တစ်လတည်းမှာ ရာသီနှစ်ကြိမ်လာတာ စိုးရိမ်ရလား! တစ်လတည်းကို ရာသီလာတာက (၂) ကြိမ်တောင် ဖြစ်နေတယ်။ ဒါကပုံမှန်ဟုတ်ရဲ့လား! ဆိုပြီး စိုးရိမ်နေပြီလား… ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့် လိုက်ဦးနော်။
တစ်လတည်း ရာသီနှစ်ကြိမ်လာတာ စိုးရိမ်ရလား!
တစ်လတည်းမှာ ရာသီနှစ်ကြိမ်လာတာက စိုးရိမ်စရာလား! ဆိုတော့ ဒါက အမြဲပဲ စိုးရိမ်စရာရယ်တော့ မဟုတ်ပါဘူး။ အချို့သော အခြေအနေမှာ ပုံမှန်ဖြစ်စဉ်တစ်ခုလိုပဲ ရာသီစက်ဝန်းက (၂၁ - ၂၄) ရက်ထက် နည်းနေတဲ့ အခြေအနေပါ။
အခုလို အခြေအနေတွေကြောင့်လည်း တစ်လတည်းမှာ ရာသီ (၂) ကြိမ်လာနိုင်ပါတယ်။ ဟော်မုန်းမညီမျှတာ ( စိတ်ဖိစီးတာ၊ PCOS (သားဥအိမ်မှာရေအိတ်တည်တာ)၊ သိုင်းရွိုက်ပြဿနာတွေ နဲ့ ဟော်မုန်းမမျှတတာတွေ ကြောင့်လည်း ကိုယ်တွင်းမှာ ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာကို ဖြစ်စေနိုင်ပါတယ်)
သားအိမ်ထဲမှာ အလုံးတည်တာ
သားအိမ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အလုံးတည်တာ၊ ရေအိတ်တည်တာ၊ သားအိမ်တစ်ရှူးတွေ သားအိမ်အပြင်ဘက်မှာ ဖြစ်တာတွေလိုမျိုး အခြေအနေတွေကြောင့်လည်း တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာကိုဖြစ်စေပါတယ်။
ကိုယ်ဝန်အစောပိုင်းကာလ
ကိုယ်ဝန်အစောပိုင်းလက္ခဏာအနေနဲ့လည်း တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာမျိုး ဖြစ်စေပါတယ်။
စိတ်ဖိစီးမှုများလွန်းတာ
စိတ်ဖိစီးမှု များလွန်းတာကြောင့်လည်း ကိုယ်တွင်းမှာ ကော်တီစော ဟော်မုန်းတွေထွက်ရှိပြီး ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်တာကြောင့်လည်း တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာမျိုး ရှိနိုင်ပါတယ်။
သားဆက်ခြားနည်း ပြောင်းလိုက်တာ
သားဆက်ခြားနည်း တစ်ခုခုကို ပြောင်းလိုက်တဲ့အစပိုင်းကာလ တွေ၊ သားဆက်ခြားနည်း တစ်ခုခုကို ရပ်လိုက်တာ၊ ဟော်မုန်းပါတဲ့ တားဆေးတစ်ခုခု (ဥပမာ - အရေးပေါ်တား ဆေးသောက်လိုက်တာ) သောက်လိုက်တာမျိုးတွေလိုမျိုး အခြေအနေမျိုးမှာလည်း တစ်လတည်းရာသီ၂ ကြိမ်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ပြဿနာ
သိုင်းရွိုက်ပြဿနာ ခံစားရမယ်ဆိုရင်လည်း ကိုယ်တွင်းမှာဟော်မုန်း ကမောက်ကမ ဖြစ်ပြီး တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
သွေးဆုံးအကြိုလက္ခဏာ
သွေးဆုံးအကြိုကာလမှာလည်း ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲ ဖြစ်စေနိုင်တာကြောင့် တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ရှိနေတာ
ကိုယ်ဝန်အစောပိုင်း ကာလမှာလည်း သန္ဓေအောင်မှုဖြစ်စဉ်ကြောင့် တစ်လတည်း ရာသီသွေး (၂) ကြိမ်ဆင်းတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာမျိုး၊ ကိုယ်ဝန်ပျက်ကျမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ အနေနဲ့လည်း တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
အမြဲလိုလို မဟုတ်ဘဲ တစ်လတစ်လေလောက်ပဲ ရာသီသွေးက တစ်လတည်း ၂ ကြိမ်ဆင်းနေတာက ပုံမှန်ပဲလို့ ဆိုရပါမယ်။
ဘယ်လိုအခြေအနေမှာ ဆရာဝန်ကို ပြရမလဲ!
တစ်လတည်းမှာ ရာသီသွေး (၂) ကြိမ်ဆင်းတာက ၂ လ ၃ လဆက်တိုက် ဖြစ်နေမယ်။ ရာသီသွေး တစ်လတည်းမှာ (၂) ကြိမ်ဆင်းတာနဲ့အတူ ပြင်းပြင်းထန်ထန် လက္ခဏာတွေကို ခံစားနေရမယ်။ တစ်နာရီတစ်ခါလောက်ကို လစဉ်သုံးလဲလှယ်နေရမယ်ဆိုရင်ဖြစ်ဖြစ် တင်ပဆုံပိုင်းမှာ နာကျင်တာမျိုးတွေ ခံစားရမယ်၊ ရာသီသွေးဆင်းချိန်မှာ နာကျင်တာက သတိလစ်တာလောက်အထိ ခံစားရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
တစ်လတည်းမှာ ရာသီသွေး နှစ်ကြိမ်ဆင်းတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဆိုပေမယ့် တစ်လတည်းမဟုတ်ဘဲ ၂ လ၊ ၃ လဆက်တိုက်လောက်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသစစ်ဆေးကြည့်စေချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!