမျိုးသမီးကျန်းမာရေး

ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။

ရာသီစက်ဝန်းအလိုက် အသားအရေ ထိန်းသိမ်းနည်း

ရာသီစက်ဝန်းအလိုက် အသားအရေ ထိန်းသိမ်းနည်း

လေဒီလေးတွေမှာ တစ်လတာရဲ့ နေ့ရက်တိုင်းကို တူညီတဲ့ အသားအရေ အနေအထားနဲ့ ဖြတ်သန်းနေတယ်လို့ ထင်လား… အဆီပြန်တဲ့နေ့တွေ ရှိသလို အသားတွေခြောက်ပြီး ယားယံနေတာမျိုးကို ကြုံရတဲ့ နေ့ရက်တွေ လည်း ရှိဖူးကြတယ်မှတ်လား…. အခုတစ်ခေါက်မှာတော့ ရာသီစက်ဝန်းအလိုက် အသားအရေ ထိန်းသိမ်းနည်း အကြောင်းလေးကို မျှဝေပေးချင်တာပါ။ ရာသီစက်ဝန်းအခိုက်အတန့်တစ်ခုစီနဲ့ အသားအရေ အခြေအနေတစ်ရပ်စီ လေဒီလေးတွေရဲ့ နေ့ရက်တိုင်းမှာ ရာသီစက်ဝန်းတွေ ဖြစ်ပျက်နေမှုနဲ့အတူ အသားအရေ အခြေအနေတွေ ကလည်း တစ်ပတ်နဲ့ တစ်ပတ် မတူညီကြပါဘူး။ သက်တမ်းတလျှောက်မှာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊ အသက်အရွယ်နဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အသားအရေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကို ခံစားကြရပါတယ်။  ဟော်မုန်းဆိုတာက အသားအရေကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ ဓာတုအချက်ပြစနစ်လေးတွေပါ။ ကိုယ်တွင်းမှာ ဟော်မုန်းတွေ မြင့်တက်လာချိန်နဲ့ ဟော်မုန်းတွေ မမျှတတာမျိုးတွေ ဖြစ်လာချိန်မှာ (လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်၊ သွေးဆုံးခါနီးနဲ့ ရာသီလာခါနီးကာလတွေမှာ) အသားအရေ ပြောင်းလဲမှုတွေကို ခံစားရပါတယ်။ အီစထရိုဂျင် နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေကတော့ ရာသီစက်ဝန်းတလျှောက်မှာ အသားအရေအပေါ် အဓိက သက်ရောက်နေတဲ့ ဟော်မုန်းနှစ်မျိုးပါ။ မျိုးဥအိမ်တွေက သားဥတွေကို ထုတ်လုပ်ချိန်မှာ ရာသီစက်ဝန်းကို ထိန်းညှိပေးဖို့ ဟော်မုန်းတွေက လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းရဲ့ အဆင့်တွေကို လိုက်ပြီး အသားအရေ အခြေအနေကလည်း ပြောင်းလဲလာပါတယ်။  ရာသီစက်ဝန်းအလိုက် အသားအရေ ထိန်းသိမ်းနည်း အသားအရေ ခြောက်သွေ့တဲ့ကာလ အပိုင်းအခြား ( ရာသီစက်ဝန်း ၁ ရက် ကနေ ၇ ရက်အတွင်း- ရာသီသွေးဆင်းတဲ့ကာလ) ဒီကာလမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ကျဆင်းနေတဲ့ကာလပါ။ ဒီအခြေအနေက အသားအရေ ကို ရေဓာတ်ခမ်းခြောက်စေပြီး အရေပြားက ထိခိုက်လွယ်လာသလို ကော်လာဂျင်ထွက်ရှိမှု ကျဆင်းစေဖို့ လှုံ့ဆော်နေပါတယ်။ လေဒီလေးအချို့မှာဆိုရင် ဒီကာလမှာ အသားတွေယားတာ၊ ဓာတ်မတည့်မှုဖြစ်တာတွေကို ခံစားကြရပါတယ်။  ဒီကာလမှာ အသားအရေကို ရေဓာတ်ပြည့်ဝစေဖို့ ရေလုံလောက်အောင် သောက်ပေးဖို့ လိုသလို အရည်ရွှမ်းတဲ့ အသီးအရွက်တွေကို စားတာ၊ Moisturizer ကို သေချာလေး လိမ်းတာမျိုး လုပ်ဖို့ လိုပါမယ်။ အသားအရေ ကြည်လင်တောက်ပတဲ့ကာလ အပိုင်းအခြား (ရာသီစက်ဝန်း ၈ ရက် ကနေ ၁၄ ရက်အတွင်း- သားဥကြွေဖို့ စတင်ပြင်ဆင်ချိန်) ဒီကာလမှာ မျိုးဥကြွေခါနီးကာလဖြစ်နေတာကြောင့် ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း အမြင့်တက်ဆုံး အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး ကိုယ်တွင်းမှာ ကော်လာဂျင်ထွက်ရှိမှု တော်တော်လေး မြင့်တက်နေတဲ့ ကာလပါ။ ဒါကြောင့် ဒီကာလမှာ  အသားအရေက ချောမွတ်ပြီး ကြည်တောက်နေမှာပါ။ ဒီကာလမှာ ချွေးပေါက်တွေ ကျဉ်းပြီး အသားအရေက ချောမွတ်နေမှာပါ။ ဒီကာလအပိုင်းအခြားမှာ ဆဲလ်သေတွေကို ဖယ်ရှားတာမျိုး လုပ်ဆောင်လို့ ရပါတယ်။ အသားအရေကို သေချာလေး သန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ်ကို သေချာလေး လိမ်းပေးတာမျိုး လုပ်လို့ ရပါတယ်။  အသားအရေ အဆီပြန်တဲ့ကာလ အပိုင်းအခြား (ရာသီစက်ဝန်း ၁၅ ရက် ကနေ ၂၈ ရက်အတွင်း - ရာသီသွေးဆင်းဖို့ ပြင်ဆင်ကာလ)  ဒီကာလက သားဥကြွေပြီးချိန် ဖြစ်တာကြောင့် ပရိုဂျက်စတုန်းဟော်မုန်းက မြင့်တက်ဖို့ အရှိန်စယူနေတဲ့ အချိန်ပေါ့။ အဆီတွေပိုထွက်လာစေဖို့ လှုံ့ဆော်မှုတွေ ဖြစ်စေသလို ချွေးပေါက်တွေ ပိတ်ဆို့ပြီး အသားအရေကို အသက်ရှူမဝ ဖြစ်စေပြီး ဝက်ခြံတွေ ထွက်ဖို့ စတင်ပြင်ဆင်နေပါတဲ့ ကာလပါ။  ဒီကာလမှာ ဟော်မုန်းဟန်ချက်မညီမှု အတိုင်းအတာပေါ်မူတည်ပြီး ဟော်မုန်းဝက်ခြံတွေနဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။ သားအရေက အဆီတွေပုံမှန်ထက် အလွန်အကျွံ ထွက်လွန်းနေပြီး ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး တန်းစီထွက်တဲ့ကာလပါ။ အကြောင်းကတော့ ကိုယ်တွင်းမှာ အန်ဒရိုဂျင်ဟော်မုန်းပမာဏ ပုံမှန်ထက် မြင့်တက်နေပြီး ချွေးပေါက်တွေ ပိတ်ဆို့လွယ်တာကြောင့် ဝက်ခြံကြီးတွေ ဖြစ်ရတာပါ။  အဆီတွေကို သေချာလေး ဖယ်ရှားပေးဖို့ ဂရုစိုက် လုပ်ဆောင်ရပါမယ်။  non-comedogenic moisturizer ကို သေချာလေး သုံးပေးဖို့ လိုသလို အသားအရေကို သေချာလေး သန့်စင်ပေးဖို့ လိုပါမယ်။ ဝက်ခြံအတွက် ဆေးလိမ်းတာမျိုး လုပ်ပေးဖို့ လိုပါမယ်။  ဒီလိုမျိုး အသားအရေ အခြေအနေလေးကို လိုက်ပြီး သေချာလေး ထိန်းသိမ်းပေးမယ်ဆိုရင်တော့ အရေပြားပြဿနာတွေကို အတိုင်းအတာ တစ်ရပ်အထိ ကာကွယ်နိုင်မှာပါ။  Lotoshinn ရဲ့ စကားလက်ဆောင် ဟော်မုန်းအပြောင်းအလဲတွေက အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အသားအရနဲ့ ကိုက်ညီမယ့် မျက်နှာသစ်ဆေးနဲ့ Toner၊ moisturizer တွေကို အသုံးပြုဖို့ လိုသလို ရေများများသောက်တာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေးဝဝအိပ်တာ၊ အသီးအရွက်များများ စားပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ 

