သားအိမ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာလေးများအကြောင်း
သားအိမ်ကင်ဆာ အစပျိုးနေချိန်မှာ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။- အမြဲလိုလို ဗိုက်ထဲမှာ လေပွသလို ခံစားနေရတာ
- ဝမ်းချုပ်တာ
- ဆီးစပ် အမြဲလိုလို ကိုက်နေတာ
- အစားစားချင်စိတ် မရှိဘဲ အမြဲလိုလို ဗိုက်အင့်နေတာ
- ဆီးသွားတဲ့ အလေ့အထ ပြောင်းလဲလာတာ
- အမြဲလိုလို ပင်ပန်းနေတာ
- ကိုယ်အလေးချိန် ရုတ်တရက် ပြောင်းလဲတာ
Lotoshinn ရဲ့ စကားလက်ဆောင် အခုပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားရတာက နေ့တိုင်းလိုလို ဖြစ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်မယ် OTC ဆေးတွေ သောက်ပေမယ့် သက်သာတာမျိုး မရှိဘူးဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူပြီး သားအိမ်ကင်ဆာ စစ်ဆေးကြည့်ဖို့ လိုပါမယ်။ သားအိမ်ကင်ဆာက စောစောသိ စောစောကုသရင် ရလဒ်ကောင်း နိုင်တာကြောင့် အချိန်မဆွဲဘဲ စစ်ဆေးကုသမှု ခံယူကြဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!