မာလကာသီး ကောင်းကျိုးများသလား!
မာလကာသီးမှာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မာလကာသီးက သွေးအားနည်းတာမျိုး မဖြစ်စေဖို့ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါပေမယ့် အများကြီးစားရင်တော့ လေပွတာ၊ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အသင့်အတင့်ပဲ စားမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေအတွက်ရော ဗိုက်ထဲက ဘေဘီလေးအတွက်ပါ ကောင်းကျိုးတွေ များလှပါတယ်။ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား!
ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ရပါတယ်။ အလွန်အကျွံတော့ မစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် မှာ မာလကာသီး စားပေးတာက ဘေဘီလေး နဲ့ မေမေမှာ အခုလို ကောင်းကျိုးတွေ ရရှိစေမှာပါ။- ဘေဘီလေးကို ဖွံ့ဖြိုးစေတယ်
- ဝမ်းချုပ်တာကို သက်သာစေတယ်
- ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးစေတယ်
- ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်
- ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကြွက်တက်တာကို သက်သာစေတယ်
- ကလေးရဲ့ အရိုးနဲ့ သွားတွေ ဖွံ့ဖြိုးစေတယ်
- ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်
Lotoshinn ရဲ့ စကားလက်ဆောင် မာလာကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို မိခင်ရော ကလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီးကို အသင့်အတင့် စားပေးမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းမာစေနိုင်တာကြောင့် လတ်ဆတ်တဲ့ မာလကာသီးကို သေချာသန့်စင်ဆေးကြောပြီး စားပေးလို့ ရပါတယ် လို့ သတင်းပါးချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!