အမျိုးသမီးကျန်းမာရေး

ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။

COVID ဖြစ်ဖူးတဲ့ အမျိုးသမီးတွေရဲ့ သွေးကြောတွေက ရောက်ရှိအသက်ထက် ပိုအိုသွားကြပါတယ်

COVID ဖြစ်ဖူးတဲ့ အမျိုးသမီးတွေရဲ့ သွေးကြောတွေက ရောက်ရှိအသက်ထက် ပိုအိုသွားကြပါတယ်

‘COVID-19 ကူးစက်ခံရတဲ့ အမျိုးသမီးတွေမှာ သွေးကြောတွေက ရောက်ရှိအသက်ထက် ၅ နှစ်လောက် ပိုအိုသွားကြတယ်။ ဒါကြောင့်ပဲ နှလုံးရောဂါ ခံစားရနိုင်ခြေက ပုံမှန် များနေပါတယ်။ လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။’ COVID ဖြစ်ဖူးတဲ့ အမျိုးသမီးတွေရဲ့ သွေးကြောတွေက ရောက်ရှိအသက်ထက် ပိုအိုသွားကြပါတယ် COVID-19 ရောဂါပိုး ကူးစက်ခံရဖူးတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ သွေးကြောတွေဟာ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် ရောက်ရှိနေတဲ့ အသက်ထက် ၅ နှစ်လောက် အိုမင်းသွားကြပါတယ်။ ကိုဗစ်ကို ပြင်းပြင်းထန်ထန် မခံစားခဲ့ရရင်တောင်မှာ ဒီအကျိုးဆက်ကတော့ ခံစားရမှာပဲဖြစ်ပါတယ်။ တကယ်လို့ COVID-19 ကူးစက်ခံရစဉ်က ပြင်းထန်စွာခံစားခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူခဲ့ရမယ်ဆိုရင်တော့ သွေးကြောတွေက ရောက်ရှိနေတဲ့ အသက်ထက် ၁၀ နှစ်တာလောက်ပိုအိုမင်းသွားကြ တယ်လို့ လေ့လာမှုတစ်ခုရဲ့ ရလဒ်ကို ယခုလ ၁၇ ရက်နေ့က European Heart Journal မှာ ဖော်ပြခဲ့ပါတယ်။ ကိုဗစ်က သွေးကြောတွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိနေတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရပြီဆိုရင် သွေးကြောတွေက အရွယ်မတိုင်ခင် အိုမင်းမှုဖြစ်စဉ်ကို တွေ့ကြုံခံစားကြရပါတယ်။ ဒီအခြေအနေကပဲ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှုအပေါ်သက်ရောက်မှုရှိလာပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို ပုံမှန်ထက် မြင့်တက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကူးစက်ခံရဖူးသူတွေ အနေနဲ့ ကိုဗစ်ရဲ့ ကာလရှည်ကြာ အကျိုးဆက်အနေနဲ့ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုး မဖြင်္စအောင် နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်၊ လို့ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသီ တစ်ဦးက သတိပေးပြောကြားခားပါတယ်။ ကိုဗစ်ကူးစက်ခံရတာက သွေးကြောတွေကို အရွယ်မတိုင်ခင် အိုမင်းတာမျိုး ဖြစ်စေနိုင်တယ်ဆိုပေမယ့် အမျိုးသားတွေမှာတော့ အမျိုးသမီးတွေလောက် သိသိသာသာ ခံစားရတာမျိုး မရှိဘူးလို့လည်း သုတေသန စာတမ်းမှာ ဆိုထားပါတယ်။ လေ့လာမှု အသေးစိတ် ဒီလေ့လာမှုမှာ နိုင်ငံ ၁၆ နိုင်ငံက လူ ၂,၄၀၀ ကို ၂ နှစ်ကျော်ကြာလေ့လာခဲ့တာဖြစ်ပြီး ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲံရသူတွေရော၊ နေအိမ်မှာပဲ ကိုယ်တိုင် နားနေဂရုစိုက်ရင်း သက်သာခဲ့သူတွေပါ ပါဝင်ခဲ့တာပါ။ သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးကြောလုပ်ဆောင်ချက်တွေကို သေချာ လေ့လာစောင့်ကြည့် ခဲ့ပါတယ်။ သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို carotid-femoral pulse wave velocity (PWV) နဲ့ တိုင်းတာခဲ့တာဖြစ်ပြီး ဒီစစ်ဆေးမှုရဲ့ ရလဒ် ကိန်းဂဏန်း များလေလေ သွေးကြောတွေက တောင့်တင်းနေပြီး အရွယ်အိုမင်းနေလေလေ ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ခံရသူတွေမှာ ရောဂါ မပြင်းထန်သူရဲ့ စစ်ဆေးမှု ရလဒ်တွေကမှာ PWV က တစ်စက္ကန့်ကို 0.55 meters per secondနှုန်းတိုးနေပြီး နည်းနည်း ပြင်းထန်သူပြီး ကုသမှု ခံယူခဲံရသူ ရဲ့ စစ်ဆေးမှု ရလဒ်ကတော့ PWV က တစ်စက္ကန့်ကို 0.6 meters per secondနှုန်းတိုးနေတာကို တွေ့ရပါတယ်။ အထူးကြပ်မတ်ကုသဆောင်မှု ကုသမှု ခံယူခဲ့ရတဲ့ အမျိုးသမီးတွေမှာတော့ PWV က တစ်စက္ကန့်ကို 0.19 meters per secondနှုန်းတိုးနေတာကို တွေ့ခဲ့ရပါတယ်။ PWV က တစ်စက္ကန့်ကို 0.55 meters per secondနှုန်းတိုးနေတာက သွေးကြောတွေက အသက်အရွယ်ထက် ၅ နှစ်လောက် ပိုအိုမင်းနေတယ်လို့ သဘောသက်ရောက်နေတာပါ။ ဒီလို အမျိုးသမီးတွေမှာ အသက် ၆၀ ကျော်ပြီးတဲ့အခါ နှလုံးရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ၃ ရာခိုင်နှုန်း ပိုများနေပါတယ်။ ကိုဗစ်ကူးစက်ခံရပြီးနောက် နာတာရှည်ကိုဗစ်ကြွင်းကျန် လက္ခဏာတွေအနေနဲ့ အသက်ရှူရပြတ်တောင်းတောင်း ဖြစ်တာ၊ မောပန်းနွမ်းနယ်လွယ်တာတွေက သွေးကြောတွေ အရွယ်မတိုင်ခင် အိုမင်းနေပြီဆိုကို ပြသနေတာပါ၊ လို့ သုတေသီတွေက ဆိုကြပါတယ်။ သွေးကြောတွေမှာ ကိုဗစ်ကူးစက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းတာ၊ ပုံမှန်မဟုတ်တဲ့ အနေအထားတွေနဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ပျက်ယွင်းသွားပြီး နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကို ခံစားကြရပါတယ်။ ဒီအချက်အပြင် ကာကွယ်ဆေးထိုးထားပြီး ကိုဗစ်ကူးစက်ခံရသူတွေမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိဘဲ ကိုဗစ် ကူးစက်ခံရသူတွေထက် သွေးကြော မာနိုင်ခြေ၊ တောင့်တင်းနိုင်ခြေ နည်းတာကို တွေ့ခဲ့ရပါတယ်။ ကိုဗစ်က သွေးကြောတွေရဲ့ နံရံမှာရှိနေတဲ့ အရာတွေကို ပြောင်းလဲမှုတွေ ဖြစ်စေတာကြောင့် သွေးကြောတွေကို လုပ်ဆောင်မှု ပျက်ယွင်းတဲ့ အခြေအနေကို ဖြစ်ပေါ်စေပြီး သွေးကြောတွေ အရွယ်မတိုင်ခင် အိုမင်းတာတွေ ဖြစ်ရတာပါ၊ လို့ သုတေသီ တစ်ဦးက ရှင်းပြပါတယ်။ ရောဂါကို တုံ့ပြန်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှု၊ ကိုယ်ခံအား တုံ့ပြန်မှုနဲ့ ကူးစက်ရောဂါတွေကို ခုခံတုံ့ပြန်တဲ့ အပေါ်မှာ လိုက်ပြီး သွေးကြောတွေရဲ့ ထိခိုက်မှုကလည်း ကွာခြားနိုင်ပါတယ်။ ကိုယ်ခံအား တုံ့ပြန်မှုက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ မတူညီကြပါဘူး။ အမျိုးသမီးတွေရဲ့ ကိုယ်ခံအားက ရောဂါတစ်ခုခုကို တုံ့ပြန်မှု မြန်ကြပြီး ဒီလို မြန်ဆန်မှုကပဲ ရောဂါပိုး ကူးစက်ခံရချိန်မှာ သွေးကြောတွေ ထိခိုက်နိုင်ခြေကို ပိုများစေတာပါ။ သွေးကြောတွေ အိုမင်းတာက သွေးဖိအားပေါ်မှာရော သွေးတွင်းအဆီပမာဏအပေါ်မှာပါ သက်ရောက်မှု ရှိနေတာပါ။ ဒါကြောင့် ကိုဗစ်ရဲ့ အကျိုးဆက် အရွယ်မတိုင်ခင် သွေးကြောတွေ အိုမင်းမှုကြောင့် နှလုံးထိခိုက်တာမျိုးကို လျှော့ချနိုင်ဖို့ဆိုရင် အာဟာရပြည့်ဝမျှတအောင် စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို သေချာလေး လုပ်ဆောင်ဖို့ လိုပါမယ်။ ကိုဗစ်ကူးစက်ခံရတာကြောင့် သွေးကြောတွေ အရွယ်မတိုင်ခင် အိုမင်းသွားကြသူတွေမှာ ရုတ်တရက်နှလုံးရပ်နိုင် ခြေနဲ့ လေဖြတ်နိုင်ခြေရော ပိုများနေမလားဆိုတာကို ဆက်လက်ပြီး လေ့လာမှုတွေ လုပ်ဆောင်ကြည့်ကြဖို့ သုတေသီတွေက စီစဉ်လျက်ရှိပါတယ်။ [Ref: medicinenet: 20; August; 2025]

မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ!

မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ!

ဝက်ခြံတွေက တော်တော်လေးကို အဖြစ်များတဲ့ အရေပြား ကျန်းမာရေး ပြဿနာပါ။ ဒါပေမယ့် အချို့ကတော့ အလှအပဆိုင်ရာ ကိစ္စတစ်ခုလို့ ယူဆနေကြပါတယ်။ ဝက်ခြံက ကျား/မ မရွေးဖြစ်နိုင်တဲ့ အရေပြားဆိုင်ရာ ကျန်းမာရေး ပြဿနာပါ။ အခုတစ်ခေါက်မှာတော့ မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ! မျက်နှာမှာ ဝက်ခြံတွေ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မွေးညှင်းပေါက်လေးတွေမှာ မျက်နှာက အဆီတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ ပိတ်ဆို့နေတာကြောင့်ပါ။ အထူးသဖြင့်ကတော့ အပျိုဖော်ဝင်တဲ့အချိန်၊ ရာသီလာတဲ့အချိန်တွေလိုမျိုး အဆီတွေအထွက်များတဲ့ အခြေအနေကြောင့် ဝက်ခြံတွေ ဖြစ်ရတာပါ။ အခြား အကြောင်းရင်းခံတွေဖြစ်တဲ့ မျိုးဗီဇ၊ ဆေးဝါးတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ မွေးညှင်းပေါက်တွေ ပိတ်နေတာ အဆီပိုတွေ များနေတာ မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို အလွန်အကျွံ ထုတ်တာကြောင့် အဆီတွေနဲ့ ဆဲလ်သေတွေ ရောသွားပြီး မျက်နှာပေါ်က မွေးညှင်းပေါက်တွေကို ပိတ်သွားတာကြောင့်ပါ။ ဆဲလ်သေတွေ ပုံမှန်အားဖြင့်ကတော့ မျက်နှာအရေပြား အပါအဝင် ခန္ဓာကိုယ် အရေပြားမှာ ဆဲလ်သေတွေ ရှိတတ်ပါတယ်။ ဒီလို ဆဲလ်သေတွေကို နည်းလမ်းမှန်မှန်နဲ့ မဖယ်ရှားမိဘူးဆိုရင်တော့ ဆဲလ်သေတွေက ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ ဘက်တီးရီးယားတွေ အရေပြားပေါ်မှာ ပုံမှန်အတိုင်း ရှင်သန်နေထိုင်တဲ့ Propionibacterium acnes (P. acnes) ဆိုတဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ ဒီဘက်တီးရီးယားတွေက ချွေးပေါက်တွေကို ပိတ်ဆို့သွားတဲ့အခါ ရောင်ရမ်းမှုတွေကို ဖြစ်စေပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ ဟော်မုန်း ပြောင်းလဲတာ အပျိုဖော်ဝင်တာ အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ အချိန်မှာ ကိုယ်တွင်းမှာ အန်ဒရိုဂျင်ဟော်မုန်း ပမာဏမြင့်တက်နေတာကြောင့် အဆီဂလင်းတွေကို အဆီပိုထုတ်စေဖို့ လှုံ့ဆော်ပေးသလို ဖြစ်ပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ရာသီလာခါနီး ရာသီလာခါနီးအချိန်မှာလည်း ဟော်မုန်း အတက်အကျ မြန်တာကြောင့် ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဟော်မုန်း အပြောင်းအလဲများတာကြောင့် ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေက ကိုယ်တွင်းဟော်မုန်း အပေါ်မှာ သက်ရောက်မှု ရှိစေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ အခြားသော အကြောင်းအရင်းတွေ မျိုးဗီဇ မိသားစုဝင်တွေထဲမှာ ဝက်ခြံပေါက်တဲ့သူ ရှိမယ်ဆိုရင်လည်း ဝက်ခြံဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများနေနိုင်ပါတယ်။ ဆေးဝါးတွေ ဟော်မုန်းပါဝင်နေတဲ့ အချို့သော ဆေးဝါးတွေက ဝက်ခြံတွေ ဖြစ်စေနိုင်သလို ရှိရင်းစွဲ ဝက်ခြံတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှု များလွန်းတာကလည်း ကော်တီစော ဟော်မုန်း ပမာဏကို တိုးစေပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ စားသောက်မှုပုံစံ အစားအသောက်က တိုက်ရိုက်သက်ရောက်နေတာ မဟုတ်ရင်တောင် သန့်စင်ထားတဲ့ သကြားတွေ၊ နို့ထွက်ပစ္စည်းတွေလိုမျိုး စားစရာတွေကို အများကြီး စားမိမယ်ဆိုရင်လည်း ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ အလှကုန်တွေ ဆီကို အခြေခံပြီး ထုတ်ထားတဲ့ အလှကုန်တွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းခံတွေကြောင့် ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ဝက်ခြံက အလှပျက်စေသလို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ ဖြစ်စေမယ့် အကြောင်းရင်းခံတွေကို သိရှိ သတိထားနေထိုင်ပြီး အသားအရေ ကျန်းမာစေဖို့ ဂရုစိုက်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။

ဆောင်းပါး