ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြား ၂၁ ရက်ထက်တိုနေတာ ဘာကြောင့်များလဲ!
အထွေထွေ

ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြား ၂၁ ရက်ထက်တိုနေတာ ဘာကြောင့်များလဲ!

Aye Thi Mon

📅 30.07.2026

ဟော ရာသီလာပြီးတာမှ ၂ ပတ်ကျော်ကျော်ပဲ ရှိသေးတယ် ထပ်လာနေပြန်ပြီ ဘာဖြစ်လို့များပါလိမ့်! ဆိုပြီး စိတ်ပူနေပြီလား… ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင် နော် …


ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြား ၂၁ ရက်ထက်တိုနေတာ ဘာကြောင့်များလဲ!


ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြား ၂၁ ရက်ထက်တိုနေတာက ပုံမှန်မဟုတ်တဲ့ ရာသီစက်ဝန်းကြားကာလ တိုနေတာ၊ ရာသီသွေးမမှန်တာလို့ ဆိုရပါမယ်။ ကျန်းမာတဲ့ ရာသီစက်ဝန်းတစ်ခုဆိုတာက ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ ၂၁ ရက် ကနေ ၃၅ ရက်အထိ ခြားတတ်ပါတယ်။


ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာ ၂၁ ရက်ထက် တိုနေတာက ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲနေတယ်လို့ ဖော်ပြနေတာဖြစ်သလို စိတ်ဖိစီးမှုတွေများလွန်းနေတာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ ရှိနေတယ် ဆိုတာကို ဖော်ပြနေတာလဲ ဖြစ်ပါတယ်။


အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ -


ဟော်မုန်းပြောင်းလဲတာ - ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်း နည်းနေတာက ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားက ကြားကာလကို တိုစေတာမျိုး ဖြစ်စေနိုင်ပါတယ်။


အသက်အရွယ်အပိုင်းအခြား - အပျိုဖော်ဝင်စ ဆယ်ကျော်သက်အရွယ် လေဒီလေးတွေနဲ့ သွေးဆုံးခါနီးအရွယ် အမျိုးသမီးတွေမှာလည်း ရာသီစက်ဝန်း ကြားကာလက ၂၁ ရက်ထက်တိုလာတာမျိုး ရှိနိုင်ပါတယ်။


စိတ်ဖိစီးမှု အရမ်းများနေတာ - စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်နေတဲ့ ဖိစီးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပေါ်မှာ သက်ရောက်နေတဲ့ ဖိစီးမှုတွေကြောင့် ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကို ဖြစ်စေပြီး ရာသီစက်ဝန်းကြားကာလကို တိုစေနိုင်ပါတယ်။


သိုင်းရွိုက်ပြဿနာ - သိုင်းရွိုက်က ပုံမှန်ထက် အလုပ်ပိုလုပ်နေတာ၊ ပုံမှန်လောက်ကို အလုပ်မလုပ်နိုင် တာတွေကြောင့်လည်း ကိုယ်တွင်းဟော်မုန်းပေါ်မှာ သက်ရောက်မှု ဖြစ်စေပြီး ရာသီစက်ဝန်း ကြားကာလတိုတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။


သားအိမ်မှာ ပုံမှန် မဟုတ်တာ တစ်ခုခု ခံစားနေရတာ - သားအိမ်ထဲမှာ အလုံးတည်နေတာ၊ ရေအိတ် တည်တာ၊ သားအိမ်တွင်းတစ်ရှူးတွေ သားအိမ်အပြင်ဘက်မှာ ကြီးထွားတာ၊ သားဥအိမ်မှာ ရေအိတ်တည်တာတွေကို ခံစားနေရမယ်ဆိုရင်လည်း ရာသီစက်ဝန်း ကြားကာလတိုတာကို ဖြစ်စေနိုင်ပါတယ်။


နေထိုင်မှုပုံစံ - ကိုယ်အလေးချိန် အရမ်းကျသွားတာ၊ ဝိတ်ချနေတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် လုပ်တာတွေ၊ စားသောက်မှုမမှန်တာတွေကလည်း ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခု ကြားကာလကို ၂၁ ရက်ထက် တိုတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။


ဒီအချက်တွေအပြင် ကိုယ်ဝန်ရှိနေတာ၊ နို့တိုက်နေရတာ၊ ကိုယ်ဝန်အစောပိုင်းမှာ ပျက်ကျတာ၊ သားဆက်ခြား နည်းတွေမှာပါတဲ့ ဟော်မုန်းတွေကြောင့်လည်း ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြားမှာ ၂၁ ရက်ထက်တိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။


ဘယ်အချိန်မှာ ကုသမှုခံယူရမလဲ!


ဒီလို အခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါမယ်။

ရာသီစက်ဝန်းကြားကာလက ၂၁ ရက်ထက် တိုနေတာက ဆက်တိုက်လိုလို ဖြစ်နေမယ်။
 - သွေးဆင်းတာက အဆမတန် များနေမယ်
 - တစ်နာရီတစ်ခါ လစဉ်သုံးလဲလှယ်နေရမယ်
 - အရမ်းကို ငြီးစီစီဖြစ်နေမယ်
 - သွေးဆင်းတာက ၇ ရက်နဲ့အထက် ဖြစ်နေမယ်
 - ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာမျိုး ဖြစ်မယ်
 - အားမရှိသလို ခံစားရမယ်
- ခြေကုန်လက်ပမ်းကျမယ်
 - သွေးအားနည်းတာမျိုး ခံစားရမယ်ဆိုရင်တော့ တတ်သိနားလည်တဲ့သူနဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်


ရာသီစက်ဝန်းကြားကာလက ၂၁ ရက်ထက်တိုနေတာကို တစ်လတည်း မဟုတ်ဘဲ ဆက်တိုက်လိုလို ဖြစ်နေမယ်။ ဒီလိုဖြစ်နေတာနဲ့အတူ သွေးဆင်းများလွန်းတာ သွေးဆင်းချိန်မှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာမျိုး ခံစားရမယ်ဆိုရင်တော့ အမြန်ဆုံး လိုအပ်တဲ့ ကုသမှု ခံယူဖို့ လိုပါမယ်။

ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!