ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းခဏခဏကိုက်နေတာ ဘာကြောင့်လဲ
အထွေထွေ

ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းခဏခဏကိုက်နေတာ ဘာကြောင့်လဲ

Admin

📅 24.05.2024

ခေါင်းကိုက်တာကို အချိန်မရွေး အသက်အရွယ်မရွေး ခံစားရနိုင်သလို အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ခံစားရနိုင်ပါတယ်။ နောက်ပြီး လူတော်တော်များများ ယူဆထားကြတာက ခေါင်းကိုက်တယ်ဆိုတာက လူကြီးတွေမှာပဲ ဖြစ်တတ်ပြီး ငယ်ငယ်ရွယ်ရွယ်မှာ ခေါင်းခဏခဏကိုက်နေတာ မျိုး မဖြစ်လောက်ဘူးလို့ပေါ့။

တကယ်ကတော့ အပေါ်မှာ ပြောခဲ့သလို ခေါင်းကိုက်တာက လူကြီးတွေရော လူငယ်တွေမှာပါ ခံစားရနိုင်ပါတယ်။ ဒါဆို ငယ်ငယ်ရွယ်ရွယ်မှာ ခေါင်းကိုက်တာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ငယ်ငယ်ရွယ်ရွယ်မှာ ခေါင်းခဏခဏကိုက်နေတာ ဘာကြောင့်လဲ

ငယ်ငယ်ရွယ်ရွယ်မှာ ခေါင်းကိုက်ရတာက အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်လို အကြောင်းအရင်းတွေလဲဆိုတော့

• စိတ်ဖိစီးတာ

• ရေဓာတ်ခမ်းခြောက်တာ

• ကွန်ပျူတာ အသုံးများတာ

• တီဗွီအကြည့်များတာ

• သီချင်းသံ ကျယ်ကျယ် နားထောင်တာ

• ဆေးလိပ်သောက်တာ

• အရက်သောက်တာ

• အစားစားချိန် မမှန်တာ

• အိပ်ရေးပျက်တာ

• အိပ်ချိန် ပြောင်းလဲတာ

• ခေါင်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်မိတာ

• ခရီးအကြာကြီး သွားရတာ

• ဓာတ်မတည့်တာ

• အချို့သော ဆေးဝါးတွေ

• အမြင်အာရုံ ပြဿနာတွေ

• အရက်သေစာ

• ပြုပြင်ထားတဲ့ အစားအစာတွေကြောင့် လူငယ်တွေမှာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်တာပါ။

ဆယ်ကျော်သက်လေးတွေမှာ ဟော်မုန်း ပြောင်းလဲတာတွေကြောင့်လည်း ခေါင်းခဏခဏကိုက်နေတာ ကို ဖြစ်စေနိုင်ပါတယ်။ မိန်းကလေးတွေမှာဆိုရင်တော့ ရာသီလာခါနီး အချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!