ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ
လေဒီလေးတွေမှာ တွေ့ရနိုင်တဲ့ ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ ကတော့ -- အဖုအကျိတ်လေးတွေ ဖြစ်တာ
- ရင်သား အရွယ်အစား၊ ပုံပန်းသဏ္ဍာန် ပြောင်းလဲလာတာ
- ရင်သားထိပ်ပုံစံပြောင်းလဲတာ
- ပုံမှန်မဟုတ်တဲ့ အရည်တွေထွက်တာ
- ရင်သားအရေပြားက နီမြန်းတာ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ရပ်ရပ် ခံစားရတာ
Lotoshinn ရဲ့ စကားလက်ဆောင် ရင်သားကင်ဆာက အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်တတ်ပြီး အစောပိုင်းလက္ခဏာတွေကို သိရှိပြီး စောစော ကုသမှု ခံယူမယ်ဆိုရင် ထိခိုက်နိုင်ခြေနည်းတာကြောင့် ရေချိုးတိုင်း တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါ ကိုယ်တိုင်စမ်းသပ်စစ်ဆေးကြဖို့လည်း အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!