ဆောင်းရာသီမှာ ဝက်ခြံပိုထွက်နိုင်လား!
အထွေထွေ

ဆောင်းရာသီမှာ ဝက်ခြံပိုထွက်နိုင်လား!

Admin

📅 21.10.2025

ဆောင်းရာသီမှာ ဝက်ခြံပိုထွက်နိုင်လား! ဆိုတော့ အဖြေကတော့ ထွက်နိုင်တာပေါ့ လို့ပဲ ဆိုရပါမယ်။ ဘာကြောင့် ဆောင်းရာသီမှာ ဝက်ခြံပိုထွက်ရတာလဲဆိုတာနဲ့ ဆောင်းရာသီက အသားအရေကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်မှု ရှိနေလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ 

ဆောင်းရာသီမှာ ဝက်ခြံပိုထွက်နိုင်လား!

ဆောင်းရာသီမှာ ဝက်ခြံပိုထွက်ရတာက ဆောင်းရဲ့ အအေးဓာတ်ကြောင့် အရေပြား ခြောက်သွေ့နိုင်ခြေ ပိုများသလို ခန္ဓာကိုယ်က အဆီထုတ်လွှတ်မှုကလည်း အခြားရာသီတွေကထက် ပိုများပါတယ်။ ဒီလို အဆီတွေ ပိုထွက်ခြင်းကပဲ ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်သလို ဆဲလ်သေတွေ ဖုန်မှုန့်တွေ ကလည်း ချွေးပေါက်တွေမှာ ပိတ်ဆို့စေပြီး ဝက်ခြံတွေကို ဖြစ်စေပါတယ်။  နောက်တစ်ချက်ကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်က အရေပြားအပေါ်မှာရှိတဲ့ အရေပြားကို ကာကွယ် ပေးထားတဲ့ အလွှာတွေကို ပျက်စီးစေပြီး အရေပြားရောင်ရမ်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေ ပိုဖြစ်စေနိုင်သလို ဝက်ခြံ ဖြစ်နိုင်ခြေကလည်း ပုံမှန်ထက် ပိုများနေပါတယ်။  နောက်ထပ် အချက်တစ်ချက်ကတော့ ခပ်ပြင်းပြင်း အသားအရေသန့်စင်ဖို့အတွက် အသုံးပြုရတဲ့ ပစ္စည်းတွေကလည်း အရေပြားရဲ့ အပေါ်ယံက အကာအကွယ်အလွှာကို ပျက်စီးစေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်သလို အသားအရေကို ခြောက်သွေ့ပြီး ပိုးဝင်နိုင်ခြေ များစေပါတယ်။  ဆောင်းရာသီမှာ နေရောင်ခြည်ဗီတာမင်လို့ ဆိုရမယ့် ဗီတာမင် D ရရှိမှု နည်းတာကလည်း အရေပြား ကျန်းမာရေးကို ထိခိုက်စေပြီး ဝက်ခြံတွေကို ပိုဖြစ်စေနိုင်ပါတယ်။ နေထိုင်စားသောက်မှုပုံစံတွေကလည်း ဝက်ခြံတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဥပမာ ပြောပြရရင် ရေသောက်နည်းတာမျိုးပေါ့။ ဆောင်းရာသီမှာ ဝက်ခြံပိုထွက်နိုင်လား! ဆောင်းရာသီမှာ ဝက်ခြံပိုထွက်နိုင်လား! ဆောင်းရာသီမှာ ဝက်ခြံမထွက်စေဖို့  ဆောင်းရာသီမှာ ဝက်ခြံမထွက်စေဖို့နဲ့ ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်တိုင်းမှာ - 

  • ရေများများ သောက်ပါ - ဆောင်းရာသီမှာ အသားခြောက်တာ၊ အသားအရေ ခြောက်သွေ့ပြီး ဝက်ခြံထွက်တာကို မဖြစ်စေဖို့ နေ့စဉ်တိုင်းမှာ ရေကို လုံလောက်ပြည့်ဝအောင် သောက်သုံးပေးပါ။ 
  • အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ - နေ့စဉ်တိုင်းမှာ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက် လိမ်းပေးဖို့ လိုပါမယ်။
  • တဘက်နဲ့ သုတ်တာမျိုး မလုပ်ပါနဲ့ - ဆောင်းရာသီမှာ မျက်နှာသစ်တဲ့အခါမှာ တဘက်နဲ့ သုတ်တာမျိုး မလုပ်ဘဲ တစ်သျှူးစနဲ့ပဲ တို့ပြီး သုတ်ပေးပါ။ 
  • ရေနွေးနဲ့ မျက်နှာမသစ်ပါနဲ့ - မျက်နှာကို ရေနွေးနဲ့သစ်တာက အသားခြောက်စေပြီး ဝက်ခြံထွက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရေနွေးနဲ့ မျက်နှာသစ်တာမျိုးတွေ မလုပ်ပါနဲ့။ 
  • နေလောင်ကာခရင်မ်လိမ်းပါ - နေ့စဉ်တိုင်းမှာ အသားအရေကို နေရောင်နဲ့ ထိတွေ့မှုကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ နေ့စဉ်တိုင်းမှာ နေလောင်ကာခရင်မ် လိမ်းပေးပါ။
  • ရေနွေးငွေ့ခံပါ - အစိုဓာတ်ထိန်းပေးနိုင်စေဖို့ဆိုရင် နေထိုင်ရာ အခန်းထဲမှာ ရေနွေးငွေ့ခံစက်လေး ဖွင့်ထားပေးပါ။ ဒီလိုလုပ်တာကလည်း အသားအရေ ခြောက်သွေ့မှုကင်းစေပြီး ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် အသားအရေထိခိုက်တာကို လျှော့ချနိုင်မှာပါ။

ဒီနည်းလမ်းလေးတွေနဲ့ ဆောင်းရာသီမှာ အသားအရေကို သေချာလေး ဂရုစိုက်ပေးတာက ဆောင်းရာသီမှာ ဝက်ခြံထွက်တာကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာ ဖြစ်သလို အသားအရေကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင် ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာ၊ အသားတွေ နီမြန်းတာမျိုးကို ဖြစ်စေနိုင်ပြီး ဝက်ခြံတွေ ပိုထွက်စေနိုင်တာကြောင့် အလေ့အထ သေးသေးလေးတွေကအစ သေချာလေး ဂရုစိုက် လိုက်နာဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!