ကလေးတွေမှာ ကင်ဆာခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ
ကလေးငယ်လေးတွေမှာ ကင်ဆာခံစားနေရပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။- ပုံမှန်မဟုတ်ဘဲ ရောင်ရမ်းတာ၊ အဖုတွေအကျိတ်တွေ ထွက်တာမျိုး
- အရိုးတွေ၊ အဆစ်တွေနဲ့ နောက်ကျောမှာ အမြဲလိုလို နာကျင်နေတာ
- အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန်ကျလာတာ၊ ခြေကုန်လက်ပမ်းကျလာတာ
- ခဏခဏ ဖျားတာ၊ ကူးစက်မှုတွေ ခံရတာ
- အမြင်ပြောင်းလဲလာတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာတာ
Lotoshinn ရဲ့ စကားလက်ဆောင် ကလေးတွေက ခံစားရတာကို ပြောပြနိုင်စွမ်း ရှင်းပြနိုင်စွမ်းက လူကြီးတွေလောက် မကောင်းတာကြောင့် ကလေးကို သေချာလေး ကြည့်ပြီး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ကလေးမှာ အခုပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရမယ်ဆိုရင်လည်း အချိန်မဆွဲဘဲ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။# Disclaimer: ဒီဆောင်းပါးလေးက ဗဟုသုတအနေနဲ့ မျှဝေခြင်းသာ ဖြစ်ပြီး ဆေးဖက်ဆိုင်ရာ အကြံပြုစစ်ဆေးချက်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ပါကြောင်း ….
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!