ရာသီလာနေချိန်မှာ လေ့ကျင့်ခန်း မလုပ်ရဘူးလား!
အထွေထွေ

ရာသီလာနေချိန်မှာ လေ့ကျင့်ခန်း မလုပ်ရဘူးလား!

Admin

📅 14.01.2026

ရာသီလာနေချိန်မှာ တစ်ကိုယ်လုံးကိုက်ခဲနေပါတယ်ဆိုမှ လေ့ကျင့်ခန်းလုပ်ဖို့ကတော့ မဖြစ်နိုင်ပါဘူးလေလို့ ဆင်ခြေပေးတော့မလို့လား…. တကယ်ကတော့ ရာသီလာနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးလို့ ရပါတယ်နော်။ အကြောင်းကတော့ ရာသီလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်လို့ပါ။ 

ရာသီလာနေချိန်မှာ လေ့ကျင့်ခန်း မလုပ်ရဘူးလား!

ရာသီလာနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရတာက အတော်လေး ပင်ပန်းပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက အခုလို ကောင်းကျိုးလေးတွေကို ရရှိစေ နိုင်ပါတယ်။ 

  • စိတ်ခံစားမှု ကောင်းစေတယ်

ရာသီလာနေချိန်မှာ ယောဂလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ ခပ်ဖွဖွလေး ပြေးတာမျိုးတွေက ကိုယ်တွင်း ဟော်မုန်းတွေကို ဟန်ချက်ညီစေဖို့ ထောက်ကူပေးပြီး ရာသီလာချိန် နာကျင်ကိုက်ခဲမှုကို သက်သာစေသလို စိတ်ခံစားမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

  • ခြေကုန်လက်ပမ်းကျတာကို သက်သာစေတယ်

ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲတာတွေ မြင့်တက်နေတဲ့ ရာသီလာချိန်မှာ ဟော်မုန်းအတက်အကျမြန်သလို ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်း အပြောင်းအလဲကို ထိန်းညှိပေးနိုင်မယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။ ရာသီလာနေချိန်မှာ လေ့ကျင့်ခန်း မလုပ်ရဘူးလား! ရာသီလာနေချိန်မှာ လေ့ကျင့်ခန်း မလုပ်ရဘူးလား!

  • ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်

၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရတာက တစ်နေ့ကို မိနစ် ၃၀ တစ်ပတ်ကို ၃ ရက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ ရာသီလာချိန်မှာ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပေးတာက ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ 

  • သွေးလည်ပတ်မှု ကောင်းစေတယ်

ရာသီလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကိုယ်တွင်းသွေးလည်ပတ်မှု ကောင်းစေပြီး ရာသီသွေး စီးဆင်းမှုကို ကောင်းမွန်စေပြီး ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ရာသီလာနေချိန်မှာ ကိုယ်နိုင်သလောက် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာအပြင် ရေလုံလောက်အောင် သောက်တာ၊ အိပ်ရေးဝဝအိပ်တာ၊ သံဓာတ်အားဖြည့်ဆေး သောက်တာ၊ Evening Prime Rose Oil ကို အခြေခံပြီး ထုတ်ထားတဲ့ ဖြည့်စွက်စာကို ပုံမှန် သောက်သုံးပေးတာမျိုးတွေလုပ်ပေးလို့ ရပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ရာသီလာချိန်မှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေသလို ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ ထောက်ကူ ပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကိုယ်နိုင်သလောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေး တွေကို လုပ်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ အကြံပြုလိုက်ပါရစေ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!