ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ
ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ ကတော့ - Myth 1 - ဆောင်းရာသီမှာ sunscreen လိမ်းစရာ မလိုဘူး Fact - တကယ်ကတော့ ဆောင်းရာသီမှာလည်း နေရောင်က ကျရောက်နေဆဲဖြစ်ပြီး ဒီနေရောင်ထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့ UVA ရော UVB တို့ပါ ပါဝင်နေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ မျက်နှာတင်မက လည်ပင်းနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းကို သေချာလေး လိမ်းပေးဖို့ လိုပါမယ်။ Myth 2 - ဆောင်းရာသီမှာ အသားခြောက်တတ်တဲ့သူတွေက texture ပျစ်တဲ့ lotion ကို လိမ်းဖို့ လိုပါမယ်။ Fact - ဆောင်းရာသီမှာ အသားခြောက်တတ်တဲ့သူတွေအနေနဲ့ ပုံမှန်ထက်ပိုပြီး texture ပျစ်တဲ့ lotion ကို လိမ်းစရာ မလိုသလို အစိုဓာတ်ထိန်းခရင်မ်တွေကို အများကြီး လိမ်းတာမျိုးလည်း မလိုပါဘူး။ ပုံမှန်အတိုင်းပဲ အစိုဓာတ်ထိန်းတဲ့ Lotion တစ်ခုခုကို တစ်နေ့ကို ၂ ကြိမ်ကနေ လိုအပ်သလို လိမ်းပေးလို့ ရပါတယ်။ Myth 3 - ဆောင်းရာသီမှာ နေ့တိုင်း ခေါင်းလျှော်ဖို့ လိုပါမယ်။ Fact - ဆောင်းရာသီမှာ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ခေါင်းလျှော်ပေးရင်ကို လုံလောာက်ပါပြီ။ ဆောင်းရာသီမို့ဆိုပြီး နေ့တိုင်း ခေါင်းလျှော်တာမျိုး လုပ်ဖို့ မလိုပါဘူး။ နောက်တစ်ခုက ခေါင်းလျှော်ရည်တွေကို အများကြီးသုံးတာမျိုး မလုပ်ဖို့လည်း လိုပါမယ်။ ခေါင်းလျှော်ရည် အပြင်းစားတွေကိုလည်း မသုံးပါနဲ့။ Myth 4 - ဆောင်းရာသီမှာ ရေနွေးနဲ့ ရေချိုး၊ ခေါင်းလျှော်တာကောင်းတယ်။ Fact - ဆောင်းရာသီမှာ ရေနွေးနဲ့ ရေချိုးတာ ခေါင်းလျှော်တာတွေက အချမ်းပြေစေတယ်လို့ ထင်စရာ ရှိပေမယ့် အသားအရေကို ခြောက်သွေ့စေနိုင်သလို ဆံသားတွေကို ခြောက်သွေ့ဖွာထွက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရေနွေးနဲ့ ရေချိုးတာ ခေါင်းလျှော်တာမျိုး မလုပ်ဘဲ ရေအေးနဲ့ပဲ ခပ်မြန်မြန်လေး ခေါင်းလျှော် ရေချိုးတာမျိုး လုပ်ပေးပါ။လိုတိုရှင်းရဲ့ စကားလက်ဆောင် ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှုကင်းစေဖို့ ရေချိုးတဲ့အခါ ခေါင်းလျှော်တဲ့အခါမျိုးမှာ ရေအေးကိုပဲ သုံးပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ လိုအပ်သလို Body lotion လိမ်းပေးပါ။ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ နေလောင်ကာခရင်မ် လိမ်းပါ။ လေတိုးခံရတာကို တတ်နိုင်သမျှ လျှော့ပါ။ ဒီလို လုပ်ပေးတာက ဆောင်းရာသီမှာ အရေပြား ပြဿနာ ကင်းစေမှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!