ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ
ခါးနာတာက အတော်လေး ခံရခက်သလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ ခါးနာတာက နေ့စဉ်ဘဝမှာ အတော်ကို အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါ။ ဒီလိုမျိုး အလုပ်ပျက်ပြီး နေရခက်စေတဲ့ ခါးနာကို ဖြစ်စေနိုင်တဲ့ နေ့စဉ် လုပ်ဆောင်မိနေတဲ့ အလေ့အထတွေကတော့ -- အထိုင်များတာ
- ကိုယ်နေဟန်ထား မမှန်တာ
- ကိုယ်အလေးချိန် များနေတာ
- လေးလံတဲ့ အိတ်တွေသယ်တာ
- ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားတာ
- ကိုယ်လက်လှုပ်ရှားမှု မရှိတာ
- အလေးအပင် မတာ
- စိတ်ဖိစီးမှု များတာ
- ဆေးလိပ်သောက်တာ
Lotoshinn ရဲ့ စကားလက်ဆောင် ခါးနာတာက အတော်လေး နေရခက်စေပြီး စိတ်ပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်ဖြတ်တာတွေ လုပ်ပြီး အထိုင်များတာကိုလည်း လျှော့ချပြီး ခါးနာတာတွေ မဖြစ်အောင် ကာကွယ်လိုက်ပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!