ရာသီလာခါနီးရင် ပိုလှလာတယ် …  ဘာလို့လဲ သိကြလား!

ရာသီလာခါနီးရင် ပိုလှလာတယ် … ဘာလို့လဲ သိကြလား!

ရာသီလာမယ့်ရက် နီးလာတဲ့အခါ  အသားအရေလေးက တင်းရင်းကြည်လင်ပြီး ပိုလှနေသလို ခံစားရတာမျိုး ရှိတာကို သတိထားမိကြလား လေဒီလေးတို့ရေ ….. ဒီလိုမျိုး ရာသီလာခါနီးရင် ပိုလှလာတာ ….. ဘာလို့လဲ သိကြလား! မသိဘူးဆိုရင်တော့ အခုပဲ ရှင်းပြပေးမယ်နော်။ ရာသီလာခါနီးရင် ပိုလှလာတယ် … ဘာလို့လဲ သိကြလား! ရာသီလာမယ့်ရက်မတိုင်ခင် တစ်ပတ်လောက်မှာ တော်တော်လေး လှလာတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ကြည့်ရတာ အသားလေးတွေ ပိုကြည်လာပြီး ပိုကြည့်ကောင်းလာသလို ခံစားရတာတွေ ရှိမယ်ထင်တယ်နော်။ ဒါကဘာကြောင့်လဲဆိုတော့ ဟော်မုန်းပြောင်းလဲမှုကြောင့်ပါ။ သားဥကြွေခါနီးမှာ ကိုယ်တွင်းမှာဖြစ်ပေါ်လာတဲ့ ဟော်မုန်း ပြောင်းလဲမှုကြောင့် အသားအရေတွေက ပိုပြီးကြည်တောက်လာတယ်လို့ ခံစားရတာပါ။ ဒီကာလမှာ ကိုယ်တွင်းမှာ သားဥကြွေစေဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း ထွက်ရှိမှုက သာမန်အချိန်တွေထက် ပိုများနေပါတယ်။ ဒီအခြေအနေကပဲ ကိုယ်တွင်းမှာ ကော်လာဂျင်ထွက်ရှိမှု ကောင်းစေပြီး  hyaluronic acid ထွက်ရှိမှုကိုလည်း ကောင်းစေတာကြောင့် အသားအရေက ပုံမှန်အချိန်ထက်  ပိုပြီး ချောမွတ်တာ၊ အသားအရေ ပန်းရောင်သွေးကြွယ်တာနဲ့ အသားအရေတင်းရင်းတာကို ခံစားရနိုင်ပါတယ်။  ဒါတင်မဟုတ်သေးဘဲ အရေပြားမှာ ရေဓာတ်ပြည့်ဝနေတာကလည်း အသားအရေက ပိုပြီး ကြည်လင်နေတာမျိုး ကိုဖြစ်စေတာပါ။ ဒီကာလမှာ စိတ်ခံစားမှုကလည်း ကောင်းနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးနေချိန် ဖြစ်တာ ကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီးဆွဲဆောင်မှု ရှိတယ်လို့ ခံစားရတာပါ။  ရာသီလာခါနီးရင် ပိုလှလာတယ် … ဘာလို့လဲ သိကြလား![/caption] မျိုးဥအိမ်ကနေ သားဥကြွေတဲ့ ဖြစ်စဉ်တွေ စတင်တဲ့ကာလမှာ ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းပမာဏတွေ မြင့်တက်နေတာက ဆဲလ်တွေကို ကျန်းမာလှပစေပြီး ကော်လာဂျင်ထွက်ရှိမှု ကောင်းစေဖို့လည်း လှုံ့ဆော်ပေးနေပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ အရေပြားက တစ်လတာရဲ့ အခြားအချိန်တွေထက် ပိုပြီးရေဓာတ်ပြည့်ဝနေသလို အသားအရေလေး Glow နေရတာပါ။ အရေပြားဆဲလ်အသစ်တွေလည်း ဖြစ်ပေါ်နေသလို အရေပြားပေါ်ကဆဲလ်ဟောင်းတွေကို ဖယ်ရှားဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုကာလမှာ သဘာဝနည်းလမ်းလေးတွေနဲ့ပဲဖြစ်ဖြစ် chemical peeling လေးတွေ လုပ်ရင်းဖြစ်ဖြစ် အသားအရေကို ထိန်းသိမ်းတာက ရလဒ်ကောင်းတွေကို ရစေဖို့လည်း ရာခိုင်နှုန်းအတော်လေး များတာပါ။ ရာသီမလာခင် ၁၂ ရက်လောက်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ အမြင့်ဆုံးနှုန်းနဲ့ ထွက်ရှိနေတာကြောင့် ဒီကာလအတွင်းမှာ အသားအရေက တော်တော်လေးကို လှနေတာပါ။  ကော်လာဂျင်ထွက်ရှိမှု ကောင်းနေတဲ့ ဒီကာလမှာ အရေပြားက တင်းရင်းပြီး ချွေးပေါက်လေးတွေတောင် ကျဉ်းနေတာကို ခံစားရပါတယ်။ ဒီကာလမှာ အသားအရေကို ရေဓာတ်ဖြည့်တာ၊ အရေပြားကို သေချာလေး သန့်စင်တာနဲ့ အသားအရေထိန်းသိမ်းမှုလေးတွေကို သေချာလေးလုပ်ဆောင်ပေးတာက အသားအရေ ကျန်းမာစေဖို့ရော စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။  Lotoshinn ရဲ့ စကားလက်ဆောင် အသားအရေ ကြည်လင်တာကို သဘောကျတယ်ဆိုရင် ပုံမှန် အသားအရေထိန်းသိမ်းမှုလေးတွေ လုပ်တာ၊ ရေလုံလောက်အောင်သောက်တာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အသီးအရွက်များများစားပေးတာ၊ အချိုအငန်ကဲတာနဲ့ အသင့်စားတာတွေကို ရှောင်ဖို့လိုပါမယ်။ အိပ်ရေးဝဝအိပ်ဖို့လည်း လိုပါမယ်။

ဆောင်းပါး