စိတ်ပင်ပန်းဖိစီးတာက အိမ်ထောင်ဦးစီးတွေမှာပဲ ခံစားရတာလား!
ဒီလိုစိတ်ဖိစီးပင်ပန်းမှုကို အိမ်ရဲ့ဝင်ငွေအတွက် ပခုံးထမ်းထားရတဲ့သူတွေမှာပဲ ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ တစ်အိမ်လုံးကသူတွေ အဆင်ပြေပြေ လည်ပတ်နိုင်စေဖို့ နောက်ကွယ်ကနေ ထောင့်စေ့အောင် လုပ်ဆောင်ပေးနေရတဲ့ အိမ်ရှင်မတွေမှာရော မိသားစုဝင်အားလုံးလိုလိုမှာ သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးတာတွေကို ခံစားရတတ်ပါတယ်။ ဒီလို ဖိစီးမှုတွေက ဖြေလျော့ပေးတာမျိုး မရှိဘူးဆိုရင်တော့ မူးယစ်ဆေးသုံးစွဲတာကစလို့ ကိုယ့်အသက်ကိုယ် ရန်ရှာတာမျိုးအထိ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ခံစားနေရပြီဆိုရင်တော့ ကိုယ်တိုင်အရင်ဆုံး Self-Time လေးယူပြီး စိတ်လေးကို အနားပေးဖို့ လိုပါမယ်။စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ
စိတ်ပင်ပန်းလာတယ်ဆိုတာက စိတ်ဖျားနာလာတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကို ခံစားရတဲ့အခါ ပြန်ကျန်းမာလာဖို့ အနားယူရသလို စိတ်လေးဖျားနာတာကို သက်သာစေဖို့ စိတ်ကို အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းလာပြီဆိုရင် အခုလို နည်းလမ်းလေးတွေနဲ့ ကိုယ်ပိုင်ချိန်လေးယူပြီး စိတ်လေးကို အနားပေးလိုက်ပါ။- အတွေးတွေ အားလုံးကို ရပ်လိုက်ပါ
- စိတ်ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ပါ
- စိတ်အေးချမ်းမှုရစေမယ့် အရာလေးတွေ လုပ်ပါ
- စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးပါ
- နည်းပညာတွေနဲ့ ခေတ္တကင်းကွာနေလိုက်ပါ
- အိပ်ရေးဝဝအိပ်လိုက်ပါ
- လိုအပ်ရင် အကူအညီယူပါ
- စိတ်ခံစားမှု ကောင်းစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးပါ
- အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ခွဲခြားထားပါ
- လိုအပ်တဲ့ ကုထုံးခံယူပါ
Lotoshinn ရဲ့ စကားလက်ဆောင် စိတ်ပင်ပန်းလာတယ်ဆိုတာက စိတ်ဖျားနာလာတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကို ခံစားရတဲ့အခါ ပြန်ကျန်းမာလာဖို့ အနားယူရသလို စိတ်လေးဖျားနာတာကို သက်သာစေဖို့ စိတ်ကို အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းလာပြီဆိုရင် လုပ်လက်စ အလုပ်တွေကို နားလိုက်တာ၊ စိတ်ပျော်စေမယ့် စိတ်သက်သာရာရစေမယ့် အလေ့အထတွေကို လုပ်ပေးတာ၊ စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးတာမျိုး လုပ်ဖို့ လိုပါမယ်။ ဒီလို စိတ်ကို အနားပေးလိုက်မှ ဖျားနေတဲ့ စိတ်လေး ပြန်ကျန်းမာလာပြီး အာရုံစူးစိုက်မှုတွေ ပြန်ကောင်းလာမယ်။ စိတ်ပင်ပန်းမှုတွေ ပြေလျော့သွားပြီး စိတ်ရောကိုယ်ပါ ကျန်းမာလာမှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!