အခုနောက်ပိုင်းကာလတွေမှာ လူကြီးပိုင်းတွေမှာတင် မဟုတ်ဘဲ လူလတ်ပိုင်းတွေမှာပါ ဆံပင်တွေ ကျွတ်လာတာကို တွေ့ရများလာပါတယ်။ ဒီလို ဆံပင်ကျွတ်တာက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေ သလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေပေါ်မှာပါ သက်ရောက်မှု ရှိလာပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ သိသိသာသာ သက်ရောက်စေတဲ့ ဆံပင်ကျွတ်တာကို ဖြေရှင်းဖို့ဆိုရင် အကြောင်းအရင်းကို သေချာလေး သိဖို့ လိုပါမယ်။ လူတော်တော်များများက ဆံပင်ကျွတ်တာကို စိတ်ညစ်တယ်ဆိုပေမယ့် ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်း အမှန်ကို သေချာသိရှိ ဆင်ခြင်မိသူကတော့ နည်းမယ်ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်တိုင် သိရှိထားတဲ့ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းတွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်နိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။
ဆံပင်ကျွတ်ရခြင်းသတင်းအမှားများနဲ့ ချာလည်လည်နေတုန်းလား ဘရို!
တော်တော်များများ သိထားမိတဲ့ ဆံပင်ကျွတ်တာနဲ့ ပတ်သက်တဲ့ အယူအဆတွေက မှန်ရဲ့လား! သေချာလေး ဆန်းစစ်ကြည့်လိုက်စို့နော်။ Myth - 1 - ဦးထုပ်ဆောင်းလို့ ဆံပင်ကျွတ် ထိပ်ပြောင်သွားတာ အမှန်ကတော့ ဆံပင်ကျွတ်ရတာက ဦးထုပ်ဆောင်းလို့ မဟုတ်ပါဘူး။ ဦးထုပ်ဆောင်းတာက ဆံပင် မွေးညင်းအိတ်လေးတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို ဟန့်တားတာမျိုး မဖြစ်စေသလို ဆံပင်တွေကိုလည်း မကျွတ်စေပါဘူး။ ဆံပင်မွေးညှင်းအိတ်တွေက သွေးကြောတွေဆီကနေ အာဟာရတွေကို စုပ်ယူတယ်ဆိုပေမယ့် ဦးထုပ်ဝတ်တာကြောင့် ဆံပင်တော့ မကျွတ်ပါဘူး။ Myth - 2 - ခေါင်းနေ့တိုင်းလျှော်လို့ ခေါင်းလျှော်တာက တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်ဆိုရင် လုံလောက်ပါတယ်။ တကယ်လို့ ခေါင်းခဏခဏ လျှော်မယ်ဆိုရင်တော့ ခေါင်းလျှော်ရည်တွေကြောင့် ဆံသားကြမ်းတာ ဦးရေပြား ခြောက်သွေ့တာတွေကို ဖြစ်စေနိုင်ပါတယ်။ Myth - 3 - အသက် ၃၀ ကျော်မှာ ဆံပင်စကျွတ်မှ ထိပ်ပြောင်နိုင်တာပါ အသက် ၃၀ ကျော်မှာ ဆံပင်စကျွတ်မှ ထိပ်ပြောင်တာ မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်မှာ မဆို ဆံပင်ကျွတ်တာကို ခံစားရနိုင်ပြီး ဘယ်အရွယ်မှာ ဆံပင်စကျွတ်တာမျိုး ဖြစ်မယ်ဆိုရင်လည်း သေချာလေး မထိန်းသိမ်းဖြစ်ဘူးဆိုရင် ထိပ်ပြောင်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ Myth - 4 - ငယ်ငယ်က ခေါင်းမရိတ်လို့ ဆံပင်ကျွတ်များပြီး ထိပ်ပြောင်ရတာ မြန်မာမှာ တော်တော်များများ လက်ခံထားတဲ့ အယူအဆ တစ်ခုကတော့ ခေါင်းခဏခဏ ရိတ်ပေးမယ်ဆိုရင် ဆံပင်သန်စေမယ်လို့ပေါ့။ တကယ်ကတော့ ခေါင်းခဏခဏ ရိတ်ပေးတာက ဆံပင်မကျွတ်စေဖို့ မကာကွယ်ပေးနိုင်သလို ထိပ်မပြောင်စေဖို့လည်း မကာကွယ်ပေးနိုင်ပါဘူး။ Myth - 5 - မျိုးရိုးရှိမှ ထိပ်ပြောင်တာ မျိုးရိုးရှိမှ ထိပ်ပြောင်တာမျိုး မဟုတ်ဘဲ နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံရှိနေတာ၊၊ စိတ်ဖိစီးမှု များနေတာ၊ အာဟာရလုံလောက်မှု မရှိတာတွေကြောင့်လည်း ထိပ်ပြောင်စေနိုင်ပါတယ်။ Myth - 6 - လိင်မှုကိစ္စတွေ အရမ်းများလို့ ဆံပင်ကျွတ်ရတာ Testosterone level က အမျိုးသားတွေကို ထိပ်ပြောင်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခုပါ။ အမျိုးသားတွေမှာ လိင်မှုကိစ္စတွေ များနေတာ၊ ကိုယ်တွင်းမှာ testosterone ပမာဏ အရမ်းများနေတာတွေနဲ့ ဆံပင်ကျွတ်တာတွေ ကြားမှာ ဆက်စပ်မှု မရှိပါဘူး။ Myth - 7 - ဆံသားအတွက် သုံးရတဲ့ ပစ္စည်းတွေကြောင့် ဆံပင်ကျွတ်ရတာပါ အရည်အသွေးမကောင်းတဲ့ ဆံသားထိန်းသိမ်းမှု ပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာ၊ ဦးရေပြား မအီမသာ ဖြစ်တာတွေကိုပဲ ဖြစ်နိုင်တယ်ဆိုပေမယ့် ဒီဆံသားအတွက် သုံးရတဲ့ ပစ္စည်းတွေကြောင့် ထိပ်ပြောင်တာမျိုး မဖြစ်နိုင်ပါဘူး။ ကဲ … သိထားတာတွေ မှန်ရဲ့လား… ဘယ်နှခုလောက် မှန်ပြီး မှားနေလဲ …..
Lotoshinn ရဲ့ စကားလက်ဆောင် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ မျိုးဗီဇကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ရလာတာ၊ ဟော်မုန်းပြဿနာတွေနဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဆံပင်ကျွတ်တာ ထိပ်ပြောင်တာတွေကို ဖြစ်စေတာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!