စမုန်ဖြူ (Thyme) ကောင်းကျိုးများ
စမုန်ဖြူမှာ ဗီတာမင် A၊ ဗီတာမင် C၊ Copper၊ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနိတို့ပါဝင်နေပါတယ်။ အာဟာရ ကြွယ်ဝသလို ထူးခြားတဲ့ အရသာကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ယနေ့တိုင် အသုံးပြုနေကြတဲ့ စမုန်ဖြူက အခုလို ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။- ဝက်ခြံ သက်သာစေတယ်
- သွေးပေါင်ချိန် ထိန်းပေးနိုင်တယ်
- သွေးတွင်းအဆီကျစေနိုင်တယ်
- ချောင်းဆိုးတာကို သက်သာစေနိုင်တယ်
- ကိုယ်ခံအားကောင်းစေတယ်
- ပိုးသတ်ပေးနိုင်တယ်
ဘယ်လို အသုံးပြုလို့ရလဲ
စမုန်ဖြူကို လတ်လတ်ဆတ်ဆတ်လည်း သုံးလို့ ရသလို အခြောက်ခံပြီးမှ သုံးလည်း ရပါတယ်။ အပွင့်နဲ့ ပွင့်ချပ်တွေထက် အရွက်လေးတွေနဲ့ အမြစ်ကိုလည်း သုံးပေးလို့ ရပါတယ်။ အသုံးပြုတဲ့အခါ ရေနွေးဆူဆူထဲကို ထည့်ပြီး သုံးလို့ ရပါတယ်။သတိထားစရာ ဘေးထွက်ဆိုးကျိုးများ
စမုန်ဖြူပင်က ဆေးဖက်ဝင်တဲ့ သဘာဝ အပင်တစ်မျိုးဖြစ်တယ်ဆိုပေမယ့်- ကိုယ်ဝန်ဆောင်နေချိန်နဲ့
- မိခင်နို့တိုက်ကျွေးနေရချိန်မှာ
- သွေးရောဂါ တစ်မျိုးမျိုးရှိနေတာ
- ခွဲစိတ်ကုသမှု ခံယူစရာ ရှိနေတာမျိုး
- ဓာတ်မတည့်ပြဿနာ ရှိနေတာမျိုး
- နာတာရှည် ရောဂါတွေ ရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!