ဉာဏ်ပွင့်နဲ့ဉာဏ်ရွက်က အခုလို ဆေးဖက်ဝင်ပါတယ်။ အသက်ရှူလမ်းကြောင်းကျန်းမာစေတယ် အစာအိမ်အးလမ်းကြောင်းကျန်းမာစေတယ် အရေပြားကျန်းမာစေတယ် အဖျားသက်သာစေတယ် ရာသီလာချိန်နာကျင်ကိုက်ခဲတာကို သက်သာစေတယ် မျိုးအောင်စေနိုင်တယ် သွေးတွင်းသကြားဓာတ်ထိန်းပေးတယ် အမြင်အာရုံကောင်းစေတယ် ဆီးရွှင်စေတယ် ဆံပင်ပေါက်စေတယ်ဉာဏ်ပွင့်ကို သုပ်စားလို့ရသလို ဉာဏ်ရွက်ကိုလည်း သုပ်စား တို့စားကြတာမျိုးတွေ ရှိပါတယ်။ ဒီလို အမျိုးမျိုး စားသုံးကြတဲ့ ဉာဏ်ပင်ကိုစားရင် ဉာဏ်ကောင်းစေမလားဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။
ဉာဏ်ပင် ဆိုတာ
ဉာဏ်ပင်ဆိုတာက အရွက် စိမ်းစိမ်း၊ ရွက်ဆိုင်ထွက်တဲ့ အရွက်တွေနဲ့ အပွင့်ဝါဝါလေးတွေ ပွင့်တတ်တဲ့ အပင်တစ်မျိုးပါ။ အာရှဒေသတွေဖြစ်ကြတဲ့ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပေါက်ရောက် ကြပါတယ်။ အာရှအစားအသောက်တွေထဲမှာလည်း ထည့်သွင်းပြင်ဆင် စားသုံးလေ့ရှိကြပါတယ်။ အလေ့ကျပေါက်ပင် တစ်မျိုးဖြစ်ပြီး စပါးခင်းတွေထဲမှာလည်း စပါးရိတ်ပြီးချိန်တွေမှာ အလေ့အတိုင်း ပေါက်တတ်ပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဉာဏ်ပင်၊ ဉာဏ်ပွင့်စတာတွေကို ပိုးသတ်ဖို့၊ အရေပြား ကျန်းမာစေဖို့၊ သွေးတွင်းသကြားဓာတ်ထိန်းနိုင်စေဖို့၊ အကိုက်အခဲသက်သာပြီး အရောင်ကျစေဖို့ အသုံးပြုကြပါတယ်။ https://lotoshinnlifestyle.com/jambolan-benefits/ဉာဏ်ပင် ဉာဏ်ကောင်းစေသလား!
ဉာဏ်ပင် ဉာဏ်ကောင်းစေသလား! ဆိုတော့ ဉာဏ်ပင်က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင် ပါတယ်။- အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
- အရေပြား ကျန်းမာစေတယ်
- အဖျားသက်သာစေနိုင်တယ်
- ရာသီလာချိန်နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
- မျိုးအောင်နိုင်စွမ်းတိုးစေတယ်
- သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်
- အမြင်အာရုံ ကောင်းစေတယ်
- ဆီးရွှင်စေတယ်
- ဆံပင်ပေါက်စေတယ်
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!