မိန်းမကိုယ်က လေထွက်ခြင်း
မိန်းမကိုယ်က လေထွက်တယ်ဆိုတာကို မိန်းမကိုယ်အတွင်းမှာ ပိတ်မိနေတဲ့ လေတွေ အပြင်ဘက်ကို ထွက်လာတဲ့ အခြေအနေ တစ်ရပ်ပါ။ ဖြစ်လေ့ဖြစ်ထရှိသလို ပုံမှန်ဖြစ်ရပ်တစ်ခုလို့ပဲ များသောအားဖြင့် သတ်မှတ်လို့ ရပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်လက်နှီးနှောပြီးချိန်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ တွေ့ရများပြီး မီးယပ်ကျန်းမာရေးပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ဘယ်လို လက္ခဏာတွေ ရှိမလဲ!
မိန်းမကိုယ်က လေထွက်တာက သားအိမ်ခေါင်းတလျှောက်ကို လေကဖြတ်လာပြီး မိန်းမကိုယ်ကနေတဆင့် လေလည်သလို အသံနဲ့ လေတွေထွက်လာတာမျိုးပါ။ လေလည်တာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် မိန်မကိုယ်က ထွက်တဲ့လေက လေလည်သလိုမျိုး နံတာမျိုး မရှိပါဘူး။နာတာကျင်တာမျိုး ရှိလား!
မိန်းမကိုယ်က လေထွက်တာကြောင့် နာတာကျင်တာမျိုး မရှိပါဘူး။ တကယ်လို့ မွေးလမ်းကြောင်းနဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုခုကြားမှာ ကြွက်သားပျက်စီးမှုကြောင့် ဖြစ်တဲ့ အပေါက်ပေါက်နေတာမျိုး ဆိုရင်တော့ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာက အကောင်းဆုံး ဖြစ်မှာပါ။မိန်းမကိုယ်ကနေ လေတွေ ဘာကြောင့်ထွက်နေရတာလဲ!
မွေးလမ်းကြောင်းထဲမှာ လေတွေ ပိတ်မိသွားစေနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါ။ မွေးလမ်းကြောင်းဆိုတာက ကိုယ်တွင်းမှာရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဒါကြောင့် ရာသီလာချိန်မှာ တမ်ပွန်သုံးတာကြောင့်ကနေစလို့ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် မွေးလမ်းကြောင်းထဲမှာ လေဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလေတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်တဲ့အခါ မိန်းမကိုယ်ကနေ လေလည်သလို လေတွေ ထွက်လာရတာပါ။ ဒီအခြေအနေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ အတွေ့ရများတဲ့ အကြောင်းအရင်းတွေ ကတော့ -- ကိုယ်လက်နှီးနှောတာ
- တမ်ပွန် အသုံးပြုတာ
- တင်ပဆုံကြွက်သား အားနည်းတာ
- မိန်းမကိုယ်စစ်ဆေးမှု ခံယူထားတာ
- ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်တာ
- မွေးလမ်းကြောင်း အပေါက်ဖြစ်တာ
ဘယ်လိုအခြေအနေဆို ကုသမှုခံယူဖို့ လိုမလဲ!
မိန်းမကိုယ်က လေထွက်တာနဲ့အတူ အောက်ပါ အခြေအနေတစ်ရပ်ရပ်ကို ခံစားနေရပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။- ကိုယ်လက်နှီးနှောချိန်မှာ မိန်းမကိုယ်၊ သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်နဲ့ စအိုကြား အရေပြားနေရာလေးက နာတာမျိုးဖြစ်မယ်
- မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေမယ်
- မကြာခဏဆိုသလို ဆီးလမ်းကြောင်း ပိုးဝင်မယ်
- မိန်းမကိုယ်ကနေ ပြည်တွေ၊ မစင်တွေ ဆင်းနေမယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုချင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် မိန်းမကိုယ်ရဲ့ ရာသီသွေးဆင်းတဲ့နေရာကနေ လေလည်သလို လေတွေထွက်တာက ပုံမှန်အားဖြင့်ကတော့ ထိခိုက်မှု မရှိပါဘူး။ ကိုယ်လက်နှီးနှောမှုကြောင့် ဖြစ်နိုင်သလို လေ့ကျင်ွှခန်းလုပ်တာ ဒါမှမဟုတ် တင်ပဆုံကြွက်သား အားနည်းတာတွေကြောင့်လည်း မိန်းမကိုယ်က လေထွက်နိုင်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ကတော့ မိန်းမကိုယ်နဲ့ အစာဟောင်းအိမ်ကြား ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါ တစ်ခုခုရဲ့ ကြားမှာ ပုံမှ်မဟုတ်တဲ့ အပေါက်လေး တစ်ခုဖြစ်နေတာကြောင့်လည်း မိန်းမကိုယ်ကနေ လေထွက်တာမျိုး ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!