ဆန်တွေပိုးမတွယ်စေဖို့ ထိန်းသိမ်းနည်း
ဆန်တွေကို ဓာတုဆေးဝါးတွေသုံးပြီး ပိုးမတွယ်အောင် လုပ်လို့ရတယ်ဆိုပေမယ့် ဒါက ဘေးထွက်ဆိုးကျိုးတွေနဲ့ ကျန်းမာရေး ထိခိုက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေကို သုံးပြီး ဆန်ပိုးမတွယ် အောင် အခုလိုလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။- တမာရွက်အခြောက်ခံပြီး ထည့်ပါ
- ကြက်သွန်ဖြူတွေ ထည့်ပါ
- ပူဒီနာရွက်ထည့်ပါ
- ကရဝေးရွက်
- နာနတ်ပွင့်
- လေးညှင်းပွင့်
- ပျဉ်တော်သိမ်ရွက်
Lotoshinn ရဲ့ စကားလက်ဆောင် အပေါ်ကပြောတဲ့ နည်းလမ်းတွေနဲ့ ဆန်ပိုးမတွယ်အောင် လုပ်ဆောင်တဲ့အခါ အရွက်တွေကို သေချာခြောက်ခံဖို့ လိုပါမယ်။ အကြောင်းကတော့ အရွက်တွေက စိုထိုင်းထိုင်း ဖြစ်နေမယ်ဆိုရင်တော့ ဆန်တွေမှာ မှိုစွဲပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာ ကြောင့်ပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!