ဆီးချိုဆိုတာ ဘာလဲ!
ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအသောက်တွေ မှာပါတဲ့ သကြားဓာတ်ကို ချေဖျက်ဖို့ အင်ဆူလင်ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တာ ဒါမှမဟုတ် လုံးဝမထုတ်လုပ်နိုင်တော့တဲ့ အခြေအနေကို ဆိုလိုတာပါ။ ဆီးချိုမှာ မွေးရာပါ ဆီးချိုလို့ ဆိုရမယ့် အမျိုးအစား-၁ ဆီးချိုနဲ့ အရွယ်ရောက်ပြီးချိန်မှာ ဖြစ်ပေါ်ခံစားရတဲ့ အမျိုးအစား-၂ ဆီးချိုဆိုပြီး ရှိပါတယ်။ နောက်ထပ်တွေ့ရနိုင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဖြစ်သူမှာ ဖြစ်ပေါ်ခံစားရတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုပါ။ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!
ဆီးချိုရောဂါကြောင့် အသည်းထိခိုက်ပျက်စီးနေပြီဆိုရင်- အမြဲလိုလို ပင်ပန်းနေတာ
- မျက်သားတွေနဲ့ အသားတွေ ဝါနေတာ
- ဗိုက်အောင့်တာ
- ဆီးအရောင်ရင့်တာ၊ ဝမ်းအမည်းတွေ သွားတာ
- အစားစားချင်စိတ် မရှိဘဲ ကိုယ်အလေးချိန်ကျလာတာ
Lotoshinn ရဲ့ စကားလက်ဆောင် ဆီးချိုက နာတာရှည် ကျန်းမာရေးပြဿနာဆိုပေမယ့် ကုသမှုကို သေချာလေး ခံယူမယ်။ ဆေးကို ပုံမှန် သောက်မယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်း နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့နေနိုင်မှာပါ။ ဒါကြောင့် ဆီးချိုနောက်ဆက်တွဲအနေနဲ့ အသည်းထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြခဲ့တဲ့ လက္ခဏာတွေကို သေချာလေးစောင့်ကြည့်ပြီး လိုအပ်တဲ့ ကုသမှုကိုခံယူဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!