အမျိုးသမီးကျန်းမာရေး

ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။

ရာသီသွေးထဲ သွေးခဲတွေပါရတာ ဘာကြောင့်လဲ!

ရာသီသွေးထဲ သွေးခဲတွေပါရတာ ဘာကြောင့်လဲ!

ရာသီသွေးဆင်းတာက အနံ့လည်း မဆိုးဘူးဖြစ်မယ်။ တစ်လတစ်ကြိမ် ရာသီသွေးလည်း ဆင်းမယ်ဆိုရင်တော့ ဒါက ပုံမှန်ပဲလို့ ဆိုရပါမယ်။ ဒါပေမယ့် ရာသီသွေး ပုံမှန်ဆင်းနေပေမယ့် လေဒီလေးတွေကို စိတ်ပူစေတဲ့ အချက်လေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ရာသီသွေးဆင်းတဲ့အထဲမှာ သွေးခဲတွေ ပါလာတာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါရတာက ဘာကြောင့်ဖြစ်တာလဲ! ဘယ်လို အခြေအနေဆို စိုးရိမ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  ရာသီသွေးထဲ သွေးခဲတွေပါတာ ပုံမှန်ပဲလား! ရာသီသွေးထဲ သွေးခဲတွေပါလာတာက များသောအားဖြင့်ကတော့ ပုံမှန်ပါပဲ။ ရာသီစက်ဝန်း အစပိုင်းနဲ့ အဆုံးပိုင်းရက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တော်တော်များများကတော့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါလာရင် စိုးရိမ်ကြတာ များပါတယ်။ တကယ်ကတော့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါရတာက သားအိမ်နံရံက သွေးဆဲလ်တွေ၊ တစ်ရှူးတွေ၊ ပရိုတင်းတွေက အတုံးအခဲများ အနေနဲ့ ခန္ဓာကိုယ် ပြင်ပကို ဆင်းလာတာ ဖြစ်ပါတယ်။ ဒီအခြေအနေကတော့ ပုံမှန်ပဲလို့ ဆိုရပါမယ်။  ရာသီလာနေချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေက သားအိမ်အတွင်းနံရံတစ်ခုလုံးကို ရာသီသွေးအနေနဲ့ ခန္ဓာကိုယ်ပြင်ပကို ဆင်းသွားစေတာပါ။ ဒီလို ရာသီသွေးဆင်းမှု ဖြစ်စဉ် ဖြစ်ပေါ်နေချိန်မှာ သွေးကြောလေးတွေကနေ သွေးတွေထွက်တာကို ဖြစ်စေပါတယ်။ ဒီအနေအထားမှာ ကိုယ်တွင်းက သွေးဆုံးရှုံးအရမ်းများတာမျိုးမဖြစ်အောင် ကာကွယ်ပေးဖို့အတွက် သွေးခဲစေတဲ့ သွေးဆဲလ်လေးတွေနဲ့  သွေးရည်ကြည်တွေက သွေးခဲစေဖို့ အတူလုပ်ဆောင်လိုက်တာကြောင့် ရာသီသွေးထဲမှာ သွေးခဲတွေ ပါလာရတာပါ။  အချို့သော ကျန်းမာရေး အခြေအနေတွေကလည်း သွေးခဲဆင်းတာကို ဖြစ်စေနိုင်ပါတယ်။  ရာသီသွေးထဲ သွေးခဲတွေပါရတာ ဘာကြောင့်လဲ! ရာသီသွေးထဲ သွေးခဲတွေပါရတာ ဘာကြောင့်လဲ! ရာသီသွေးထဲမှာ သွေးခဲတွေ ပါရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။  သွေးဆင်းများတာ သွေးဆင်းများတာကြောင့်လည်း သွေးခဲတာကို ဖြစ်စေနိုင်ပါတယ်။ ရာသီသွေးဆင်းများတဲ့ ရက်တွေဖြစ်တဲ့ ရာသီစက်ဝန်း အစောပိုင်းရက်တွေနဲ့ အဆုံးပိုင်းရက်တွေမှာ သွေးဆင်းများတာနနဲ့အတူ သွေးခဲတွေဆင်းတာ ကိုပါ ဖြစ်စေနိုင်ပါတယ်။  ဟော်မုန်းမမျှတတာ ကိုယ်တွင်းမှာ ဟော်မုန်းအတက်အကျမြန်ပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ အတက်အကျ မြန်လွန်းတာကလည်း သားအိမ်အတွင်းနံရံတွေကို ထူစေပြီး သွေးဆင်းများတာ သွေးခဲတွေဆင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။  Adenomyosis (သားအိမ်တစ်ရှူးများ ကြွက်သားအဖြစ်ပြောင်းလဲသွားခြင်း) သားအိမ်အတွင်းနံရံမှာရှိနေတဲ့ တစ်ရှူးတွေက ရာသီသွေးအနေနဲ့ ဆင်းသွားတာမျိုး မရှိဘဲ သားအိမ်အတွင်းထဲမှာ ကြွက်သားနံရံအနေနဲ့ ကြီးထွားလာတာကလည်း ရာသီသွေးဆင်းများတာ၊ သွေးခဲတွေ ဆင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။  သားအိမ်ထဲမှာ အလုံးတည်တာ သားအိမ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးတွေဖြစ်ပေါ် ကြီးထွားလာတာကလည်း သွေးဆင်းများပြီး သွေးခဲတွေ ဆင်းတာကို ဖြစ်စေနိုင်ပါတယ်။  သားအိမ်တစ်ရှူးတွေ သားအိမ်ပြင်ပမှာ ကြီးထွားနေတာ သားအိမ်အတွင်းနံရံမှာ ရှိနေတဲ့ တစ်ရှူးတွေက သားအိမ်ပြင်ပမှာ ကြီးထွားနေတာကလည်း သွေးဆင်းများတာ၊ သွေးခဲတွေဆင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။  သားအိမ်မှာ ရေအိတ်တည်တာ သားဥအိမ်ထဲမှာ ရေအိတ်လေးတွ တည်နေတာကလည်း ဟော်မုန်းဟန်ချက်မညီတာကို ဖြစ်စေပြီး သွေးဆင်းမမှန်တာ၊ သွေးဆင်းများတာနဲ့ သွေးခဲတွေဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။  သွေးရောဂါ တစ်ခုခု ဖြစ်နေတာ သွေးရောဂါတစ်ခုခု ခံစားနေရတာကလည်း ရာသီသွေးဆင်းများတာနဲ့ သွေးခဲတွေ ဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။  သိုင်းရွိုက်ပြဿနာရှိနေတာ သိုင်းရွိုက်က အလုပ်သိပ်မလုပ်တာပဲ ဖြစ်ဖြစ်၊ ပုံမှန်ထက် အလုပ်တွေ ပိုလုပ်နေတာမျိုးဖြစ်ဖြစ် ရှိနေမယ်ဆိုရင်လည်း ဟော်မုန်းဟန်ချက်မညီတာကို ဖြစ်စေပြီး သွေးဆင်းများတာနဲ့ သွေးခဲတွေဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။  အခုလို အခြေအနေတွေက ရာသီသွေးဆင်းများတာနဲ့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါနေတာကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြရမလဲ! ရာသီသွေးထဲမှာ သွေးခဲတွေပါနေတိုင်း ဆရာဝန်နဲ့ မဖြစ်မနေပြဖို့ မလိုပါဘူး။ ဒါပေမယ့် သွေးဆင်းတဲ့ ရာသီစက်ဝန်းက သိသိသာသာ ပြောင်းသွားတာမျိုး ဖြစ်မယ်။ သွေးခဲတွေက အရွယ်အစားကြီးနေမယ်။ သွေးခဲတွေဆင်းနေတာနဲ့အတူ ပြင်းထန်နဲ့ နာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး ကုသမှု ခံယူပေးဖို့ လိုပါမယ်။   Lotoshinn ရဲ့ စကားလက်ဆောင် ရာသီသွေးဆင်းတဲ့ထဲမှာ သွေးခဲတွေပါလာတယ်ဆိုတဲ့နေရာမှာ သွေးခဲတွေ အရမ်းကြီးနေတာမျိုးဖြစ်မယ် ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာလည်း သွေးဆင်းတာမျိုးဖြစ်မယ်။ သွေးခဲတွေဆင်းချိန်မှာလည်း အရမ်းကို နာကျင်ခံစားနေရာတာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်သိနားလည်သူတွေနဲ့ သေချာလေး ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူကြဖို့ အကြံပြုချင်ပါတယ်။   

ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ

ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ

ရင်သားကင်ဆာက အမျိုးသမီးတွေမှာတင် ဖြစ်နိုင်တာမဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေက ပိုများပြီး အမျိုးသမီးတွေကို သေဆုံးစေနိုင်တဲ့ အဖြစ်များတဲ့ အကြောင်းအရင်းခံ တစ်ခုပါပဲ။ ရင်သားကင်ဆာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် စောစောသိရှိ ကာကွယ်နိုင်မယ် ဆိုရင်တော့ ထိခိုက်နိုင်ခြေကို တော်တော်လေး လျှော့ချနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လေဒီလေးတိုင်း သိထားသင့်တဲ့ ရင်သားကင်ဆာ အစောပိုင်း လက္ခဏာတွေ အကြောင်းကို မျှဝေပေး လိုက်ပါတယ်။ ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ လေဒီလေးတွေမှာ တွေ့ရနိုင်တဲ့ ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ ကတော့ - အဖုအကျိတ်လေးတွေ ဖြစ်တာ ရင်သား ဒါမှမဟုတ် ချိုင်းအောက်ဖက်နားမှာ အဖုလေးတွေ၊ အကျိတ်တွေ ဖြစ်လာတာမျိုးဖြစ်မယ်။ ဒီအဖုအကျိတ်ကလည်း ခပ်ပျော့ပျော့ပဲဖြစ်မယ် ဟိုဒီရွှေ့ကြည့်လို့ ရတာမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ရင်သားကင်ဆာ စစ်ဆေကြည့်ဖို့ လိုပါမယ်။ ရင်သား အရွယ်အစား၊ ပုံပန်းသဏ္ဍာန် ပြောင်းလဲလာတာ ရာသီလာခါနီးမှာ ရင်သားတွေက တင်းတာ၊ ပုံမှန်ထက် ပိုပြီး ကြီးလာတာမျိုး ခံစားရနိုင်တယ်ဆိုပေမယ့် ရင်သားက တစ်ဖက်တည်းပဲ ကြီးတာ တင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေးကြည့်ဖို့ လိုပါမယ်။ ရင်သားထိပ်ပုံစံပြောင်းလဲတာ ရင်သားထိပ်ပုံစံတွေ ပြောင်းလဲလာတာ၊ ရင်သားထိပ်က အတွင်းဘက်ကို ချိုင့်ဝင်သွားတာလိုမျိုး ပုံမှန် မဟုတ်တဲ့ အခြေအနေမျိုး ခံစားရမယ်ဆိုရင်လည်း ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ပုံမှန်မဟုတ်တဲ့ အရည်တွေထွက်တာ ရင်သားကနေ ( ရင်သားထိပ်) ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်တာ နို့ချိုမဟုတ်ဘဲ အဝါရောင်၊ အညိုရောင်နဲ့ စေးပျစ်ပျစ် အရည်တွေထွက်တာမျိုး ဖြစ်မယ်ဆိုရင်လည်း သေချာလေး စစ်ဆေးမှုကို ခံယူပေးပါ။ ရင်သားအရေပြားက နီမြန်းတာ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ရပ်ရပ် ခံစားရတာ အရေပြားကို ပိုးဝင်တဲ့အခါ အခုလို လက္ခဏာတွေကို တွေ့ရနိုင်တယ်ဆိုပေမယ့် အရေပြား အရောင်ပြောင်းတာ နဲ့အတူ ရင်သားထိပ် အရေပြားက ပူသလိုလို နာသလိုလိုတွေ ခံစားရမယ်ဆိုရင် ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေကုသမှု ခံယူဖို့ လိုပါမယ်။ ရင်သားကင်ဆာက ရင်သားကနေတဆင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို ပြန့်နှံ့ရောက်ရှိပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ရင်သားကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေကို သေချာလေး သိရှိအောင် လုပ်ဆောင်ပြီး ကြိုတင်စစ်ဆေးလို့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ အကြံပြုလိုက်ပါရစေ။ Lotoshinn ရဲ့ စကားလက်ဆောင် ရင်သားကင်ဆာက အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်တတ်ပြီး အစောပိုင်းလက္ခဏာတွေကို သိရှိပြီး စောစော ကုသမှု ခံယူမယ်ဆိုရင် ထိခိုက်နိုင်ခြေနည်းတာကြောင့် ရေချိုးတိုင်း တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါ ကိုယ်တိုင်စမ်းသပ်စစ်ဆေးကြဖို့လည်း အကြံပြုလိုက်ပါရစေ။

ဆောင်းပါး