ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက အရာလုံးကို ကောင်းမွန်စေမယ့် အစပြုမှုတစ်ခုပါ
အထွေထွေ

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက အရာလုံးကို ကောင်းမွန်စေမယ့် အစပြုမှုတစ်ခုပါ

Admin

📅 21.08.2025
“ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းက ပျော်ရွှင်မှုနဲ့ ယုံကြည်မှုရစေဖို့ အဓိကကျတဲ့ အချက်တစ်ခုပါ။”
တော်တော်များများက အခြားသူတွေကို ချစ်ပေး ဂရုစိုက်ပေးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ကိုယ့်ကိုယ်ကိုယ် ချစ်တာကို တစ်ကိုယ်ကောင်းဆန်တာလို့ ယူဆနေတာကြောင့်လည်း ပါပါတယ်။  တကယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တာက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ပျော်ရွှင်မှု၊ ယုံကြည်မှုရှိမှုနဲ့ အလိုဆန္ဒပြည့်ဝခြင်းတွေရဲ့ အခြေခံအကျဆုံး အုတ်မြစ်တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် စတင်သင်ယူတာက ကောင်းမွန်တဲ့ အရာတွေကို ဖြစ်လာစေဖို့ မှန်ကန်တဲ့ အစပြုမှု တစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက အရာလုံးကို ကောင်းမွန်စေမယ့် အစပြုမှုတစ်ခုပါ

ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက ပိုမိုကောင်းမွန်တဲ့ နေ့စဉ်ဘဝဆီကို ရောက်ရှိစေနိုင်မယ့် ကောင်းမွန်တဲ့ အစပြုမှု တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာက အခုလို ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ 
  • စိတ်ကျန်းမာရေး ပိုကောင်းလာမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာက စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်သလို စိုးရိမ်စိတ်များတာကိုလည်း သက်သာစေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်ကြင်နာနာ ဆက်ဆံတာက အတွင်းစိတ်မှာ ကောင်းမွန်တဲ့ စိတ်စွမ်းအားတွေ ရရှိစေပြီး စိတ်ကျန်းမာရေး ပိုကောင်းလာမှာ ပါ။ 
  • ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တာက ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်လိုက်ပါ။ 
  • ခံနိုင်ရည်ပိုရှိလာမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တာက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေဖို့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် ပိုရှိလာစေမှာပါ။ ဒါကြောင့် ဘဝရဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ စတင်လိုက်ပါ။
  • Motivation ပိုကောင်းလာမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တာက Motivation ပိုကောင်းလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မုန်းတာက ကိုယ့်တိုးတက်မှုကို ကိုယ်တိုင် ပိတ်ပင်လိုက်တာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုကနေ စတင်လိုက်ပါ။ 
  • ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်နိုင်စေမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင် ပါတယ်။ စိတ်ကို အားဖြည့်မှုကနေ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိပြီး နေ့စဉ်တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်စေမယ်။ အစားကောင်းကောင်း စားဖြစ်စေမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မိစေမယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေမှာပါ။ 
  • Healthy Boundary ထားတတ်စေမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူတွေက လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ ထားရှိရမယ့် Healthy Boundary ကို ထားရှိတတ်စေမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး Healthy Boundary ထားရှိတတ်တာက ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံကို ပိုင်ဆိုင်နိုင်စေဖို့ နည်းလမ်းကောင်းတစ်ရပ်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် လုပ်ယူပါ

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့သူ ဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် နည်းလမ်းတွေကို လိုက်နာဖို့ လိုပါမယ်။ 
  • ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ပါစေ
  • ကိုယ့်ရဲ့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးကို ဂရုစိုက်ပါ
  • ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တာ၊ အဆိုးမြင်တဲ့ အတွေးတွေကို ဖယ်ရှားပါ
  • မလုပ်နိုင်တာကို မလုပ်နိုင်ဘူး ပြောတတ်ဖို့ လေ့ကျင့်ထားပါ
  • ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ
  • ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ
  • အကောင်းမြင်တတ်သူတွေနဲ့ အချိန်ကုန်ဆုံးပါ။ 
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် လုပ်ဆောင်ခြင်းက အပေါ်မှာ ပြောခဲ့တဲ့  ကောင်းကျိုးတွေကို ရရှိစေနိုင်တာမို့ ကောင်းမွန် တဲ့ အရာအားလုံးကို အစပျိုးနိုင်စေဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ အစပြုလိုက်ပါလို့ အကြံပြု လိုက်ပါရစေ။ 
Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ့်ကိုယ်ကိုယ် ချစ်တာက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ပျော်ရွှင်မှု၊ ယုံကြည်မှုရှိမှုနဲ့ အလိုဆန္ဒပြည့်ဝခြင်းတွေရဲ့ အခြေခံအကျဆုံး အုတ်မြစ်တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် စတင်သင်ယူတာက ကောင်းမွန်တဲ့ အရာတွေကို ဖြစ်လာစေဖို့ မှန်ကန်တဲ့ အစပြုမှု တစ်ခုပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ အခြားသူတွေကို ချစ်ပေးသလို ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့ မမေ့ပါနဲ့။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!